• Today is: Sunday, February 25, 2024

ေမတၱာမ်ားျဖင့္ ျပည္ေထာင္စု

မေတ္တာများဖြင့် ပြည်ထောင်စု

—————————————————————

ပြီးခဲ့သည့်၅နှစ်ဝန်းကျင်ကဖြစ်သည်။နှစ်များစွာကြာ မဆုံကြတော့သဖြင့် မေ့တေ့တေ့ဖြစ်နေပြီဖြစ် သော ငယ်သူငယ်ချင်းတစ်ဦးနှင့် ရန်ကုန်တွင် အမှတ်မထင်ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။ငယ်သူငယ်ချင်းဟုဆို သော်လည်း သူက ကျနော့်ထက်နည်းနည်းငယ်သည်။ပြီးတော့ ကျနော်က ရွာမျက်နှာဖုံး၏မြေး၊ သူက ဘုန်းကြီးကျောင်းသား။သို့သော်။ကြင်နာတတ်သော ကျနော့်အဘွား၏သွန်သင်မှုအရ သူနှင့်ကျနော်ကြား အဆင့်အတန်းအနိမ့်အမြင့်သဘောမျိုးမရှိခဲ့။ကျနော်တို့မိသားစုက ထိုသို့ အဆင့်အတန်းပုံစံမျိုးမရှိသော် လည်း သူသည် ဘုန်းကြီးကျောင်းသားမို့ အများတကာနှင့်ဆက်ဆံရာတွင် မျက်နှာငယ်ရမြဲဖြစ်သည်။

သူ၏ဇာတိမှာ မထင်မရှား ကရင်ပြည်နယ်ရွာလေးတစ်ရွာဖြစ်သည်၊သူ့မိဘများမှာ မရှိမရှား ထဲက ဖြစ်သဖြင့် သားသမီးတစ်ယောက်ကို ဘုန်းကြီးကျောင်းသားလုပ်ခိုင်းစရာမလိုသောအခြေအနေထဲကဖြစ် သည်။သို့သော်၊သူတို့ရပ်ရွာသည် လွတ်လပ်ရေးရပြီးသိပ်မကြာမီကတည်းက နေ့စဥ် မပြတ် ကျည်ဆန်တွေ ပြေးလွှားနေသည့်အရပ်မို့ အေးချမ်းသောကျနော်တို့ဌာနေသို့ ဘုန်းကြီးကျောင်းသားလုပ်ရန် ရောက်လာရခြင်း ဖြစ်သည်။

သူတို့ရွာနှင့်မလှမ်းမကမ်းတွင် ကျောင်းဖြစ်တယ်ဆိုရုံ မူလတန်းကျောင်းလေးတစ်ကျောင်းရှိသဖြင့် မူလတန်းတက်ရ အဆင်ပြေသည်။သို့သော်၊စစ်တပ်က ရွာထဲရောက်လာလျှင် ကလေးလည်းမချန်၊ပါးရိုက်ရန် ဝန်မလေးသဖြင့် ကလေးများပင် ကိုယ့်ရွာမှာကိုယ်နေ၊ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး ကြောက်ရသည့်ဘဝဖြစ်သည်။ထို့ပြင် ဘယ်နေ့မိုင်း ထိမလဲ၊ဘယ်နေ့ကျည်ဆန်မှန်မလဲ တထိတ်ထိတ်ဖြစ် နေရသောဘဝလည်းဖြစ်သည်။

မူလတန်းအောင်လို့ အလယ်တန်းကျောင်းဆက်တက်ချင်လျှင်တော့ တစ်နာရီခန့်လမ်းလျှောက်မှ ရောက်မည့်ရွာသို့ ခြေကျင်သွားရသည်။သို့သော်၊ကျောင်းအသွားအပြန် လမ်းတစ်လျှောက်တွင် ဘဝမပျက် နိုင် အသက်မထွက်နိုင်ဘူးဟု သူတို့မိဘများကိုယ်တိုင် အာမမခံနိုင်။မိုင်းထိပြီး ခြေပြတ်လက်ပြတ်ဘဝဖြင့် ရာ သက်ပန်ဒုက္ခိတဖြစ်မလား၊ကျည်ဆန်မှန်လို့ အသက်ထွက်မလား။စစ်တပ်နဲ့တည့်တည့်တိုးလို့ ပေါ်တာခေါ် သွားမလား။သူတို့ဒေသ အမဲရောင်နယ်မြေတွင် အသက်တစ်ချောင်း၊ဘဝတစ်ခုကို ကာကွယ်စောင့်ရှောက်ပေး မည့်တရားဥပဒေဆိုတာ နတ္ထိ။

ထို့ကြောင့် ကိုယ့်သားကိုယ်ကျွေးနိုင်မွေးနိုင် ကျောင်းထားနိုင်သော်လည်း ၅နှစ်ကျော်သာရှိသေး သော သူတို့၏သားများကို ဘေးရန်ကင်းသည့်အဝေးရပ်မြေသို့ပို့ရသည်။ဘုန်းကြီးကျောင်းသားဘဝ သူတို့သားများ မျက်နှာငယ်မှာကိုသိသည်။ကိုယ့်သားကိုယ် ချစ်လို့မဝသေးမှန်းလည်း သူတို့ကိုယ်သူတို့သိသည်။ပြီးတော့ ဘယ်လိုမှ စိတ်မချချင်စရာ အရွယ်။

