• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၂၇ – ၂၀၂၂

မြန်မာနိုင်ငံအတွင်း နေ့စဉ်ဖြစ်ပွားနေတဲ့ ဒေသအသီးသီးမှ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းတင်ပြခဲ့ပါတယ်။

  • ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်မှာရှိတဲ့ ကျေးရွာ ၂ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့မနက်စောစောမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တွေထိ ခိုက်ပျက်စီးခဲ့ရတယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။ ယနေ့ မတ်လ ၂၇ ရက် နံနက် ၂ နာရီ ခန့်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲလေယာဉ် ၂စီးဟာ မူတြော်(ဖာပွန်) ခရိုင် လူသောမြို့နယ် ဒေဘုနိုရွာနှင့် ထီးလေးကွီးကျေးရွာအတွင်းသို့ ဗုံးတစ်လုံးစီ ကြဲသွားတာ ဖြစ်ပါတယ်။ လူသူမဲ့အိမ်အချို့ထိခိုက်ပျက်စီးသွားကြောင်းသာသိရှိရပြီး ထိခိုက်ပျက်စီးမှု သတင်း အတိ အကျကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

  • ကရင်အမျိုးသာအးစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ပိန္နဲတောကျေးရွာ ရှိ စစ်ကောင် စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပြည်သူ့ ကာ ကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မှ ​ခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု သထုံ PDFက သတင်းထုတ်ပြန်သည်။

 

  • ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်သည့် ဖားကန့်ပင်မ သပိတ်စစ်ကြောင်းက အာဇာနည် ကိုသန့်ဇော် ကျဆုံးခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ယနေ့ (မတ်လ ၂၇) နံနက်ပိုင်း၌ ချီတက်ဆန္ဒပြခဲ့သည်။ ဖားကန့်ပင်မသပိတ်စစ်ကြောင်းသည် “အာဇာနည် မျိုး သေရိုးမရှိ” စာသားနှင့် ကိုသန့်ဇော် (ခ) ပြားကြီးကျဆုံးခြင်း တစ်နှစ်ပြည့် ဓာတ်ပုံများ ကိုင်ဆောင်၍ ချီတက်ခဲ့ကြသည်။

 

  • ဖက်ဆစ် တော်လှန်ရေးနေ့ လှုပ်ရှားမှု အဖြစ် ”ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် လွတ်လပ်မှုသို့ဆက် ချီတက်” စာသားပါ ဘန်နာကပ်ခြင်းအား မြစ်ကြီးနားမြို့ မနောင်ကွင်း​ရှေ့မှာ အာဏာရှင်စနစ်ဆန့် ကျင်သောကချင်လူငယ်များ (Youth Against Dictatorship-Kachin) ကပြုလုပ်ခဲ့ပါတယ်။

 

  • ကြာအင်းဆိပ်ကြီးမြိုနယ်ကျောင်းသများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဝင်း‌ရော်ဒေသခံ ပြည်သူ လူထုနှင့် ပူးပေါင်း၍ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) တွင် “ဖက်ဆစ်ဝါဒ တိုက်ဖျက် ကြ၊ ပြည်သူ့ဒီမိုကရေစီ တည်ဆောက်ကြ” စာသားပါဘန်နာအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း၌ ပြုလုပ်ခဲ့ကြသည်။

 

  • ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စစ်အာဏာရှင်ကို မလိုလားသော်လည်း ငြိမ်နေကြရ သည့် ပြည်သူများက ယနေ့ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်သည့် တော်လှန်ရေးနေ့ အထိမ်း အမှတ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံများကို မီးရှို့ သပိတ်အဖြစ် လုပ်ဆောင်ခဲ့ကြသည်။

 

  • ယနေ့ မတ်လ ၂၇ ရက်နေ့ ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဖက်ဆစ်မင်းအောင်လှိုင် ဖြုတ်ချရေးအတွက် အိမ်တွင်းသပိတ်အဖြစ် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် မင်းအောင်လှိုင် နာမ်နှိမ် အိမ်တွင်းသပိတ်ပြုလုပ်သည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ မတ်လ ၂၇ ရက်(တော်လှန်ရေးနေ့)တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်သည်။ လှုပ်ရှားမှုမှာ အမျိုးသမီးများ၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂကျောင်းသူ/သားများနှင့် လူငယ်များ ပါဝင်ခဲ့ကြပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “တောင်းတန်မြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” ဆိုတဲ့ ကြွေးကြော်သံများကို ကြွေးကြော်ချီတက်ခဲ့ကြသည်။

