• Today is: Friday, April 19, 2024

CDM ရဲ‌တွေဦးဆောင်ပြီး ပြည်သူ့ရဲတပ်ဖွဲ့-ဇိုလန် ဖွဲ့စည်း

ဇိုလန်ကို CDM ရဲ

ပြည်သူ့ရဲတပ်ဖွဲ့ -ဇိုလန်ကို CDM ရဲတွေ ဦးဆောင်ကာ ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။

ချင်းပြည်နယ်၊တီးတိန်နဲ့ တွန်းဇံမြို့နယ်ကပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့-ဇိုလန်ကို စက်တင်ဘာ၂၄ရက်နေ့က ဖွဲ့စည်းခဲ့တယ်လို့ People’s Police Force- Zoland ကစက်တင်ဘာ၂၅ရက်နေ့က ထုတ်ပြန်ပါတယ်။

‘မိသားစုရှိနေတာရော စွန့်စားဖို့ စိုးရိမ်နေကြတာရောကြောင့် ကျွန်တော်တို့ CDM မလုပ်ရဲကြတာပါ။ စစ်တပ်ကိုကြိုက်လို့နေနေတာမဟုတ်ဘူး။ဒီလိုနေနေရတာလည်းမပျော်ဘူး။ အခုလို CDM သတင်းတွေ ကြားရတော့သိမ်ငယ်ရပါတယ်။’ လို့ ရန်ကုန်အခြေစိုက်ရဲအုပ်တစ်ဦးက ပြောပါတယ်။

ပြည်သူ့ရဲတပ်ဖွဲ့-ဇိုလန်မှာ ရဲတပ်ဖွဲ့ဝင်အင်အား ဘယ်လောက်ရှိသလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

ပြည်သူ့ရဲတပ်ဖွဲ့-ဇိုလန်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ ဒေသခံ ပြည်သူတို့နဲ့ ပူးပေါင်းပြီး ရဲပင်မလုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါ တယ်။

၂၀၂၁ သြဂုတ်လအတွင်းကလည်း ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ကို CDM ရဲတပ်ဖွဲ့ဝင် ၃၂၀ နဲ့ စတင် ဖွဲ့စည်းခဲ့ပါတယ်။