• Today is: Sunday, May 26, 2024

ကုလသမဂၢအေထြေထြညီလာခံၿပီးတဲ့ေနာက္

ကုလသမဂၢအေထြေထြညီလာခံၿပီးတဲ့ေနာက္

(၇၆) ႀကိမ္ေျမာက္ကုလသမဂၢအေထြေထြညီလာခံကို ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလအတြင္းမွာ က်င္းပခဲ့ပါတယ္။ ညီလာခံမစတင္မီကတည္းက ျမန္မာျပည္သူေတြက ညီလာခံမွာ စစ္ေကာင္စီအစိုးရကို အသိ အမွတ္ျပဳမွာလား၊ အန္ယူဂ်ီအစိုးရကို အသိအမွတ္ျပဳမွာလားဆုိၿပီး စိတ္၀င္စားမႈေတြရွိခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္၀ါရီလ စစ္အာဏာသိမ္းၿပီးကတည္းက ကုလသမဂၢရုံးခ်ဳပ္မွာ ျမန္မာႏုိင္ငံဆုိင္ရာ သံအမတ္ႀကီးအျဖစ္ ဦးေက်ာ္မုိးထြန္းက တာ၀န္ယူေနဆဲျဖစ္ပါတယ္။ အားလုံးသိတဲ့အတုိင္း ဦးေက်ာ္မုိးထြန္းဟာ အန္ယူဂ်ီအစိုးရကို ကိုယ္စားျပဳၿပီး ျမန္မာသံအမတ္ႀကီးအျဖစ္ ဆက္လက္တည္ရွိေနတာပါ။ က်င္းပဆဲအေထြေထြညီလာခံမွာေတာ့ စစ္ေကာင္စီအစုိးရနဲ႔ အန္ယူဂ်ီအစိုးရကို တစ္ခုခုအသိအမွတ္ျပဳဖို႔ ႏုိ၀င္ဘာလအထိေရႊ႕ဆုိင္းခဲ့ၿပီး စိစစ္ေရးေကာ္မတီကို ဖြဲ႕စည္းတာ၀န္ေပးအပ္ခဲ့ပါတယ္။

အေထြေထြညီလာခံမွာ ျမန္မာကိုယ္စားလွယ္အျဖစ္ ဦးေက်ာ္မုိးထြန္းကိုသာ တက္ေရာက္ခြင့္ေပးခဲ့ၿပီး စစ္ေကာင္စီခန္႔သံအမတ္ႀကီးတက္ေရာက္ခြင့္မရွိတဲ့အျပင္ စစ္ေကာင္စီကိုယ္စားလွယ္ႏုိင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္လည္း တက္ေရာက္မိန္႔ခြန္းေျပာခြင့္မရရွိခဲ့ပါဘူး။ သည္ကိစၥနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ဒါဟာ ကုလသမဂၢရဲ႕အလုပ္သာျဖစ္ၿပီး သူတုိ႔အစိုးရအေနနဲ႔ကေတာ့ လုပ္စရာရွိတာဆက္လုပ္သြားမယ္” ဆုိေပမယ့္လည္း ျမန္မာျပည္သူေတြအတြက္ေတာ့ အားေဆးတစ္ခြက္ ျဖစ္ခဲ့ပါတယ္။

စက္တင္ဘာလ (၂၄) ရက္ ညီလာခံမွာ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္က မိန္႔ခြန္းေျပာၾကား ရာမွာ ျမန္မာႏုိင္ငံရဲ႕ႏုိင္ငံေရးအက်ပ္အတည္းကို ကမၻာ့ႏုိင္ငံမ်ားအေနျဖင့္ ပူးေပါင္းေဆာင္ရြက္သင့္ၿပီ ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသြားပါတယ္။ အေမရိကန္သမၼတဂ်ဳိးဘုိင္ဒန္ကလည္း ျမန္မာအပါအ၀င္ ႏုိင္ငံတကာက ျပႆနာေတြကို သံတမန္ေရးနည္းလမ္းေတြနဲ႔ အျပင္းအထန္ႀကဳိးပမ္းမယ့္အေၾကာင္း ကုလညီလာခံမိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားသြားပါတယ္။