သို့သော်၊ကိုယ့်သားအသက်ထက်တန်ဖိုးပိုကြီးသောအရာ ဘာမှမရှိလေတော့ မတတ်နိုင်။ပြီးတော့ ကိုယ့်သားကလေး ခလုတ်မထိဆူးမငြိ ပညာသင်ကြားနိုင်ခြင်းသည် သူတို့အတွက် အဖိုးမဖြတ်နိုင်သောဆု။ကံ ကောင်းလျှင် ၁၀တန်းအောင်ပြီး ဘွဲ့တွေဘာတွေရ၊ပို၍ကံကောင်းလျှင် ရာသက်ပန်ဘုန်းကြီးအဖြစ် မြင်ရ နိုင် သေး။ပညာလည်းမတတ်၊ဘုန်းကြီးလည်း မဖြစ်သည့်တိုင် ကိုယ့်သားကိုအသက်ရှည်ရှည်မြင်နိုင်သေးသည် ဆိုတော့။

ဒီလိုနဲ့ သူတို့သားများ မျိုးဆက်အလီလီ ကျနော်တို့အရပ်ဆီ ဘုန်းကြီးကျောင်းသားလာလုပ်ကြသည်။ ကျနော်တို့ဘုန်းကြီးကျောင်းများမှာ လှူနိုင်လျှင်လှူ၊ဘာမှမလှူနိုင်လည်း ပြဿနာမရှိ။ဘုန်းကြီးကျောင်းသား အဖြစ် တောက်တိုမယ်ရအကုန်လုပ်ရသော်လည်း စားရေး၊နေရေး၊ပညာသင်ကြားရေးသည် အခမဲ့။

တချို့လည်း ၁၀တန်းအောင်၊ဘွဲ့ရ ကျနော်တို့ရပ်ရွာမှာပင် အိမ်ထောင်ရက်သားကျလို့။တချို့က တော့ ၁၀တန်းအောင်ပြီးနောက် သူတို့ရပ်ရွာသို့ပြန်ကြသည်။တချို့၊တချို့ တွေကျတော့လည်း အတန်းပညာ လည်း၁၀တန်းမအောင်၊ဘုန်းကြီးလည်းမဝတ်။ကျနော်နှင့်ရန်ကုန်မှာတွေ့သောသူငယ်ချင်းမှာမူ ၁၀တန်း အောင်၊ရွာပြန်သွားပြီးနောက် ထိုင်းမှာအလုပ်သွားလုပ်သည်ဆိုသည့်သတင်းတစ်စကိုသာ ထပ်ကြားမိ။

အခုတော့ မတွေ့တာ အနှစ်၂၀ဝန်းကျင်ကြာမှ ဒီလောက်လူများသောရန်ကုန်တွင်မှ တည့်တည့်တွေ့ ခဲ့ ကြခြင်းဖြစ်သည်။သူကအရင်လိုပိန်ပိန်ပါးပါးမဟုတ်၊ဗိုက်တွေဘာတွေဆွဲလာပြီး သန့်သန့်ပြန့်ပြန့်။သူ့လက် ကိုတွဲထားသည်မှာ သူနဲ့တရုပ်တည်းသော ၅နှစ်ကျော်အရွယ် သူ့သား။သူ့အကြာင်းမေးမြန်းကြည့်တော့ သူတို့ ကရင်ရွာတွင် ဒူးရင်းသီးခြံ ခပ်ကြီးကြီးပိုင်သော ခြံပိုင်ရှင်ကြီး။စားနိုင်သောက်နိုင် သီးနှံပေါ်ချိန်တွင် အတန်အ သင့်စုဆောင်းနိုင်သည့်အဆင့်။သူ့ငယ်ဘဝတုန်းက သူဘုန်းကြီးကျောင်းသားလာလုပ်သည့် ကျနော်တို့ရပ်ရွာ ကလွဲ ဘယ်မှမရောက်ဖူးခဲ့သော်လည်း သူ့သားအလှည့်ကျတော့ ရန်ကုန်၊ကြည့်မြင်တိုင်ကဆွေမျိုးများဆီပင် အလည်အပတ်ပို့နိုင်ပြီဆိုသောအဆင့်။

‘ကျနော်၁၀တန်းအောင်ပြီး ရွာပြန်ရောက်ပြီး ရွာမှာသိပ်မကြာလိုက်ဘူး။ထိုင်းမှာအလုပ်သွားလုပ် တယ်။အမိုးက ရွာပြန်လာရင် စစ်တပ်နဲ့တိုးမှာစိုးလို့ ၂နှစ်တစ်ခေါက် ရွာပြန်လာရင်ကို တစ်ပတ် လောက်ကြာရင် ထိုင်းပြန်ခိုင်းနေပြီ။ထိုင်းမှာ ၁၀နှစ်ကျော်ကြာတယ်။နည်းနည်းကြာလာတော့ အလုပ်အ ကိုင် လည်းပိုကောင်းလာတော့ ငွေပိုစုနိုင်တယ်။ရသမျှ အမိုးဆီပို့။အမိုးက ရွာမှာ တတ်နိုင်သလောက်ခြံတွေဘာ တွေ ဝယ်ထားပေါ့။ရွာမှာအမြဲတမ်းနေနိုင်တဲ့ ခြံပိုင်ရှင်ဖြစ်မှ ပြန်လာမယ်လို့စိတ်ဆုံးဖြတ်ခဲ့တယ်။ကျနော့်ရည်း စားကိုလည်း ပြောထားတယ်။နင်မစောင့်နိုင်ရင် တခြားတစ်ယောက်ယူ။ငါကတော့ ယူပြီးရင် မိသားစုနဲ့ခွဲပြီး ဘယ်မှမသွားနိုင်ဘူးလို့။ဘာလို့လဲဆိုတော့ ကျနော်ငယ်ငယ်တုန်းက အမိုးနဲ့ခွဲပြီး ဘုန်းကြီးကျောင်းသားသွား လုပ်ရသလို ကျနော့်သားလက်ထက်ကျရင် ဘယ်လိုအကြောင်းနဲ့မှ မိဘနဲ့မခွဲစေချင်ဘူး။’ဟု ကျနော်မမြင်ခဲ့ ရသောသူ့ဘဝအကြောင်းကိုပြောပြသည်။

