• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၂၇) ရက်

  • ကရင်နီ(ကယား)ပြည်နယ်နှင့်နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကို ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိနေပြီး နေအိမ်သို့ ပစ္စည်းပြန်ယူသူများ ပစ်ခတ်ခံရကာ သေဆုံးမှုများ ရှိနေကြောင်း သိရသည်။ စစ်ဘေးရှောင်နေရာမှ နေအိမ်ပြန်၍ ပစ္စည်းလာယူသည့် ဒေသခံ (၄) ဦး မိုးဗြဲမြို့ လွယ်ယင်းမဂ်လာနှင့် ဟိုက်ဟွီတို့တွင် ပစ်သတ်ခံထားရသည်ကို ယနေ့နံနက်(၈)နာရီ ဝန်းကျင်က တွေ့ရှိထားရသည့်အပြင် မိုးဗြဲမြို့အထွက် တောင်ယာခြံသွား၍ အလုပ်လုပ်သူအချို့ လည်း သတ်ဖြတ်ခံရမှုများရှိနေသဖြင့် အရပ်သားပြည်သူများ မိုးဗြဲမြို့နှင့် အနီးဝန်းကျင်တွင် သွားလာ လှုပ်ရှားမှုများကို မပြုလုပ်ကြသေးရန် KNDF က သတိပေးထားသည်ကို တွေ့ရသည်။

 

  • ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ် (CDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ကန်ပက်လက် CDF က ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် ကန်ပက်လက် မြို့နယ် မောချောင်းရွာနှင့်မဆာတွီရွာအကြား၌ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဖက်မှ နှစ်ဦးသေ၊ သုံးဦးခန် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲတွင် ကန်ပက်လက် CDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထား သည်။

 

  • ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် လူငယ်များက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရုရှား၊ ယူကရိန်းနှင့် ကချင်အလံများ ပုံဖော်ကာ စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ရန်နှင့် ယူကရိန်း ပြည်သူ များနှင့် အတူရပ်တည်နေကြောင်းပြသပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင် ဆန္ဒပြခဲ့သည်။

 

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၇) နံနက်ပိုင်းက ကျောင်းသား၊ ပြည်သူများ ဦးဆောင်၍ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ ကြသည်။ “တိုင်းပြည်ကြီးက နာနေပြီ မင်းတို့တွေက သွေးအေးတုန်းလား” ဆိုသည့် ခေါင်းစည်း စာသားများကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ သည်။ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် အကြမ်းဖက် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန့်ကျင်ဆန္ဒပြလျက် ရှိပြီး ယနေ့ ရက်ပေါင်း (၃၈၅)ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ် သည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ယူကရိန်းပြည်သူများနှင့် တစ်သားတည်း ရပ်တည်နေပြီး စစ်အာဏာရှင် ဆန့်ကျင် ကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • ရန်ကုန်မြို့က တောင်ဒဂုံမြို့နယ်မှာ တော်လှန်သွေးမကုန်တောင်ဒဂုံသပိတ် အင်အားစုကဦး ဆောင်ပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ Rangoon Empire ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ လူငယ်များသမဂ္ဂ၊ Revolution Force (RF)၊ LGBT Community Yangon၊ Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM နဲ့ တကသကျောင်းသားဟောင်းများအင်အားစုတို့က လူငယ်တွေစုပေါင်းပြီး ဒီကနေ့မှာ “ကြောက် ခေတ်ကို မှောက်ပစ်” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါ တယ်။

 

  • ယနေ့ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ရဲဘော်များ ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ်မှ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရတဲ့ ရဲဘော်အခါလွန်မိုး(ခ)ကျော်သီဟရဲကျော် ထောင်တွင်းမှာရေးသားထားခဲ့တဲ့ သွေးအမျိုးအစားကဗျာကို မန္တလေးမြို့(၃၅) ကုန်းတံတားတွင် ချိတ်ဆွဲဆန္ဒပြခဲ့ကြပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

 

  • မန္တလေးတွင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် ၁၁နာရီအချိန် ၃၅လမ်းတံတား ၌ “သွေးအမျိုး စား” ကဗျာအား မန္တလေးခရိုင်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်မြေသာစံ မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်မြေသာစံမြို့နယ် အခြေခံပညာ ကျောင်းသား များသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ရဲဘော်များက ချိတ်ဆွဲထားသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ညသပိတ် ပြုလုပ် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် မုံရွာရပ်ကွက် သပိတ်စစ်ကြောင်း၊မုံရွာလူငယ်များအစည်းအရုံးနှင့် မုံရွာအခြေခံပညာ ကျောင်းသားများသမဂ္ဂတို့ပူးပေါင်းကာ မုံရွာမြို့၏ ပထမဆုံးပြသာဒ်ကျောင်းတွင် ကျောင်းသား များ ပထမဆုံးဖြိုးခွင်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနှင့် “လူကိုသာသေနတ်နဲ့ ပစ်သတ် လို့ရချင်ရမယ် အမှန်တရားကိုလိုချင်လို့တော်လှန်နေတဲ့ စိတ်ကိုတော့သတ်ပစ်လို့မရဘူး” ဆို သည့် စာသားကိုကိုင်ဆောင်ကာ မုံရွာမြို့နေရာအသီးသီးတွင် ဖိနပ်စုတ်များကြဲချ၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်။