 

  • လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များမှမတ်လ၂၇ရက်နေ့ညနေပိုင်း “ဖက်ဆစ်စနစ်ချုပ်ငြိမ်းဖို့ နည်းလမ်းပေါင်းစုံတော်လှန်စို့” စာတန်းကို လေသွန်းခံရွာဗိုလ်မှူးကြီး ဗထူးပန်းခြံရှေ့၌ ချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ၄၁၃ ရက်မြောက် သပိတ်စစ်ကြောင်း ဖြင့် လှည့်လည်ဆန္ဒပြကြသည်။

 

  • ယနေ့ မတ်လ ၂၇ ရက်နေ့ ကျိုက်ထိုမြို့တစ်နေရာ၌ ကျိုက်ထိုမြို့နယ် ကျောင်းသားများသမဂ္ဂနှင့် ပြည်သူလူထုပူးပေါင်း၍ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လို့ ပုံပြောင်းခေါ်ဝေါ်ထား သည့် အကြမ်းဖက်စစ်တပ်ကို “ စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိ ဘူး ” စာသားပါ ဘန်နာ ချိတ်ဆွဲကာ အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

  • ယနေ့ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့တွင် ရန်ကုန်မြို့၌ ကြည့်မြင်တိုင်လူငယ်များ သပိတ်ကော်မတီ၊ မြို့နယ်လူငယ်များနှင့် ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) တို့ပူးပေါင်း၍ “ဖက်ဆစ်တွေအရိုးနဲ့ ဗားကရာချောက်ကို ဖို့မယ်” ဟူသော ဘန်နာများ ကိုင်ဆောင်ကာ ဗားကရာချောက်အနီး၊ ဗားကရာလမ်းမဆီ ဦးတည်ချီတက်၍ ဖက်ဆစ်ဆန့်ကျင် ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • ယ​နေ့ ရန်ကုန်၊​မြောက်ဥက္ကလာတွင် ​”ဘုံရန်သူဖက်ဆစ်စစ်တပ်​တော်လှန်ခြင်းနဲ့အမြစ်ဖြတ်”ဟူသော စာသားပါဘန်နာကိုင်ဆွဲကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက ဦးဆောင်၍ ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) [OCTOPUS] နှင့် ပူးပေါင်း သပိတ်မှောက်တော်လှန်ချီတက်ကြသည်။

 

  • ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မြို့နယ်ခန်းမရှေ့တွင် လူငယ်များ စုပေါင်း၍ “ကျွန်တော်တို့ တရား မျှတမှုကို လိုအပ်တယ်”စာတန်းချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ယနေ့ မတ် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ ဒါ့အပြင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာလည်း ဗကသများအဖွဲ့ချုပ်ဝင် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ နဲ့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ တို့ပူးပေါင်း ပြီး ဒီကနေ့ (မတ်လ ၂၇ ရက်)မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖက်ဆစ်တပ် သားအရုပ်ကို ကြိုးပေးတဲ့ ပုံစံပြု့လုပ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ ကြပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ” ဖက်ဆစ် တော်လှန်ရေးနေ့နဲ့ အတူ ဖက်ဆစ်တပ် ကိုပါ အမြစ်ဖြတ် အဆုံးသတ် တဲ့အထိ ငါတို့တိုက်မယ်” ခေါင်းစဉ်ဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

  • မိတ္ထီလာမြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် လူငယ် ၂ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နှင့် ဖက်ဆစ် စစ်တပ် ချေမှုန်း ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာတစ်ရွာက ယ​နေ့ ဖက်ဆစ် တော်လှန် ရေးနေ့တွင်”ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ”ဟူသော စာတန်းကိုကိုင်စွဲလျက် စစ်အာဏာ ရှင်ကို တော်လှန်ဆန့်ကျင် သွေးမအေး ကြောင်း ပြသကြသည်။ တဆက်တည်းမှာပဲ ပြည်သူလူထုက စစ်အာဏာရှင်လက်အောက်မှာနေ သားကြမသွားဘဲ ရရာနည်းမျိုးစုံဖြင့် တော်လှန်ပုန်ကန်နေရန် လိုအပ်ကြောင်း၊ ပြည်သူပါဝင်မှုမရှိ လျှင် တော်လှန်ရေးအောင်မြင်မည်မဟုတ်ကြောင်း နှင့် ကျေးရွာ ပကဖများ၊ PDF များကိုတတ်နိုင် သည့်ဘက်မှ ကူညီထောက်ပံ့ပေးရန်လိုအပ်ကြောင်း သပိတ်တရားများဟောပြောခဲ့ပါသည်။