ဒီဘက်နှစ်တွေရောက်တော့ သူ့ရပ်ရွာလည်း အေးချမ်းလာပြီဖြစ်သလို သူဝါသနာပါသော ခြံအလုပ် ဖြင့် အသက်မွေးရန်လည်းအဆင်သင့်မို့ ရွာသို့အပြီးပြန်၊ရွာရောက်ပြီး တစ်လမပြည့်မီမှာပင် နှစ်လရှည်ကြာ သူ့ကိုစောင့်နေသော ရည်းစားနှင့်ထိမ်းမြား။ပြီးတော့ မြန်မြန်ဆန်ဆန် သားတစ်ယောက်ရ။ဘဝသည် ရေကန် အသင့်ကြာအသင့် သိပ်ကိုလှလို့။

‘ကျနော်တစ်သက်လုံးပင်ပန်းခဲ့သမျှ အစွမ်းကုန်ပျော်ရတာပေါ့။သားနဲ့မယားနဲ့ မိသာစုဖူဖူလုံလုံဝင်ငွေ နဲ့၊ပြီးတော့ ကျနော်တို့ရပ်ရွာကလည်း တော်တော်အေးချမ်းသွားပြီဆိုတော့ အစစအရာရာစိတ်အေးလက် အေး ပဲလေ။’ ဟုသူပြောပြနေသည့်သူ၏လေသံမှာ တက်ကြွစွာ ပျော်ရွှင်စွာ။ပြီးတော့ သဘာဝအလှများစွာဖြင့် သာ ယာလှသော သူ့အရပ်ဒေသအကြောင်း စိတ်ပါလက်ပါဆက်ပြောပြသည်။

ကရင်ပြည်နယ်မှာ စိမ့်တွေစမ်းတွေ ထုံးကျောက်တောင်တွေနဲ့ သိပ်ကိုလှသောနေရာ။ဟိုး…တောင် ပေါ်က သံတောင်ကြီးကိုကြည့်မလား၊သံလွင်မြစ်ဘေးက ဘားအံမြို့ကို ကြည့်မလား။ကရင်ပြည်နယ်သည် အ ခြားဒေသများနဲ့မတူသောအလှတရားများ အစီအရီပွင့်လို့။သို့သော်၊ရက်စက်ကြမ်းကြုတ်လှသော စစ်အာဏာ ရှင်တို့၏ ဖျက်ဆီးမှုအောက်တွင် ကျနော်တို့ပြည်ထောင်စုသည် ညစ်ညစ်ထေးထေး မဲမဲမှောင်မှောင် မီးဟုန်း ဟုန်းတောက်လောင်လို့။

‘အခုကျနော်တို့ ရပ်ရွာတွေငြိမ်းချမ်းသွားပြီဆိုတော့ အရမ်းကိုလှတာ။အစ်ကိုတစ်ခေါက်တော့ ရောက် အောင် လာြဖစ်အောင်လာပါ။’ဟု ဖိတ်သည်။

သူ၏ဖိတ်ခေါ်မှုမှာ တကယ့်ကိုလိုလိုချင်ချင်။သူ့ခြံ၊သူ့ရပ်ရွာနှင့်သူတို့ဒေသသဘာဝအလှကို အရမ်းကို ပြချင်သဖြင့်ဖိတ်ခေါ်နေခြင်းမို့ ဘယ်နေ့ ဘယ်နှစ်အရောက် ရောက်အောင်လာမည်ဟု ကတိမပေးနိုင်သော် လည်း လာဖြစ်အောင်လာမည်ဖြစ်ကြောင်း ကတိပေး၊အချိန်မရွေးဆက်သွယ်နိုင်အောင် အပြန်အလှန်ဖုန်းနံပါတ် ပေး။

သုံး၊လေးလတစ်ခါလောက် သူသတိရ၊ကိုယ်သတိရသည့်အချိန်မျိုးတွင် ဖုန်းဆက်ဖြစ်ကြသည်။ဖုန်း ဆက်ဖြစ်သည့်အခါတိုင်း သူ့ရွာဘယ်တော့လာမလဲဟု မပျက်မကွက်မေးလေ့ရှိသည်။ကျနော်ကလည်း လာဖြစ်အောင်လာခဲ့မယ်ဟု ပြောနိုင်ရုံကလွဲ မရောက်။သို့သော်၊သူတို့ရွာသို့တစ်ခေါက် ရောက်အောင်သွား မည်ဟု စိတ်ထဲတေးထားပြီးသား။

