• Today is: Friday, March 29, 2024

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)  ဉက္ကဌ ဒေါက်တာအမ်ကောန်လ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ဖက်ဒရယ်ဂျာနယ် (မတ်လ – ၂၃)

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)  ဉက္ကဌ ဒေါက်တာအမ်ကောန်လ ကို ယနေ့မတ်လ ၂၃ ရက်နေ့ တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးက ရာဇသတ်ကြီး ၅၀၅ က ပုဒ်မဖြင့်    ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) သတင်းထုတ်ပြန်သည်။

ဒေါက်တာအမ်ကောန်လ သည် အာဏာသိမ်းပြီးနောက် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ပူးပေါင်း ဖွဲ့စည်းခဲ့သူလည်းဖြစ်သည်။  ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC ) သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်(UEC)မှ ပြုလုပ်သည့် အစည်းအဝေးများကိုလည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်းသိရသည်။

ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်ရှိ ၎င်း၏ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ( ၇ )လကျော်အကြာတွင် ယခုကဲ့သို့ အမိန့်ချခဲ့ခြင်းဖြစ်သည်။