• Today is: Sunday, February 25, 2024

မြန်မာ့သူငယ်နာ၊ မြန်မာ့ပြည်ထောင်စု

မြန်မာ့သူငယ်နာ၊ မြန်မာ့ပြည်ထောင်စု

ဖက်ဒရယ်ဂျာနယ် ( ၂၅ – စက်တင်ဘာ – ၂၀၂၁)
 
 
လွန်ခဲ့သောလေး၊ငါးနှစ်ကဖြစ်သည်။လူပျိုပေါက်အရွယ် သားနှင့်တူများနှင့် ပြည်မြို့အနီး မှော်ဇာ က သရေခေတ္တရာမြို့ဟောင်းကြီးကိုရောက်တော့ သူတို့တစ်ခါမှမမြင်ဖူးသော မီးပြောင်းအလုံး ပုံစံစေ တီ များကို မြင်ရကာ ခေတ်သစ်စေတီပုံစံနှင့်လုံးဝကွဲပြားနေသဖြင့် အံ့အားသင့်ကြသည်။
 
သရေခေတ္တရာမြို့ရိုးရှေ့သို့အရောက် ‘ဒါ၊ပုဂံထက်နှစ်ပေါင်း ၅၀၀ ကျော်စောတဲ့မြို့တော်ဟောင်းကြီး’ ဟု ပြောပြခဲ့ရာ သူတို့ပိုအံ့သြကြပြန်သည်။သူတို့နားလည်ထားတာက မြန်မာ၏အစသည် ဗမာ၊မြန်မာ၏အ စသည်ပုဂံ။သူတို့ကိုယ်တိုင်ကလည်း ပုဂံသို့ရောက်ဖူးပြီးပုဂံ၏ကြီးကျယ်ခမ်းနားမှုကို မြင်ခဲ့ဖူးသဖြင့် ပုဂံထက် များစွာပိုစောသည်ဆိုသော သရေခေတ္တရာအကြောင်းကြားရတော့ မယုံချင်။ သူတို့သင်ကြားနေရသော သ မိုင်းသင်ရိုးကလည်း ပုဂံကိုထိပ်မှာထားကာ ပုဂံ၏ဟိုဘက်ကို ခပ်မှိန်မှိန်ပြဌာန်း ထားသဖြင့် သူတို့၏သံသယ မှာ သဘာဝကျလာသည်။ကျနော်ကိုယ်တိုင်သည်လည်း လူငယ်အရွယ်နှစ်အ တန်ကြာသည့်တိုင် ပုဂံ၏ ဟို ဘက် ကြီးကျယ်ခမ်းနားမှုများကို မမြင်။ကျနော်ဖြတ်သန်းသင်အံခဲ့ရသောသင် ရိုးသည်လည်း ပုဂံသည် မြန် မာအစ မြို့ပြနိုင်ငံကြီးလိုလို။ပြီးခဲ့သည့်စစ်အစိုးရလက်ထက်တစ်လျှောက်လုံး ပုဂံသည် မြန်မာ့ပထမ ပြည်ထောင်စုဟု ဟစ်ကြွေးသံကလည်း မကြာခဏဆိုသလို ကျယ်လောင်လွန်းလှသည်ဆိုတော့ သရေခေ တ္တ ရာမှာ ရှိခဲ့သည်ဆိုရုံမျှထက်မပို။
 
ယနေ့မြန်မာနိုင်ငံထဲသို့ အစောဆုံးရောက်ရှိခဲ့သူများမှာ နာဂ၊သက်နှင့်ကဒူးတို့ဖြစ်သည်။သူတို့ပြီး နောက်မြန်မာနိုင်ငံတွင်း ရောက်ရှိအခြေချသူများမှာ ပျူနှင့်မွန်။မြန်မာနိုင်ငံအောက်ပိုင်းတွင် မွန်မတိုင်မီက ယက္ခလူမျိုးတို့ နေထိုင်ခဲ့သေးသည်။ထားတော့။
 