ဖေဖေါ်ဝါရီ၁ရက်နေ့၊စစ်တပ်ကအာဏာသိမ်းပြီဆိုတော့ သူတို့ရွာတင်မက ကိုယ့်ဇာတိရပ်ရွာကို ပြန် ဖို့အရေးပင် မေ့လိုက်ရသည်။အရာအားလုံးသည်မတည်မငြိမ်၊ကစဥ့်ကလျား၊သွေးသံရဲရဲ။ဘယ်သူမဆို ဘာမ ဆိုဖြစ်သွားနိုင်သည့်ကာလ။ထိုသို့သောမကောင်းပေါင်းစုံဖြင့် ကျနော့်မိတ်ဆွေအကြောင်း မေ့တေ့တေ့ဖြစ်နေ သော်လည်း သူကမမေ့။ပြီးခဲ့သည့်၃ရက်၊စက်တင်ဘာတတိယပတ်၏ နောက်ဆုံးရက်တွင် သူ့ဖုန်းဝင်လာ သည်။

‘အစ်ကိုရေ၊ကျနော်တို့အားလုံးရဲ့ဘဝတွေ အရင်လိုပြန်ဖြစ်ပြီ။အခုကျနော်တို့ငယ်ငယ်တုန်းကဘဝလို စစ်တပ်ပစ်တဲ့ကျည်ဆန် ဘယ်တော့လာမှန်မလဲ စိတ်ပူနေရပြီ။ကျနော်တို့ပြည်ထောင်စုသားအားလုံးရဲ့ဘဝကို ဒီကောင်တွေဖျက်ဆီးနေတာ ကျနော်ကောင်းကောင်းသဘောပေါက်လာပြီ။အဲဒါကြောင့် နိုင်ငံရေးနဲ့ဝေးဝေး နေခဲ့တဲ့ကျနော်၊အခုနိုင်ငံရေးနဲ့တော်တော်နီးလာခဲ့ပြီ။’ဟု မနားတမ်းသူချည်းပြောတော့သည်။

ပြီးတော့ သူတို့ရွာတကြောသို့ရောက်ရှိလာသော လူငယ်PDF၊ CDM နဲ့ တိမ်းရှောင်လာသူမှန်သမျှကို သူတို့ရပ်ရွာများက လှိုက်လှဲစွာ ကြိုဆိုကူညီလျက်ရှိကြောင်း ကျနော်အရေးကြုံလာလျှင် သူ့ကိုအရင်ဆုံးသတိ ရစေလိုကြောင်းကြားရတော့ သွေးခုန်နှုန်းမြန်လေ့ရှိသောကျနော့်မှာ မျက်ရည်ဝဲရသည်။

‘ဒီစစ်ခွေးတွေကိုအပြုတ်တိုက်နိုင်မှ ကျနော်တို့ပြောပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အန္တရာယ် ကင်းကင်းနဲ့တည်ဆောက်နိုင်မှာ’ဟုဆိုကာ ဖုန်းချသွားတော့ ကျနော်ဆက်ငေးရသည်။

သူသည် ဗမာတောနဲ့မွန်တောတွင် နှစ်အတန်ကြာနေခဲ့ဖူးသောကရင်။ကျနော်တို့တိုင်းရင်းသားပြည် သူချင်းကြား မေတ္တာတရားကို သူကောင်းကောင်းနားလည်သည်ဟု ကျနော်ခံစားမိသည်။

အာဏာရှင်တွေကို မြေမြှပ်ပြီးတဲ့တစ်နေ့ သူတို့ရွာသို့ တလေးတစား ဂုဏ်ယူစိတ်ထားဖြင့် ရောက် အောင်သွားမည်ဟု စိတ်ထဲတေးထားလိုက်သည်။

မင်းကိုမင်း

ေမတၱာမ်ားျဖင့္ ျပည္ေထာင္စု

—————————————————————

ၿပီးခဲ့သည့္၅ႏွစ္ဝန္းက်င္ကျဖစ္သည္။ႏွစ္မ်ားစြာၾကာ မဆုံၾကေတာ့သျဖင့္ ေမ့ေတ့ေတ့ျဖစ္ေနၿပီျဖစ္ ေသာ ငယ္သူငယ္ခ်င္းတစ္ဦးႏွင့္ ရန္ကုန္တြင္ အမွတ္မထင္ျပန္ေတြ႕ခဲ့ျခင္းျဖစ္သည္။ငယ္သူငယ္ခ်င္းဟုဆို ေသာ္လည္း သူက က်ေနာ့္ထက္နည္းနည္းငယ္သည္။ၿပီးေတာ့ က်ေနာ္က ႐ြာမ်က္ႏွာဖုံး၏ေျမး၊ သူက ဘုန္းႀကီးေက်ာင္းသား။သို႔ေသာ္။ၾကင္နာတတ္ေသာ က်ေနာ့္အဘြား၏သြန္သင္မႈအရ သူႏွင့္က်ေနာ္ၾကား အဆင့္အတန္းအနိမ့္အျမင့္သေဘာမ်ိဳးမရွိခဲ့။က်ေနာ္တို႔မိသားစုက ထိုသို႔ အဆင့္အတန္းပုံစံမ်ိဳးမရွိေသာ္ လည္း သူသည္ ဘုန္းႀကီးေက်ာင္းသားမို႔ အမ်ားတကာႏွင့္ဆက္ဆံရာတြင္ မ်က္ႏွာငယ္ရၿမဲျဖစ္သည္။

သူ၏ဇာတိမွာ မထင္မရွား ကရင္ျပည္နယ္႐ြာေလးတစ္႐ြာျဖစ္သည္၊သူ႔မိဘမ်ားမွာ မရွိမရွား ထဲက ျဖစ္သျဖင့္ သားသမီးတစ္ေယာက္ကို ဘုန္းႀကီးေက်ာင္းသားလုပ္ခိုင္းစရာမလိုေသာအေျခအေနထဲကျဖစ္ သည္။သို႔ေသာ္၊သူတို႔ရပ္႐ြာသည္ လြတ္လပ္ေရးရၿပီးသိပ္မၾကာမီကတည္းက ေန႔စဥ္ မျပတ္ က်ည္ဆန္ေတြ ေျပးလႊားေနသည့္အရပ္မို႔ ေအးခ်မ္းေသာက်ေနာ္တို႔ဌာေနသို႔ ဘုန္းႀကီးေက်ာင္းသားလုပ္ရန္ ေရာက္လာရျခင္း ျဖစ္သည္။

သူတို႔႐ြာႏွင့္မလွမ္းမကမ္းတြင္ ေက်ာင္းျဖစ္တယ္ဆို႐ုံ မူလတန္းေက်ာင္းေလးတစ္ေက်ာင္းရွိသျဖင့္ မူလတန္းတက္ရ အဆင္ေျပသည္။သို႔ေသာ္၊စစ္တပ္က ႐ြာထဲေရာက္လာလွ်င္ ကေလးလည္းမခ်န္၊ပါး႐ိုက္ရန္ ဝန္မေလးသျဖင့္ ကေလးမ်ားပင္ ကိုယ့္႐ြာမွာကိုယ္ေန၊ကိုယ့္လက္ကိုယ့္ေျခနဲ႔ ကိုယ့္ထမင္းကိုယ္စားၿပီး ေၾကာက္ရသည့္ဘဝျဖစ္သည္။ထို႔ျပင္ ဘယ္ေန႔မိုင္း ထိမလဲ၊ဘယ္ေန႔က်ည္ဆန္မွန္မလဲ တထိတ္ထိတ္ျဖစ္ ေနရေသာဘဝလည္းျဖစ္သည္။

မူလတန္းေအာင္လို႔ အလယ္တန္းေက်ာင္းဆက္တက္ခ်င္လွ်င္ေတာ့ တစ္နာရီခန႔္လမ္းေလွ်ာက္မွ ေရာက္မည့္႐ြာသို႔ ေျခက်င္သြားရသည္။သို႔ေသာ္၊ေက်ာင္းအသြားအျပန္ လမ္းတစ္ေလွ်ာက္တြင္ ဘဝမပ်က္ ႏိုင္ အသက္မထြက္ႏိုင္ဘူးဟု သူတို႔မိဘမ်ားကိုယ္တိုင္ အာမမခံႏိုင္။မိုင္းထိၿပီး ေျချပတ္လက္ျပတ္ဘဝျဖင့္ ရာ သက္ပန္ဒုကၡိတျဖစ္မလား၊က်ည္ဆန္မွန္လို႔ အသက္ထြက္မလား။စစ္တပ္နဲ႔တည့္တည့္တိုးလို႔ ေပၚတာေခၚ သြားမလား။သူတို႔ေဒသ အမဲေရာင္နယ္ေျမတြင္ အသက္တစ္ေခ်ာင္း၊ဘဝတစ္ခုကို ကာကြယ္ေစာင့္ေရွာက္ေပး မည့္တရားဥပေဒဆိုတာ နတၳိ။

ထို႔ေၾကာင့္ ကိုယ့္သားကိုယ္ေကြၽးႏိုင္ေမြးႏိုင္ ေက်ာင္းထားႏိုင္ေသာ္လည္း ၅ႏွစ္ေက်ာ္သာရွိေသး ေသာ သူတို႔၏သားမ်ားကို ေဘးရန္ကင္းသည့္အေဝးရပ္ေျမသို႔ပို႔ရသည္။ဘုန္းႀကီးေက်ာင္းသားဘဝ သူတို႔သားမ်ား မ်က္ႏွာငယ္မွာကိုသိသည္။ကိုယ့္သားကိုယ္ ခ်စ္လို႔မဝေသးမွန္းလည္း သူတို႔ကိုယ္သူတို႔သိသည္။ၿပီးေတာ့ ဘယ္လိုမွ စိတ္မခ်ခ်င္စရာ အ႐ြယ္။