 

  • မုံရွာတွင် ဆန္ဒပြကျောင်းသားများကို စစ်တပ်က ပစ်သတ်ခဲ့သည့် တစ်နှစ်ပြည့်နေ့အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ကျောင်းသား လူငယ်များ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင် လက်ပံတောင်းတောင်ဒေသလူထု သပိတ်စစ်ကြောင်းနှင့် ယင်းမာပင်၊ ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ကော်မတီများနှင့် ပူးပေါင်းဝန်းရံကာ ” တော်လှန် ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ ” စာတန်းကိုကိုင်ကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့တွင်ပြုလုပ်ခဲ့ ကြသည်။

 

  • ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၅၄ ရက် မြောက်နေ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် က ပုသိမ်မုံရွာလမ်းနှင့်ယာကြီးကလေးလမ်းစုံ ရွှေတောင်ဦးအနီးမှာ စစ်ကောင်စီ ရဲ့ ပစ်ခတ်နှိမ်နင်းမှု ကြောင့် ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်း ကိုချမ်းမြေ့ကျော်ရဲ့ အုတ်ဂူရှိ ရာသို့ လွမ်းသူ့ပန်းခွေဖြင့် ချီတက်အလေးပြုခဲ့ကြသည်။

 

  • စစ်ကိုင်း‌တိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်းကို ဖေဖော်ဝါရီ ၂၇ ရက် တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။ ဒါ့အပြင် ယင်းမာပင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း တန့်ဆည်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများစုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ သည်။

 

  • ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • နယ်မြေမတည်ငြိမ်မှုတွေရှိပေမယ့်လည်း လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဟာ “တော်လှန်ရေးရဲ့အဆုံးဖြတ်ဟာ လူထုမှတပါးအခြားမရှိ”စာသားကိုင်ဆောင်ပြီး ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။

 

  • မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းရွာအနီး စစ်ကောင်စီတပ်နှင့် PDF တို့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း နဂါးစစ်သည် PDF အဖွဲ့ထံမှ သိရသည်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့အထွက် လုံပီးရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့လည် ၁၂ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပြီးပစ်ခတ်တယ်လို့ရရှိပါတယ်။  ယင်းသို့ပစ်ခတ်မှုကြောင့် ဖလမ်း-ဟားခါးလမ်း ပေါ်ရှိ လုံပီးရပ်ကွက်၊ ထလန်ရောလ်ရွာ၊ တားလ်၊ တလန်ဇာရ်၊ ရမ်ထလိုရွာသားတွေအကုန် ဘေးလွတ်ရာကိုထွက်ပြေးကြတယ်လို့သိရပါတယ်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၄ နာရီခန့်က မနမှော် အနီးရှိ ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျကာ အနီးရှိ တူးလက်စ ကျောက်စိမ်းလုပ်ကွက် ထဲသို့ နွံများ စီးဝင်ခဲ့ကြောင်း သိရသည်။ နွံကန်ပြိုကျမှုကြောင့် လူအသေ အပျောက် မရှိခဲ့သော် လည်း ရေမဆေး ကျောက်ရှာနေသူများ အမြန် ထွက်ပြေးခဲ့ရပြီး အနီးရှိ ဈေးဆိုင် ခန်းများသို့ နွံများ စီးလာသောကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။  တူးလက်စ ကျောက်စိမ်း လုပ်ကွက်ထဲ နွံများစီးဝင်လာသောကြောင့် အဆိုပါနေရာတွင် ကျောက်တူးဖော်နေသော လုပ်ကွက်များ အားလုံး ရပ်နားလိုက်ရကြောင်း သိရသည်။

 

  • မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သင့်ကြောင်း ဦးဇခုန်တိန့်ယိန်း (NDA-K) မှ ပြောဆိုမှုကို လုံး၀(လုံး၀)ကန့်ကွက်ကြောင်း မြစ်ဆုံကို ချစ်မြတ်နိုးသူများမှ ယနေ့ ရက်စွဲ ဖြင့် သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။ ဧရာ၀တီမြစ်ဆုံသည် ကချင် ပြည်သူများနှင့် မြန်မာနိုင်ငံသား အားလုံး၏ တန်ဖိုးထားမြတ်နိုးသော သမိုင်းဝင် သဘာဝ အမွေ အနှစ် အထင်ကရနေရာနှင့် တစ်ခုတည်းသော အသက်သွေးကြောမြစ်ကြီး ဖြစ်ကြောင်းနှင့် ပြည်တွင်းပြည်ပ ပညာရှင်များ၏ လေ့လာသုံးသပ်ချကများအရ ၎င်း စီမံကိန်းကို မလုပ်ဆောင် သင့်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection