• Today is: Thursday, April 25, 2024

ရက္ခိုင့်တပ်တော်အနေဖြင့် (Position Statement) ထုတ်ပေးရန် ဥပဒေ အထောက်အကူပြု ကွန်ရက်မှ မေတ္တာရပ်ခံ

“ရက္ခိုင့်တပ်တော်အနေဖြင့် စစ်ကောင်စီ နှင့် ဆက်ဆံဆောင်ရွက်မှုသည် နိုင်ငံတကာဥပဒေများ၊ နိုင်ငံတကာ ဥပဒေစံချိန်စံညွှန်းများနှင့် ပြည်တွင်း တည်ဆဲ ဥပဒေများအား ဆန့်ကျင်ခြင်းမရှိကြောင်း ပြသသည့် အနေဖြင့် ရပ်တည်မှုဆိုင်ရာ ထုတ်ပြန်ချက် (Position Statement) ထုတ်ပေးရန် ဥပဒေ အထောက်အကူပြု ကွန်ရက်မှ မေတ္တာရပ်ခံ”

စက်တင်ဘာ ၅ ရက်၊ ၂၀၂၁

ဖက်ဒရယ် ဂျာနယ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် NLD အစိုးရ၏ တာဝန်ခံမှုအောက်တွင် မြန်မာစစ်တပ် (တပ်မတော်) က နှစ်နှစ်တာကာလမျှ ရက္ခိုင့်တပ်တော်ကို ထိုးစစ်ဆင်နွှဲ ခဲ့စဉ်အတွင်း ဥပဒေအထောက်အကူပြု ကွန်ရက်သည် ရက္ခိုင့်တပ်တော်ဘက်ကရပ်တည်ကာ ဥပဒေကြောင်းအရ တတ်နိုင်သမျှ ခုခံကာကွယ်ခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်္ဘာလအတွင်း ကမ္ဘာ့တရားရုံး ICJ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ သွားရောက်ရင်ဆိုင်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာစစ်တပ် (တပ်မတော်) ကို ခုခံကာကွယ်ပေးခဲ့ခြင်းအပေါ် ဥပဒေ အထောက်အကူပြု ကွန်ရက်က စာတမ်းတစောင်ပြုစုပြီး ဥပဒေရှုထောင့်မှနေ၍ တိတိကျကျ ကန့်ကွက်ခဲ့သည်။

ICJ တွင်သူမက အမှုနှင့် စပ်ဆိုင်ခြင်းမရှိသည့် ရက္ခိုင့်တပ်တော် (ရက္ခိုင့်တပ်တော် AA) အားဆွဲထည့်ခဲ့ခြင်း အပေါ်လည်း အေအေဘက်မှ ရပ်တည်ခုခံ ကာကွယ်ခဲ့သည်။3 ဥပဒေအထောက်အကူပြု ကွန်ရက်သည် အစွဲတခုခုအခြေခံဖြင့်ဖြစ်စေ၊ အာဏာနှင့် အခြားခံစားခွင့်တရပ်ရပ်ကို မျှော်ကိုး၍ဖြစ်စေ ရက္ခိုင့်တပ်တော် AA ဘက်မှ ကာကွယ်ခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင ့် NLD အစိုးရကို ဝေဘန်ကန့် ကွက်ခဲ့ခြင်းမဟုတ်။ ဥပဒေစိုးမိုးရေးအခြေခံတွင် အမှန်တရားကိုသာ ဖော်ထုတ်ခဲ့ခြင်း၊ တရားမျှတမှု အတွက်သာ ရပ်တည်ပေးခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မြန်မာစစ်တပ်က အဓိက ကြီးစိုးထားခဲ့ပြီး ရက္ခိုင့်တပ်တော် (ULA/AA) ကလည်း အခြေစိုက်လှုပ်ရှားသည့် နယ်မြေများအတွင်း ရိုဟင်ဂျာလူထုများအပေါ် နိုင်ငံတကာအဆင့် ပြင်းထန်ကြီးမားသောပြစ်မှုကြီးများ ဆန့်ကျင်ကျူးလွန်မှု ဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂက မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပေးသောလွတ်လပ်သည့် အချက်အလက်ရှာဖွေရေးမစ်ရှင် (UNIIFFMM) က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပြစ်မှုကျူးလွန်နိုင်ဘွယ်ရှိသူများအနေဖြင့် ထိပ်ပိုင်း မြန်မာစစ်ခေါင်းဆောင် (၆) ဦး5 တို့အား အတိအလင်းရည်ညွှန်း ဖော်ပြခဲ့သည်။