သို႔ေသာ္၊ကိုယ့္သားအသက္ထက္တန္ဖိုးပိုႀကီးေသာအရာ ဘာမွမရွိေလေတာ့ မတတ္ႏိုင္။ၿပီးေတာ့ ကိုယ့္သားကေလး ခလုတ္မထိဆူးမၿငိ ပညာသင္ၾကားႏိုင္ျခင္းသည္ သူတို႔အတြက္ အဖိုးမျဖတ္ႏိုင္ေသာဆု။ကံ ေကာင္းလွ်င္ ၁၀တန္းေအာင္ၿပီး ဘြဲ႕ေတြဘာေတြရ၊ပို၍ကံေကာင္းလွ်င္ ရာသက္ပန္ဘုန္းႀကီးအျဖစ္ ျမင္ရ ႏိုင္ ေသး။ပညာလည္းမတတ္၊ဘုန္းႀကီးလည္း မျဖစ္သည့္တိုင္ ကိုယ့္သားကိုအသက္ရွည္ရွည္ျမင္ႏိုင္ေသးသည္ ဆိုေတာ့။

ဒီလိုနဲ႔ သူတို႔သားမ်ား မ်ိဳးဆက္အလီလီ က်ေနာ္တို႔အရပ္ဆီ ဘုန္းႀကီးေက်ာင္းသားလာလုပ္ၾကသည္။ က်ေနာ္တို႔ဘုန္းႀကီးေက်ာင္းမ်ားမွာ လႉႏိုင္လွ်င္လႉ၊ဘာမွမလႉႏိုင္လည္း ျပႆနာမရွိ။ဘုန္းႀကီးေက်ာင္းသား အျဖစ္ ေတာက္တိုမယ္ရအကုန္လုပ္ရေသာ္လည္း စားေရး၊ေနေရး၊ပညာသင္ၾကားေရးသည္ အခမဲ့။

တခ်ိဳ႕လည္း ၁၀တန္းေအာင္၊ဘြဲ႕ရ က်ေနာ္တို႔ရပ္႐ြာမွာပင္ အိမ္ေထာင္ရက္သားက်လို႔။တခ်ိဳ႕က ေတာ့ ၁၀တန္းေအာင္ၿပီးေနာက္ သူတို႔ရပ္႐ြာသို႔ျပန္ၾကသည္။တခ်ိဳ႕၊တခ်ိဳ႕ ေတြက်ေတာ့လည္း အတန္းပညာ လည္း၁၀တန္းမေအာင္၊ဘုန္းႀကီးလည္းမဝတ္။က်ေနာ္ႏွင့္ရန္ကုန္မွာေတြ႕ေသာသူငယ္ခ်င္းမွာမူ ၁၀တန္း ေအာင္၊႐ြာျပန္သြားၿပီးေနာက္ ထိုင္းမွာအလုပ္သြားလုပ္သည္ဆိုသည့္သတင္းတစ္စကိုသာ ထပ္ၾကားမိ။

အခုေတာ့ မေတြ႕တာ အႏွစ္၂၀ဝန္းက်င္ၾကာမွ ဒီေလာက္လူမ်ားေသာရန္ကုန္တြင္မွ တည့္တည့္ေတြ႕ ခဲ့ ၾကျခင္းျဖစ္သည္။သူကအရင္လိုပိန္ပိန္ပါးပါးမဟုတ္၊ဗိုက္ေတြဘာေတြဆြဲလာၿပီး သန႔္သန႔္ျပန႔္ျပန႔္။သူ႔လက္ ကိုတြဲထားသည္မွာ သူနဲ႔တ႐ုပ္တည္းေသာ ၅ႏွစ္ေက်ာ္အ႐ြယ္ သူ႔သား။သူ႔အၾကာင္းေမးျမန္းၾကည့္ေတာ့ သူတို႔ ကရင္႐ြာတြင္ ဒူးရင္းသီးၿခံ ခပ္ႀကီးႀကီးပိုင္ေသာ ၿခံပိုင္ရွင္ႀကီး။စားႏိုင္ေသာက္ႏိုင္ သီးႏွံေပၚခ်ိန္တြင္ အတန္အ သင့္စုေဆာင္းႏိုင္သည့္အဆင့္။သူ႔ငယ္ဘဝတုန္းက သူဘုန္းႀကီးေက်ာင္းသားလာလုပ္သည့္ က်ေနာ္တို႔ရပ္႐ြာ ကလြဲ ဘယ္မွမေရာက္ဖူးခဲ့ေသာ္လည္း သူ႔သားအလွည့္က်ေတာ့ ရန္ကုန္၊ၾကည့္ျမင္တိုင္ကေဆြမ်ိဳးမ်ားဆီပင္ အလည္အပတ္ပို႔ႏိုင္ၿပီဆိုေသာအဆင့္။