အေရွ႕ေတာင္အာရွ (အာဆီယံ)ႏုိင္ငံေတြထဲက အင္ဒိုနီးရွား၊ မေလးရွား၊ ထုိင္းႏုိင္ငံ အစိုးရေခါင္းေဆာင္ ေတြကလည္း ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္ေၾကာင္း ကုလသမဂၢညီလာခံမွာ ေျပာၾကားသြားပါတယ္။ မေလးရွား၀န္ႀကီးခ်ဳပ္ အစ္စေမးဆာဘရီက “ျမန္မာႏုိင္ငံရဲ႕အေျခအေနဟာ အထူးစိုးရိမ္စရာေကာင္းေနဆဲျဖစ္ပါ တယ္။ ျမန္မာျပည္သူေတြရဲ႕ဆႏၵနဲ႔ အက်ဳိးစီးပြားကို ေလးစားဖို႔ ဘယ္ေလာက္အေရးႀကီးတယ္ဆုိတာကို မေလးရွားက ျပည့္စုံေအာင္ထုတ္မျပႏုိင္ဘဲကိုျဖစ္ေနပါတယ္။ အထူးသျဖင့္ ျမန္မာႏုိင္ငံမွာ ရင္ဆုိင္ေနရတဲ့ ႀကီးမားတဲ့စိန္ေခၚမႈေတြအတြက္ ၿငိမ္းခ်မ္းတဲ့အေျဖရွာႏုိင္ဖုိ႔ လိုေနတာပါ။ ျမန္မာႏုိင္ငံအတြင္း လူ႔အခြင့္အရး အေျခအေနအတြက္ မေလးရွားက အထူးစိုးရိမ္ေနတာနဲ႔အတူ ဒါဟာ ႏုိင္ငံအတြင္းက်န္းမာေရးေစာင့္ေရွာက္မႈ စနစ္ မရွိသေလာက္ျဖစ္ေနမႈေၾကာင့္ ပိုဆုိးလာဖုိ႔ပဲရွိပါတယ္။ ဒါေၾကာင့္ လိုအပ္ေနတဲ့သူေတြကို အကူအညီေပး ႏုိင္ဖုိ႔လိုပါတယ္” လို႔ ကုလညီလာခံမွာ ေျပာၾကားသြားခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္က ကုလသမဂၢမွာ မိန္႔ခြန္းေျပာၾကားရာမွာလည္း ႐ိုဟင္ဂ်ာဒုကၡသည္ ျပႆနာဟာ ၅ ႏွစ္ၾကာရွိလာေပမယ့္ ႏုိင္ငံတကာအသိုင္းအ၀ိုင္းက ၀ိုင္း၀န္းကူညီၾကဖို႔ ေျပာၾကားသြားပါတယ္။ လက္ရွိျမန္မာႏိုင္ငံရဲ႕ႏုိင္ငံေရးအေျခအေနေၾကာင့္ ႐ိုဟင္ဂ်ာအေရးမေရမရာျဖစ္ေနေပမယ့္လည္း ေရရွည္ ေျပလည္မယ့္ နည္းလမ္းေတြကို ႏုိင္ငံတကာအသိုင္းအ၀ုိင္းက အာ႐ုံစုိက္ၿပီး တက္တက္ၾကြၾကြ၀ုိင္း၀န္း ကူညီေျဖရွင္းၾကဖို႔ ေမွ်ာ္လင့္ေၾကာင္းကိုလည္း ေျပာၾကားသြားပါတယ္။