ပျူသည်တိဗက်မြန်မာအနွယ် ဝင် တင်မက ဗမာနှင့်အမျိုးနီးစပ်ကြောင်း သိရသည်။ပျူတို့သည် ခရစ်နှစ်ဦးပိုင်းက မြန်မာ-တရုတ်နယ်စပ် ယုန်ချန်၏အနောက်ဘက်တွင် ကာလရှည် ကြာနေထိုင်ခဲ့ကြ သည်။မြန်မာ-တရုတ်နယ်စပ်တွင်မနေခင် ပျူတို့၏မူလအစကိုမူ မသိ။မည်သို့သောအ ကြောင်းကြောင့် မြန်မာ-တရုတ်နယ်စပ်သို့ ရောက်ရှိခဲ့ပြီး မည်သို့သောအခြေအနေများကြောင့် မြန်မာနိုင်ငံ တွင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်ကိုလည်း မသိ။မြန်မာနိုင်ငံတွင်းသို့ ပျူတို့ရောက်ရှိလာသည်မှာ ၃ရာစုလောက်က ဟု ပညာရှင်တို့ခန့်မှန်းကြသည်။
 
ပျူတို့မြန်မာနိုင်ငံတွင်းဝင်ရောက်လာပြီးနောက် မည်သို့မည်ပုံကြီးပွားတိုး တက်လာသည်ဆိုသော အထောက်အထားများမတွေ့ခဲ့သော်လည်း ပျူတို့နန်းစိုက်ရာ သရေခေတ္တရာမြို့ကြီးကို ၄ရာစုထက်မစော နိုင်ဟုသမိုင်းပညာရှင်တို့ကခန့်မှန်းသည်။
 
ပျူမြို့တော် သရေခေတ္တရာကဲ့သို့ ကြီးကျယ်ခမ်းနားပြီးယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသောမြို့ တစ်မြို့ရှိသေးသည်။ယင်းမှာ ပြည်မြို့နှင့်သိပ်မဝေးသော တောင်တွင်းကြီးမြို့အနောက်မြောက်ဘက် ၁၁မိုင် ခန့်အကွာက ဗိဿနိုးမြို့ဖြစ်သည်။ဗိဿနိုးမြို့ဟောင်းတူးဖော်ရာက တွေ့ရှိသောမီးသွေးကို ရေဒီယိုကာ ဗွန် နည်းဖြင့်စစ်ဆေးခဲ့ ရာ ယခင်နှစ်ပေါင်း၁၈၀၀၀န်းကျင်၊တစ်ရာစုခန့်က မြို့မီးလောင်ပျက်စီးခဲ့ကြောင်းအ ဖြေ ထွက်ခဲ့သည်။ဆိုတော့ အ စဉ်အလာပြောစကားအရ နားလည်ခဲ့ကြသလို သရေခေတ္တရာနှင့်ဗိဿနိုး တို့ သည် ခေတ်ပြိုင်မဟုတ်ဘဲ ဗိ ဿနိုးသည် သရေခေတ္တရာထက် နှစ်ပေါင်းသုံး၊လေးရာကျော်စောခဲ့သည်။ ထို့ပြင် ဗိဿနိုးမြို့သားတို့မှာ ပျူတို့မဟုတ်တာသေချာသော်လည်း မည်သည့်လူမျိုးတို့နေထိုင်ခဲ့ကြသည်ကို မသဲကွဲပေ။
 
သရေခေတ္တရာတွင်နန်းစိုက်ကာ ပျူနိုင်ငံတော်ကြီးအဖြစ် ကြီးကျယ်ခမ်းနားခဲ့သည်မှာ ၄ရာစုမှ၉ရာ စုအထိဖြစ်သည်။ပျူစီရင်စု၃၂နယ်၊တပ်မြို့၉မြို့၊နယ်မြေအကျယ်အဝန်း သီပေါကနေ မုတ္တမထိတိုင်။အရှေ့ ဘက်ဆို ဗီယက်နမ်၊အနောက်ဘက် အိန္ဒိယ၊မြောက်ဘက် တရုတ်၊တောင်ဘက် အင်ဒိုနီးရှားထိတိုင် ကုန် သွယ်မှုဆက်ဆံရေးရှိခဲ့သောနိုင်ငံ။ပျူစာ၊ပျူဘာသာစကားဆိုသည်မှာလည်း အခိုင်အမာ။တီးမှုတ်ကခုန် တူ ရိယာအစုံအလင်။ကိုးကွယ်ယုံကြည် မှုတွင် ဗုဒ္ဓဘာသာကို ကျမ်းဂန်နှင့်တကွကျကျနနတတ် မြောက် ကိုး ကွယ်ခဲ့ကြောင်း တူးဖော်တွေ့ရှိချက်များက သက်သေခံခဲ့သည်။ထို့ပြင်ကိုးကွယ်မှုတွင် နတ်ကိုးကွယ်မှု လည်း ရှိ၊မဟာယာနနှင့်ဟိနယာနရောထွေးမှု လည်းရှိ၊ဗြာဟ္မဏဝါဒလည်းရှိပြီး ကိုးကွယ်မှုဆိုင်ရာအပြန်အ လှန်ရန်လိုမှုကင်းပြီး လွတ်လပ်စွာကိုးကွယ်ခဲ့ ကြသည်။
 