‘က်ေနာ္၁၀တန္းေအာင္ၿပီး ႐ြာျပန္ေရာက္ၿပီး ႐ြာမွာသိပ္မၾကာလိုက္ဘူး။ထိုင္းမွာအလုပ္သြားလုပ္ တယ္။အမိုးက ႐ြာျပန္လာရင္ စစ္တပ္နဲ႔တိုးမွာစိုးလို႔ ၂ႏွစ္တစ္ေခါက္ ႐ြာျပန္လာရင္ကို တစ္ပတ္ ေလာက္ၾကာရင္ ထိုင္းျပန္ခိုင္းေနၿပီ။ထိုင္းမွာ ၁၀ႏွစ္ေက်ာ္ၾကာတယ္။နည္းနည္းၾကာလာေတာ့ အလုပ္အ ကိုင္ လည္းပိုေကာင္းလာေတာ့ ေငြပိုစုႏိုင္တယ္။ရသမွ် အမိုးဆီပို႔။အမိုးက ႐ြာမွာ တတ္ႏိုင္သေလာက္ၿခံေတြဘာ ေတြ ဝယ္ထားေပါ့။႐ြာမွာအၿမဲတမ္းေနႏိုင္တဲ့ ၿခံပိုင္ရွင္ျဖစ္မွ ျပန္လာမယ္လို႔စိတ္ဆုံးျဖတ္ခဲ့တယ္။က်ေနာ့္ရည္း စားကိုလည္း ေျပာထားတယ္။နင္မေစာင့္ႏိုင္ရင္ တျခားတစ္ေယာက္ယူ။ငါကေတာ့ ယူၿပီးရင္ မိသားစုနဲ႔ခြဲၿပီး ဘယ္မွမသြားႏိုင္ဘူးလို႔။ဘာလို႔လဲဆိုေတာ့ က်ေနာ္ငယ္ငယ္တုန္းက အမိုးနဲ႔ခြဲၿပီး ဘုန္းႀကီးေက်ာင္းသားသြား လုပ္ရသလို က်ေနာ့္သားလက္ထက္က်ရင္ ဘယ္လိုအေၾကာင္းနဲ႔မွ မိဘနဲ႔မခြဲေစခ်င္ဘူး။’ဟု က်ေနာ္မျမင္ခဲ့ ရေသာသူ႔ဘဝအေၾကာင္းကိုေျပာျပသည္။

ဒီဘက္ႏွစ္ေတြေရာက္ေတာ့ သူ႔ရပ္႐ြာလည္း ေအးခ်မ္းလာၿပီျဖစ္သလို သူဝါသနာပါေသာ ၿခံအလုပ္ ျဖင့္ အသက္ေမြးရန္လည္းအဆင္သင့္မို႔ ႐ြာသို႔အၿပီးျပန္၊႐ြာေရာက္ၿပီး တစ္လမျပည့္မီမွာပင္ ႏွစ္လရွည္ၾကာ သူ႔ကိုေစာင့္ေနေသာ ရည္းစားႏွင့္ထိမ္းျမား။ၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ သားတစ္ေယာက္ရ။ဘဝသည္ ေရကန္ အသင့္ၾကာအသင့္ သိပ္ကိုလွလို႔။

‘က်ေနာ္တစ္သက္လုံးပင္ပန္းခဲ့သမွ် အစြမ္းကုန္ေပ်ာ္ရတာေပါ့။သားနဲ႔မယားနဲ႔ မိသာစုဖူဖူလုံလုံဝင္ေငြ နဲ႔၊ၿပီးေတာ့ က်ေနာ္တို႔ရပ္႐ြာကလည္း ေတာ္ေတာ္ေအးခ်မ္းသြားၿပီဆိုေတာ့ အစစအရာရာစိတ္ေအးလက္ ေအး ပဲေလ။’ ဟုသူေျပာျပေနသည့္သူ၏ေလသံမွာ တက္ႂကြစြာ ေပ်ာ္႐ႊင္စြာ။ၿပီးေတာ့ သဘာဝအလွမ်ားစြာျဖင့္ သာ ယာလွေသာ သူ႔အရပ္ေဒသအေၾကာင္း စိတ္ပါလက္ပါဆက္ေျပာျပသည္။

ကရင္ျပည္နယ္မွာ စိမ့္ေတြစမ္းေတြ ထုံးေက်ာက္ေတာင္ေတြနဲ႔ သိပ္ကိုလွေသာေနရာ။ဟိုး…ေတာင္ ေပၚက သံေတာင္ႀကီးကိုၾကည့္မလား၊သံလြင္ျမစ္ေဘးက ဘားအံၿမိဳ႕ကို ၾကည့္မလား။ကရင္ျပည္နယ္သည္ အ ျခားေဒသမ်ားနဲ႔မတူေသာအလွတရားမ်ား အစီအရီပြင့္လို႔။သို႔ေသာ္၊ရက္စက္ၾကမ္းၾကဳတ္လွေသာ စစ္အာဏာ ရွင္တို႔၏ ဖ်က္ဆီးမႈေအာက္တြင္ က်ေနာ္တို႔ျပည္ေထာင္စုသည္ ညစ္ညစ္ေထးေထး မဲမဲေမွာင္ေမွာင္ မီးဟုန္း ဟုန္းေတာက္ေလာင္လို႔။

‘အခုက်ေနာ္တို႔ ရပ္႐ြာေတြၿငိမ္းခ်မ္းသြားၿပီဆိုေတာ့ အရမ္းကိုလွတာ။အစ္ကိုတစ္ေခါက္ေတာ့ ေရာက္ ေအာင္ လာျဖစ္ေအာင္လာပါ။’ဟု ဖိတ္သည္။

သူ၏ဖိတ္ေခၚမႈမွာ တကယ့္ကိုလိုလိုခ်င္ခ်င္။သူ႔ၿခံ၊သူ႔ရပ္႐ြာႏွင့္သူတို႔ေဒသသဘာဝအလွကို အရမ္းကို ျပခ်င္သျဖင့္ဖိတ္ေခၚေနျခင္းမို႔ ဘယ္ေန႔ ဘယ္ႏွစ္အေရာက္ ေရာက္ေအာင္လာမည္ဟု ကတိမေပးႏိုင္ေသာ္ လည္း လာျဖစ္ေအာင္လာမည္ျဖစ္ေၾကာင္း ကတိေပး၊အခ်ိန္မေ႐ြးဆက္သြယ္ႏိုင္ေအာင္ အျပန္အလွန္ဖုန္းနံပါတ္ ေပး။

