• Today is: Monday, April 15, 2024

တရုတ်က နယ်စပ်တလျှောက် ၎င်းပြည်သူများကို သတိပေးနေ

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၁၊ ၂၀၂၁

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေဟာ တရုတ်နယ်စပ်ဒေသတွေအတွက်လည်း ထိခိုက်မှုရှိနေသည်။ မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုတွေက အခုထိ ရှင်းနိုင်မှု မရှိသေးတဲ့အပြင် ရှေ့လာမည့် အလားအလာကလည်း မှန်းဆ မရနိုင်ပါ။

ယခုဆိုလျှင် တရုတ်မြန်မာ နယ်စပ်တလျှောက်တွင် တိုက်ပွဲသံတွေ ကြားနေရသလို စစ်ပွဲတွေလည်း ပိုမိုပြင်းထန်လာနေသောကြောင့်၊ ( ရွှေလီ – ဝမ်တိမ် အကြား နယ်စပ် တလျှောက် )တိုက်ပွဲတွေကြောင့် သေကြေပျက်စီးမှုတွေရှိနေ၍ တရုတ်နိုင်ငံသား ( အထူးသဖြင့် ဝမ်တိန်ဒေသခံ ) တွေအနေနဲ့ အိမ်အပြင်ထွက်ရင် သတိ ထားကြဖို့ ၊ သေနတ်သံကြားရင် လုံးဝ အပြင်မထွက်ဖို့ နှင့် တခုခုထူးခြားမှု ဖြစ်လျှင် ရဲစခန်း ၊ ဆေးရုံတို့ကို အကြောင်းကြားဖို့ ရွှေလီဒေသ နယ်စပ်အာဏာပိုင် ထုတ်ပြန် တိုက်တွန်းထားကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက် နှင့် စပ်လျှဉ်း၍

“တရုတ်နယ်စပ်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် မြန်မာပြည်ထဲက ပဋိပက္ခတွေက ရေရှည်နိုုင်တယ်ဆိုတဲ့ အမြင်မျိုး တရုတ်ဘက်က တွက် ချက်ထားပြီး ဖြစ်သလို လက်ရှိ ကြူကုတ် ဝမ်တိန် ၊ မုံးကိုး မန့်ဟိုင် ဖောင်းဆိုင် နဲ့ ကိုးကန့် နယ်စပ် မြန်မာဘက်က တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နိုင်တာကို သူ့အနေနဲ့ နိုင်ငံသားတွေကို သတိပြုမိစေဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း မှတ်ယူရမည် ဖြစ်သည်။

နောက်တချက်ကတော့ တရုတ်နယ်စပ် တယ်ဟုန်ပြည်နယ်ခွဲအစိုးရရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် မြန်မာပြည်ထဲက ပဋိပက္ခတွေက ရေရှည်နိုင်တယ်ဆိုတဲ့ အမြင်မျိုး တရုတ်ဘက်က တွက်ချက်ထားပြီး ဖြစ်သလို လက်ရှိ ကြူကုတ် ၀မ်တိန် ၊ မုံးကိုး မန့်ဟိုင် ဖောင်းဆိုင် နဲ့ ကိုးကန့် နယ်စပ် မြန်မာဘက်က တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နိုင်တာကို သူ့အနေနဲ့ နိုင်ငံသားတွေကို သတိပြုမိစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့မှတ်ယူရမယ်” ဟု ဂျာနယ်လစ်လည်းဖြစ်၊ စာရေးသူလည်း ဖြစ်သူ စိုင်းထွန်းအောင်လွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ (Facebook) မှ တဆင့် သုံးသပ် မျှဝေထားသည်ကို တွေ့ရသည်။

ဖော်ပြပါ သတင်းရင်းမြစ်သည် အများပြည်သူသုံး တရုတ်နည်းပညာ လူမှုကွန် ရက် ဝီချက် (Wechat) မှ တဆင့် တွေ့ရှိရသည့် ကြေညာချက်ကို မိတ်ဆွေတဦး အကူအညီနဲ့ ဘာသာပြန် ပြန်လည်ဖော်ပြထားကြောင်း ဖော်ပြထားသည်။

မူရင်း လင့် ဖတ်ရှုနိုင်ရန် –
https://www.facebook.com/100014514132252/posts/1195789027581557/