ရိုဟင်ဂျာလူထုများအပေါ် ကျူးလွန်မှုများမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားဆန့်ကျင် ကျူးလွန်မှုများ မြောက်နိုင်ကြောင်းဖြင့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစတင်ကာ နိုင်ငံတကာတရားရုံးကြီး ဖြစ်သည့် ICJ နှင့် ICC နှစ်ခုလုံးက အရေးယူဆောင်ရွက်နေဆဲဖြစ်ကြောင်း ဥပဒေ အထောက်အကူပြု ကွန်ရက်၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

  • ရက္ခိုင့်တပ်တော် AA နှင့် (ထိုစဉ်က) အစိုးရစစ်တပ်တို့အကြားတွင် အဘယ်ကြောင့် စာချုပ်ရှိ သင့်ခဲ့သလဲ။
  • နိုင်ငံတကာ ဥပဒေအရ အားပေးကူညီမှု
  • ရက္ခိုင့်တပ်တော် AA ၏ သိရှိခြင်းသည် ရည်ရွယ်ချက်နှင့် ဆက်စပ်နိုင်သလား။
  • ရက္ခိုင့်တပ်တော်သည် ၎င်း၏ အထက်ပါထုတ်ပြန်ချက်မှနေ၍ သွေဖည်သွားပြီလား။
  • မဟာဗျူဟာ နှင့် နည်းပရိယာယ်
  • တိုင်းပြည်ကိုကိုယ်စားပြုအစိုးရအနေအထားမျိုးဖြင့်တာဝန်ရှိလာမှု။
  • စာချုပ်စာတမ်းဖြင့် ချုပ်ဆိုလက်မှတ်ရေးထိုးထားခဲ့စေဦး၊ မည်သည့်အခါတွင် မခိုင်မာဘဲ ပျက်ပြယ်သွား တတ်လေ့ရှိသလဲ။
  • မြန်မာစစ်ခေါင်းဆောင်များနှင့် နှုတ်ကတိဖြင့်သာ အပစ်ရပ်ခဲ့သော ဝသပ၏ လုပ်ဆောင်ချက်သည် ပြစ်မှုကြီးများကျူးလွန်ပြီးနောက် လွတ်ကင်းခွင့်ရသည့် အခြေအနေအား ပံ့ပိုးခဲ့ခြင်း။
  • ရက္ခိုင့်တပ်တော်က ဦးဆောင်ပြီး ရခိုင်ပြည်လွတ်လပ်ရေးရအောင်ကြိုးပမ်းသွားလျှင် အဘယ်ကြောင့် မကန့်ကွက်သင့်သလဲ။
  • ကွန်ဖက်ဒရိတ် အပေါ်သဘောထား
  • ထောက်ခံတိုက်တွန်းချက်

အစရှိသည့် ကဏ္ဍများ အလိုက် ဥပဒေကြောင်းအရ သုံးသပ်တင်ပြထားသည်။ တိုက်တွန်း မေတ္တာရပ်ခံ ထားသည်ကိုလည်း တွေ့ရသည်။

အသေးစိတ် ကဏ္ဍများ အလိုက် သိရှိနိုင်ရန် မူရင်း ထုတ်ပြန်ကြေညာချက် တွင် ဖတ်ရှုနိုင်ပါသည်။

မူရင်းလင့်များ

မြန်မာ –

https://drive.google.com/file/d/1wcI34FRSye5JvkWAyNjR_FcR5PVHN2c/view?fbclid=IwAR3M5nJtPk2pi-KlCqJIGxbEsj7EeqpeM-H8Guz59QNlN4LLCUxBcAJLbjI

အင်္ဂလိပ် –

https://drive.google.com/file/d/19uSIiHIJECdzK_vDfTpuW1yhA0EW0h4N/view?fbclid=IwAR2mbmszkm4nK0hrxp6YPgdEkKoxOSEVJOqoBNsNncHZOq-mUQ78XhELagc&google_abuse=GOOGLE_ABUSE_EXEMPTION%3DID%3D4b6df6717c0193b6:TM%3D1630822186:C%3Dr:IP%3D212.47.244.59-:S%3Dz5cuHD9gf3KusXNxPtAujQg%3B+path%3D/%3B+domain%3Dgoogle.com%3B+expires%3DSun,+05-Sep-2021+09:09:46+GMT