တရုတ်တို့မှတ်တမ်းတင်ခဲ့သောပျူရာဇဝင်ထဲတွင် ပျူမြို့တော်အတွင်း ဗုဒ္ဓဝါဒီဘုန်းကြီးကျောင်း ၁၀၀ ကျော်ရှိသည်ဟုဆိုသည်။ပျူသားသမီးတို့ ကိုအသက်၇နှစ်ပြည့်လျှင် ခေါင်းတုံးရိတ်ကာ ဘုန်းကြီး ကျောင်း သို့ပို့ပြီး အသက်၂၀ပြည့်ပြီးနောက် ဆန္ဒရှိလျှင်သာသနာ့ဘောင်၌ ဆက်နေ၊ဆန္ဒမရှိလျှင်လူဝတ်လဲ ၍ မိဘရပ်ထံပြန်။ထို့ပြင် ပျူလူမျိုးတို့သည် သူ့အသက်ကိုမသတ်လိုသဖြင့် ပိုးထည်ကိုမသုံးဟုသိရသည်။ ထို့ကြောင့်ပျူလူမျိုးတို့၏ ဗုဒ္ဓဘာသာကိုးကွယ်မှုမှာ လေးနက်မှုရှိကြောင်းပညာရှင်တို့က ကောက်ချက်ချ သည်။
 
ထိုသို့ ပိုင်နက်နယ်မြေကျယ်ဝန်းမှုလည်းရှိ၊ယဉ်ကျေးမှု၊ကိုးကွယ်မှု၊ဘာသာစကားအရေး၊အဖတ် အခိုင်အမာရှိပြီး နိုင်ငံတကာနှင့်ပင် ကူးလူးဆက်ဆံခဲ့ခြင်းအရ သရေခေတ္တရာပျူနိုင်ငံတော်ကြီးကို မြန်မာ နိုင်ငံ ၏ပထမပြည်ထောင်စုအဖြစ် သမိုင်းပညာရှင်တို့က သတ်မှတ်ခဲ့သည်။
 
ထိုသို့ကြီးကျယ်ခမ်းနားခဲ့သော မြန်မာ့ပထမပြည်ထောင်စုကြီးသည် ၈ရာစုခန့်တွင် ကရင်တို့ နှောက်ယှက်မှုကြောင့် နိုင်ငံရေးဆုတ်ယုတ်ခဲ့ပြီး အေဒီ၈၃၂ခုတွင် တရုတ်နန်ကျောင်တို့တိုက်ခိုက်သဖြင့် ပျက်စီးခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံအောက်ပိုင်းရှိ မိကြင်နိုင်ငံဟုခေါ်သော မွန်မြို့တော် (ဟင်္သာတောင်ရိုး၏ အရှေ့ဘက်ရှိရှေးပဲခူးမြို့ဟောင်းဖြစ်နိုင်ဟု ပါမောက္ခဂျီအိပ်ချ်လုစ်ဆို)သည်လည်း အေဒီ ၈၃၅တွင် နန် ကျောင်တို့ တိုက်၍ ပျက်သည်။
 
မြန်မာနိုင်ငံတွင်း ပထမပြည်ထောင်စုအဖြစ် ပျူတို့ကြီးပွားနေချိန်တွင် ဗမာတို့အခြေချနေထိုင်ရာအ ရပ်မှာ တရုတ်၊ယူနန်၌ဖြစ်ပြီး သြဇာကြီးလှသော နန်ကျောင်တို့လက်အောက်ခံဖြစ်သည်။နန်ကျောင်တို့၏ ကျူးကျော်စစ်တိုင်းတွင် ဗမာသည်အသေခံတပ်သားများအဖြစ် အမှုထမ်းရသည်။ထို့ကြောင့် သရေခေ တ္တ ရာနှင့်မိကြင်နိုင်ငံကို တိုက်ခိုက်ရာတွင်လည်း ဗမာတို့ပါခဲ့ပြီး မြန်မာ့ပထဝီအနေအထားနှင့် သရေခေတ္တရာ ၊ဟန်လင်းနှင့်မိကြင်နိုင်ငံတို့အလွန် ကြီးစိုးသူမဲ့နေသော မြန်မာနိုင်ငံတွင်းအခြေအနေကို သိရှိခဲ့သည်။
 