ကုလညီလာခံမွာ စစ္ေကာင္စီေၾကညာခ်က္ထုတ္ၿပီး ကန္႔ကြက္ခဲ့ရတဲ့ျဖစ္ရပ္တစ္ခုရွိခဲ့ပါတယ္။ ကုလ ညီလာခံထဲက အစီအစဥ္တစ္ခုျဖစ္တဲ့ R2P အစည္းအေ၀းကို အန္ယူဂ်ီအစိုးရရဲ႕ သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္း ကို တက္ေရာက္စကားေျပာခြင့္ျပဳတဲ့ကိစၥပါ။ အစည္းအေ၀းမွာ ျမန္မာႏုိင္ငံတြင္း စစ္ေကာင္စီအၾကမ္းဖက္အဖြဲ႕ ေတြရဲ႕ က်ဴးလြန္မႈေတြနဲ႔ပတ္သက္ၿပီး ထိထိေရာက္ေရာက္အေရးယူဖို႔၊ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ အကူအညီေတြေပးဖို႔ ဦးေက်ာ္မုိးထြန္းက တုိက္တြန္းေဆြးေႏြးခဲ့တာျဖစ္ပါတယ္။ စစ္ေကာင္စီရဲ႕ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဦးေက်ာ္မိုးထြန္းဟာ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားတဲ့ အန္ယူဂ်ီရဲ႕လူျဖစ္ ေၾကာင္း၊ ဖမ္း၀ရမ္းထုတ္ခံထားရတဲ့သူလည္းျဖစ္ေၾကာင္းနဲ႔ ဒီလူကိုကုလက လက္ခံမယ္ဆုိရင္ အၾကမ္းဖက္ အဖြဲ႕ကို အားေပးသလုိျဖစ္မွာျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ထုိအေတာအတြင္းမွာပဲ အေမရိကန္ႏုိင္ငံ ႏုိင္ငံျခားေရး၀န္ႀကီးဌာန အတုိင္ပင္ခံ၀န္ႀကီးက အန္ယူဂ်ီ  အစိုးရရဲ႕ႏုိင္ငံျခားေရး၀န္ႀကီး ေဒၚဇင္မာေအာင္နဲ႔အဖြဲ႕ကို လက္ခံေတြ႕ဆုံခဲ့တဲ့အတြက္လည္း စစ္ေကာင္စီ အတြက္မခံမရပ္ႏုိင္ျဖစ္ခဲ့ေစမွာပါပဲ။

ကုလသမဂၢညီလာခံမွာ ျမန္မာႏုိင္ငံအတြက္ ခြန္အားရွိေစခဲ့တာကေတာ့ လူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ အစီအရင္ခံစာပါပဲ။ လူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကိုယ္စားလွယ္က ျမန္မာႏုိင္ငံရဲ႕ လက္ရွိလူ႔အခြင့္အေရးအေျခအေနေတြကို ျပည့္ျပည့္စုံစုံတင္ျပသြားခဲ့ပါတယ္။ စစ္တပ္အာဏာ သိမ္းစဥ္ကစၿပီး  ကေလးသူငယ္ေတြအသတ္ခံရတာ၊ လူဦးေရေထာင္ဂဏန္းနီးပါးအထိ ေသဆုံးခဲ့ရတာ၊ ေသာင္းဂဏန္းေလာက္ ဖမ္းဆီးထိန္းသိမ္းခံရတာ၊ စစ္ေဘးေရွာင္ဒုကၡသည္ေတြသိန္းနဲ႔ခ်ီရွိၿပီး ေန႔စဥ္တုိးပြားလာေနတာေတြကို တင္ျပသြားပါတယ္။ စစ္ရာဇ၀တ္မႈေတြရပ္တန္႔သြားဖို႔ ႏုိင္ငံတကာအသုိက္အ၀န္းက အျမန္ဆုံးပူးေပါင္း ေဆာင္ရြက္ဖို႔ လူ႔အခြင့္အေရးကိုယ္စားလွယ္က တုိက္တြန္းသြားပါတယ္။

ကုလသမဂၢအေထြေထြညီလာခံႀကီးက်င္းပၿပီးစီးတဲ့ေနာက္ ျမန္မာ့ႏုိင္ငံေရးအက်ပ္အတည္းကို ဘယ္နည္းဘယ္ပုံေျဖရွင္းၾကမယ္ဆုိတာ ေတြးစရာေတြက်န္ခဲ့ပါတယ္။ ယခုအခ်ိန္အထိ အေမရိကန္နဲ႔တ႐ုတ္ ႏုိင္ငံတုိ႔ကေတာ့ ႏွစ္ဘက္ညိႇႏိႈင္းေဆြးေႏြးတဲ့နည္းနဲ႔ အာဆီယံက၀င္ရပ္ၿပီးေျပလည္သြားေစခ်င္တဲ့သေဘာရွိပါ တယ္။ ျမန္မာ့အေရးဟာ သံတမန္နည္းလမ္းနဲ႔ ေျဖရွင္းဖို႔မလြယ္ကူပါဘူး။ ျမန္မာျပည္သူမ်ားဟာ စစ္တပ္အေပၚ အယုံအၾကည္မရွိေတာ့ပါဘူး။ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအရ ႏုိင္ငံေရးမွာ စစ္တပ္၀င္ေရာက္ခ်ယ္လွယ္မႈကို ခံတြင္း ေတြ႕ခဲ့တာေတာ့မဟုတ္ပါဘူး။ လက္ရွိမွာ စစ္တပ္ရဲ႕အၾကမ္းဖက္မႈေတြအရ ျပည္သူက နာက်ည္းတဲ့ဘက္ကို ေရာက္သြားပါၿပီ။ ေကာလိပ္ဂ်င္႐ုပ္ရွင္ထဲကလို ေက်ပါတယ္မေအးစိန္၊ ေက်ပါတယ္ကိုသိန္းေဖလုပ္လို႔ မရေတာ့ တဲ့အတြက္ ကုလသမဂၢရဲ႕ သံတမန္ေရးနည္းလမ္းနဲ႔ ေျဖရွင္းမႈဟာ အရာမထင္ႏုိင္ေၾကာင္းပါ။