 

  • ‘တောင်တန်းမြေပြန့် အတူချီတက်၊ ဖက်ဆစ်ဝါဒ အမြစ်ဖြတ်’ ပိုစကာကိုင်စွဲကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ပခုက္ကူ လူထုတိုက်ပွဲကော်မတီမှ တော်လှန်ပြည်သူများသည် အကြမ်းဖက် စစ်အာဏာ ရှင်ချေမှုန်းရေး လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ မတ်လ(၂၇) ရက်‌နေ့ ဖက်ဆစ်တော်လှန်ရေးနေ့တွင် အရာတော် မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် ❝‌ဖက်ဆစ်ဝါဒတိုက်ဖျက်ကြ၊ ပြည်သူ့ဒီမိုကရေစီ တည်‌ဆောက်ကြ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး အညာမြေ တော်လှန်ပြည်သူလူထုကို ကိုယ်စားပြုသည့် ထန်းတက်ရာတွင် အသုံးပြုသော ပစ္စည်းများကိုင်ဆွဲကာ စစ်အာဏာရှင်အမြစ် ပြတ်ရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယမန်နှစ် မတ်လ ၂၇ ရက်​နေ့ နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော ဒေါက်တာဖြိုးသန့်ဝေ နှင့် ကိုမင်းမင်းစိုး(ခ)ကိုမင်းမင်း တို့ ကျဆုံးခြင်းတနှစ်ပြည့် ဝမ်းတွင်းမြို့နယ် လူငယ်များ ဦးဆောင်၍ online သွေးမအေးသပိတ်ပြုလုပ်ခဲ့သည်။

 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကျေးရွာတစ်ရွာတွင် ယ​နေ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်စစ် ကြောင်း ချီတက်ခဲ့ပြီး Chindwin GZ PDF က လုံခြုံရေးယူပေးခဲ့​ကြောင်း သိရှိစသည်။

 

  • ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြ ခြင်းကို မတ် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

 

  • မုံရွာတွင် မြို့နယ် တော်လှန်ရေး လူငယ်အင်အားစု (Y.R.F) အဖွဲ့မှ ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် “ငါတို့အားလုံး သွေးမအေး ဖက်ဆစ်တော်လှန်ရေး” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ်တော်လှန်ရေးချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • ယနေ့ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့တွင် ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသား သမဂ္ဂများ မှ လှတောနယ်မြေရဲစခန်းအနီးတွင် `သတ်မတော် အလင်းဝင်ပါ´ `စစ်အာဏာရှင် အလိုမရှိ´ `လုံးဝအုပ်ချုပ်ခွင့်မရစေရ´ `အရေးတော်ပုံအောင်ရမည်´ စာသားပါ စာရွက်များကို ပြန့်ကြဲခဲ့ပါသည်။

 

  • နာဂမြေပေါ်၌ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ ကျူးလွန်နေခဲ့သော မတရားမှုများအား ဆက်လက်မကျူးလွန်နိုင်စေရေးအတွက် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား များလည်ပတ်မှုမှန်သမျှ ဖြိုချမည်ဟု နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ယမန်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

 

  • မြဝတီမြို့တောင်ဘက်ရှိ ဖလူးဒေသမှ ဝေါလေဘက်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား မတ်လ ၂၇ ရက် နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွား နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ပြောစကားအရသိရသည်။

 

  • လွိုင်ကော်မြို့နယ်ထဲက စစ်​ဘေး ဒုက္ခသည်စခန်းတခုမှာ ရေတစ်ပုံးရဖို့ မနက်အစောကြီး တစ်နာရီလောက် သွားတန်းစီပြီး ရေခပ်နေရပါတယ်။ ရေရှားပါးတဲ့ အရပ်ဒေသဖြစ်တာကြောင့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေကြရပါတယ်။ လက်ရှိ ေသာက်သုံးရေရဖို့ ရေအလှူရှင် လိုအပ်လျက်ရှိနေပါတယ်။

 

 

#Federal_Journal_Myanmar

#Daily_News_Collection