ထို့ကြောင့် နန်ကျောင်တို့သြဇာကျဆင်းလာသော ၉ရာစုခန့်တွင် နန်ကျောင်လက်အောက်ခံဘဝမှ ရုန်းထွက်လိုသောဗမာတို့သည် ရှမ်းပြည်နယ်မှသည် နတ်ထိပ်တောင်ကြားလမ်းအတိုင်း ကျောက်ဆည်သို့ အပြင်းနှင်ကာ ကျောက်ဆည်ဝန်းကျင်ကို ခြေမြန်လက်မြန်သိမ်းပိုက်ခဲ့သည်။
 
ဗမာတို့ကျောက်ဆည်သိမ်းချိန်တွင် ကျောက်ဆည်ဝန်းကျင်အရပ်များ၌ ပျူ၊မွန်၊သက်နှင့်ပလောင်( ပေါင်လောင်)တို့ရှိသည်။ဗမာတို့ယူနန်သို့မရောက်လာမီ မူလဗမာတို့သည် ယဉ်ကျေးမှုအခိုင်အမာရှိခဲ့သော် လည်း တရုတ်ရန်ကြောင့် နှစ်များစွာကြာ နေရာအတည်တကျမရှိခြင်းနှင့်ယူနန်သို့အရောက် နန်ကျောင် လက်အောက်ခံအဖြစ် စစ်ပွဲများတွင်ပါဝင်ခဲ့ရခြင်းများအရ ယဉ်ကျေးမှုအရာ၌ ဘာမှမကျန်အောင် ခေါင်းပါး ခဲ့သည်။
 
ထို့ကြောင့် ဗမာတို့ကျောက်ဆည်ရောက်ချိန်တွင် သတ်ရဲဖြတ်ရဲပြီးစစ်ရေးကျွမ်းကျင်ခြင်း၊ နတ်န ဂါးအယူနှင့်ယဇ်ပူဇော်ခြင်းအလေ့သာ ပါလာခဲ့သည်။ခုခံအင်အားသိပ်မရှိသောကျောက်ဆည်ကို ဗမာတို့အ လွယ်တကူသိမ်းယူနိုင်ခဲ့သည်။ထို့နောက် စိတ်ချရသော လုံခြုံရေးဖြစ်အောင် အချိန်တစ်ခုယူရသည်။လုံး၀ အထိုင်ကျရုံတင်မက သက်သောင့်သက်သာရှိပြီဆိုသောအချိန်တစ်ခုကိုရောက်တော့ ဖွံ့ဖြိုးမှုဖြစ်စဉ် အတိုင်း ယဉ်ကျေးမှုဖွံ့ဖြိုးရေး အပေါ်အာရုံစိုက်တော့သည်။
 
ယဉ်ကျေးမှုပြုစုပျိုးထောင်ခြင်းဆိုသည်မှာ နှစ်များစွာကြာ အချိန်ယူရသည်။ဗမာနှင့်မျိုးရင်းတူ ပျူနှင့် သက်။မျိုးကွဲ မွန်နှင့်ပလောင်တို့ထံမှ စိုက်ပျိုးရေးပညာနှင့်သိမ်မွေ့သောဗုဒ္ဓဝါဒကိုရရှိခဲ့သည်။ပြောရလျှင် ဗမာ တို့၏အဓိကယဉ်ကျေးမှုဆရာမှာ ပျူနှင့်မွန်တို့ဖြစ်သည်။
 