ေမာဂၢလိ

 

 

 

 

ကုလသမဂ္ဂအထွေထွေညီလာခံပြီးတဲ့နောက်

(၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ကျင်းပခဲ့ပါတယ်။ ညီလာခံမစတင်မီကတည်းက မြန်မာပြည်သူတွေက ညီလာခံမှာ စစ်ကောင်စီအစိုးရကို အသိ အမှတ်ပြုမှာလား၊ အန်ယူဂျီအစိုးရကို အသိအမှတ်ပြုမှာလားဆိုပြီး စိတ်ဝင်စားမှုတွေရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းက တာဝန်ယူနေဆဲဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဦးကျော်မိုးထွန်းဟာ အန်ယူဂျီအစိုးရကို ကိုယ်စားပြုပြီး မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်တည်ရှိနေတာပါ။ ကျင်းပဆဲအထွေထွေညီလာခံမှာတော့ စစ်ကောင်စီအစိုးရနဲ့ အန်ယူဂျီအစိုးရကို တစ်ခုခုအသိအမှတ်ပြုဖို့ နိုဝင်ဘာလအထိရွှေ့ဆိုင်းခဲ့ပြီး စိစစ်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

အထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကိုသာ တက်ရောက်ခွင့်ပေးခဲ့ပြီး စစ်ကောင်စီခန့်သံအမတ်ကြီးတက်ရောက်ခွင့်မရှိတဲ့အပြင် စစ်ကောင်စီကိုယ်စားလှယ်နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်မိန့်ခွန်းပြောခွင့်မရရှိခဲ့ပါဘူး။ သည်ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒါဟာ ကုလသမဂ္ဂရဲ့အလုပ်သာဖြစ်ပြီး သူတို့အစိုးရအနေနဲ့ကတော့ လုပ်စရာရှိတာဆက်လုပ်သွားမယ်” ဆိုပေမယ့်လည်း မြန်မာပြည်သူတွေအတွက်တော့ အားဆေးတစ်ခွက် ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလ (၂၄) ရက် ညီလာခံမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မိန့်ခွန်းပြောကြား ရာမှာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း မြန်မာအပါအဝင် နိုင်ငံတကာက ပြဿနာတွေကို သံတမန်ရေးနည်းလမ်းတွေနဲ့ အပြင်းအထန်ကြိုးပမ်းမယ့်အကြောင်း ကုလညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

အရှေ့တောင်အာရှ (အာဆီယံ)နိုင်ငံတွေထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံ အစိုးရခေါင်းဆောင် တွေကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂညီလာခံမှာ ပြောကြားသွားပါတယ်။ မလေးရှားဝန်ကြီးချုပ် အစ်စမေးဆာဘရီက “မြန်မာနိုင်ငံရဲ့အခြေအနေဟာ အထူးစိုးရိမ်စရာကောင်းနေဆဲဖြစ်ပါ တယ်။ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို လေးစားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို မလေးရှားက ပြည့်စုံအောင်ထုတ်မပြနိုင်ဘဲကိုဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေအတွက် ငြိမ်းချမ်းတဲ့အဖြေရှာနိုင်ဖို့ လိုနေတာပါ။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရး အခြေအနေအတွက် မလေးရှားက အထူးစိုးရိမ်နေတာနဲ့အတူ ဒါဟာ နိုင်ငံအတွင်းကျန်းမာရေးစောင့်ရှောက်မှု စနစ် မရှိသလောက်ဖြစ်နေမှုကြောင့် ပိုဆိုးလာဖို့ပဲရှိပါတယ်။ ဒါကြောင့် လိုအပ်နေတဲ့သူတွေကို အကူအညီပေး နိုင်ဖို့လိုပါတယ်” လို့ ကုလညီလာခံမှာ ပြောကြားသွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားရာမှာလည်း ရိုဟင်ဂျာဒုက္ခသည် ပြဿနာဟာ ၅ နှစ်ကြာရှိလာပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီကြဖို့ ပြောကြားသွားပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကြောင့် ရိုဟင်ဂျာအရေးမရေမရာဖြစ်နေပေမယ့်လည်း ရေရှည် ပြေလည်မယ့် နည်းလမ်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်ပြီး တက်တက်ကြွကြွဝိုင်းဝန်း ကူညီဖြေရှင်းကြဖို့ မျှော်လင့်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။