သုံး၊ေလးလတစ္ခါေလာက္ သူသတိရ၊ကိုယ္သတိရသည့္အခ်ိန္မ်ိဳးတြင္ ဖုန္းဆက္ျဖစ္ၾကသည္။ဖုန္း ဆက္ျဖစ္သည့္အခါတိုင္း သူ႔႐ြာဘယ္ေတာ့လာမလဲဟု မပ်က္မကြက္ေမးေလ့ရွိသည္။က်ေနာ္ကလည္း လာျဖစ္ေအာင္လာခဲ့မယ္ဟု ေျပာႏိုင္႐ုံကလြဲ မေရာက္။သို႔ေသာ္၊သူတို႔႐ြာသို႔တစ္ေခါက္ ေရာက္ေအာင္သြား မည္ဟု စိတ္ထဲေတးထားၿပီးသား။

ေဖေဖၚဝါရီ၁ရက္ေန႔၊စစ္တပ္ကအာဏာသိမ္းၿပီဆိုေတာ့ သူတို႔႐ြာတင္မက ကိုယ့္ဇာတိရပ္႐ြာကို ျပန္ ဖို႔အေရးပင္ ေမ့လိုက္ရသည္။အရာအားလုံးသည္မတည္မၿငိမ္၊ကစဥ့္ကလ်ား၊ေသြးသံရဲရဲ။ဘယ္သူမဆို ဘာမ ဆိုျဖစ္သြားႏိုင္သည့္ကာလ။ထိုသို႔ေသာမေကာင္းေပါင္းစုံျဖင့္ က်ေနာ့္မိတ္ေဆြအေၾကာင္း ေမ့ေတ့ေတ့ျဖစ္ေန ေသာ္လည္း သူကမေမ့။ၿပီးခဲ့သည့္၃ရက္၊စက္တင္ဘာတတိယပတ္၏ ေနာက္ဆုံးရက္တြင္ သူ႔ဖုန္းဝင္လာ သည္။

‘အစ္ကိုေရ၊က်ေနာ္တို႔အားလုံးရဲ႕ဘဝေတြ အရင္လိုျပန္ျဖစ္ၿပီ။အခုက်ေနာ္တို႔ငယ္ငယ္တုန္းကဘဝလို စစ္တပ္ပစ္တဲ့က်ည္ဆန္ ဘယ္ေတာ့လာမွန္မလဲ စိတ္ပူေနရၿပီ။က်ေနာ္တို႔ျပည္ေထာင္စုသားအားလုံးရဲ႕ဘဝကို ဒီေကာင္ေတြဖ်က္ဆီးေနတာ က်ေနာ္ေကာင္းေကာင္းသေဘာေပါက္လာၿပီ။အဲဒါေၾကာင့္ ႏိုင္ငံေရးနဲ႔ေဝးေဝး ေနခဲ့တဲ့က်ေနာ္၊အခုႏိုင္ငံေရးနဲ႔ေတာ္ေတာ္နီးလာခဲ့ၿပီ။’ဟု မနားတမ္းသူခ်ည္းေျပာေတာ့သည္။

ၿပီးေတာ့ သူတို႔႐ြာတေၾကာသို႔ေရာက္ရွိလာေသာ လူငယ္PDF၊ CDM နဲ႔ တိမ္းေရွာင္လာသူမွန္သမွ်ကို သူတို႔ရပ္႐ြာမ်ားက လႈိက္လွဲစြာ ႀကိဳဆိုကူညီလ်က္ရွိေၾကာင္း က်ေနာ္အေရးႀကဳံလာလွ်င္ သူ႔ကိုအရင္ဆုံးသတိ ရေစလိုေၾကာင္းၾကားရေတာ့ ေသြးခုန္ႏႈန္းျမန္ေလ့ရွိေသာက်ေနာ့္မွာ မ်က္ရည္ဝဲရသည္။

‘ဒီစစ္ေခြးေတြကိုအျပဳတ္တိုက္ႏိုင္မွ က်ေနာ္တို႔ေျပာေျပာေနတဲ့ ဖက္ဒရယ္ျပည္ေထာင္စုကို အႏၲရာယ္ ကင္းကင္းနဲ႔တည္ေဆာက္ႏိုင္မွာ’ဟုဆိုကာ ဖုန္းခ်သြားေတာ့ က်ေနာ္ဆက္ေငးရသည္။

သူသည္ ဗမာေတာနဲ႔မြန္ေတာတြင္ ႏွစ္အတန္ၾကာေနခဲ့ဖူးေသာကရင္။က်ေနာ္တို႔တိုင္းရင္းသားျပည္ သူခ်င္းၾကား ေမတၱာတရားကို သူေကာင္းေကာင္းနားလည္သည္ဟု က်ေနာ္ခံစားမိသည္။

အာဏာရွင္ေတြကို ေျမျမႇပ္ၿပီးတဲ့တစ္ေန႔ သူတို႔႐ြာသို႔ တေလးတစား ဂုဏ္ယူစိတ္ထားျဖင့္ ေရာက္ ေအာင္သြားမည္ဟု စိတ္ထဲေတးထားလိုက္သည္။

မင္းကိုမင္း