အေဒီ ၁၀၀၀ ခန့်တွင် ဗုဒ္ဓသာသနာက နတ်နဂါးအယူအဆကို အနိုင်ရကာ မင်းရောပြည်သူပါ ဗုဒ္ဓဝါဒီ များဖြစ်လာကြသည်။ဗုဒ္ဓသာသနာက စစ် သွေးကြွဗမာတို့ကို နူးညံ့သိမ်မွေ့သောဗမာများဖြစ်အောင်ပဲ့ပြင်ခဲ့ သည်။အနော်ရထာဟုခေါ်ကြသော အနိရုဒ္ဓဘုရင် (ခရစ်နှစ်၁၀၄၄-၁၀၇၇) လက် ထက်တွင် ဗမာတို့ ပြိုင်ဘက် ကင်းဖွံ့ဖြိုးလာခဲ့သည်။ပျူတို့တည်ထောင်ခဲ့သောပြည်ထောင်စုမျိုးကို အနိရုဒ္ဓမင်းကြီးလက်ထက် ခရစ်နှစ်၁၁ ရာစုနှစ် နှစ်လယ်ခန့်တွင် တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။
 
ပြောရလျှင် မြန်မာနိုင်ငံတွင် ဗမာတို့ရောက်ရှိလာချိန်တွင် ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် ရောက်ရှိလာ ခဲ့ခြင်းမဟုတ်ဘဲ ရှိနှင့်ပြီးလူမျိုးတို့ထံမှ ယဉ်ကျေးမှုကို ဆက်ခံခဲ့ခြင်းသာဖြစ်ပြီး အနိရုဒ္ဓမင်းကြီးလက်ထက် အထွတ်အထိပ်ရောက်ရှိမှုမှာ မြန်မာ့မြေပေါ်ဒုတိယအကြိမ်မြောက် မြန်မာ့ဒုတိယပြည်ထောင်စုသာ ဖြစ်သည်။
 
သို့သော်၊ကျနော်တို့သင်ယူခဲ့ရသောသမိုင်းသင်ရိုးတို့က ဗမာထက်နှစ် ၅၀၀ ကျော်စောကာ ပြည် ထောင်စုအဆင့်ပျူတစ်ခေတ်ကိုမှေးမှိန်စေကာ ဗမာမှဗမာဟူ၍ အစစအရာရာကိုဗမာကစတင်လေဟန်ဖြင့် မောင်ဦးလုပ်တော့သည်။
 
အနိရုဒ္ဓမင်းကြီးလက်ထက်မှစတင်ကာ မြန်မာနိုင်ငံအတွင်း ဗမာသည် အင်အားကြီးထွားလာရုံတင် မက အုပ်ချုပ်သူဗမာဘုရင်အဖြစ် ဘုရင်အဆက်ဆက် ထီးနန်းစိုက်နိုင်ခဲ့ခြင်းနှင့် သမိုင်းကိုလူမျိုးရေးအမြင် ဖြင့် ချဉ်းကပ်ခဲ့ခြင်းများအရ မြန်မာနိုင်ငံသမိုင်းသည် အရှိအတိုင်းမဟုတ်ဘဲ လိုသလိုကြီးပြီးလိုသလိုမှိန်ဖျော့ စေခဲ့သည်။ယင်းမှာ ဗမာလူမျိုးကြီးဝါဒ၏ သက်ရောက်မှုဖြစ်သည်။
 
ထို့ပြင်သမိုင်းဆိုသည်မှာ အရှိအတိုင်းဖြင့် ရှိခဲ့ဖြစ်ခဲ့သောအရာများထံမှ သင်ခန်းစာယူတတ်ရန်ဖြစ် ကြောင်းအလေးအနက်ခံယူတတ်ရန်လိုပေသည်။သို့မဟုတ်ပါက အတိတ်သမိုင်းကိုပြန်ကြည့်ကာ ပူဆွေး ငိုကြွေးခြင်း၊ အခဲမကြေခြင်းနှင့်ရန်လိုခြင်းတည်းဟူသော သမိုင်း ကို သင်ယူခြင်းအဓိပ္ ပါယ်နှင့်ပြဒါးတစ် လမ်း သံတစ်လမ်းသို့ ရောက်ရှိသွားနိုင်ပါသည်။
 
ရောက်နေသောနေရာမှ အတိတ်ခေတ်သမိုင်းများကို အမှန်အတိုင်းရှုမြင်ကာ သင်ခန်းစာယူတတ်မှ သာလျှင် သူငယ်နာမစင်မှုများမှ ရုန်းထွက်ကာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ပေ မည်။
 
 
မင်းကိုမင်း