ကုလညီလာခံမှာ စစ်ကောင်စီကြေညာချက်ထုတ်ပြီး ကန့်ကွက်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ကုလ ညီလာခံထဲက အစီအစဉ်တစ်ခုဖြစ်တဲ့ R2P အစည်းအဝေးကို အန်ယူဂျီအစိုးရရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို တက်ရောက်စကားပြောခွင့်ပြုတဲ့ကိစ္စပါ။ အစည်းအဝေးမှာ မြန်မာနိုင်ငံတွင်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ တွေရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်အရေးယူဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးကျော်မိုးထွန်းဟာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အန်ယူဂျီရဲ့လူဖြစ် ကြောင်း၊ ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူလည်းဖြစ်ကြောင်းနဲ့ ဒီလူကိုကုလက လက်ခံမယ်ဆိုရင် အကြမ်းဖက် အဖွဲ့ကို အားပေးသလိုဖြစ်မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံဝန်ကြီးက အန်ယူဂျီ  အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တဲ့အတွက်လည်း စစ်ကောင်စီ အတွက်မခံမရပ်နိုင်ဖြစ်ခဲ့စေမှာပါပဲ။

ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံအတွက် ခွန်အားရှိစေခဲ့တာကတော့ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီအရင်ခံစာပါပဲ။ လူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေးအခြေအနေတွေကို ပြည့်ပြည့်စုံစုံတင်ပြသွားခဲ့ပါတယ်။ စစ်တပ်အာဏာ သိမ်းစဉ်ကစပြီး  ကလေးသူငယ်တွေအသတ်ခံရတာ၊ လူဦးရေထောင်ဂဏန်းနီးပါးအထိ သေဆုံးခဲ့ရတာ၊ သောင်းဂဏန်းလောက် ဖမ်းဆီးထိန်းသိမ်းခံရတာ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေသိန်းနဲ့ချီရှိပြီး နေ့စဉ်တိုးပွားလာနေတာတွေကို တင်ပြသွားပါတယ်။ စစ်ရာဇဝတ်မှုတွေရပ်တန့်သွားဖို့ နိုင်ငံတကာအသိုက်အဝန်းက အမြန်ဆုံးပူးပေါင်း ဆောင်ရွက်ဖို့ လူ့အခွင့်အရေးကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကြီးကျင်းပပြီးစီးတဲ့နောက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဘယ်နည်းဘယ်ပုံဖြေရှင်းကြမယ်ဆိုတာ တွေးစရာတွေကျန်ခဲ့ပါတယ်။ ယခုအချိန်အထိ အမေရိကန်နဲ့တရုတ် နိုင်ငံတို့ကတော့ နှစ်ဘက်ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ အာဆီယံကဝင်ရပ်ပြီးပြေလည်သွားစေချင်တဲ့သဘောရှိပါ တယ်။ မြန်မာ့အရေးဟာ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့မလွယ်ကူပါဘူး။ မြန်မာပြည်သူများဟာ စစ်တပ်အပေါ် အယုံအကြည်မရှိတော့ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ နိုင်ငံရေးမှာ စစ်တပ်ဝင်ရောက်ချယ်လှယ်မှုကို ခံတွင်း တွေ့ခဲ့တာတော့မဟုတ်ပါဘူး။ လက်ရှိမှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေအရ ပြည်သူက နာကျည်းတဲ့ဘက်ကို ရောက်သွားပါပြီ။ ကောလိပ်ဂျင်ရုပ်ရှင်ထဲကလို ကျေပါတယ်မအေးစိန်၊ ကျေပါတယ်ကိုသိန်းဖေလုပ်လို့ မရတော့ တဲ့အတွက် ကုလသမဂ္ဂရဲ့ သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းမှုဟာ အရာမထင်နိုင်ကြောင်းပါ။

မောဂ္ဂလိ