• Today is: Thursday, April 25, 2024

မိုးကောင်းမြို့နယ်တွင် ပြည်သူထံမှ လျှပ်စစ်ဓာတ်အားခနှင့် စိုက်ဘဏ်ချေးငွေများ စစ်​ကောင်စီက မ​ကောက်ခံရန် KIA နှင့် ပူးပေါင်းအဖွဲ့ သတိပေးချက် ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် (မေ – ၄ )

မိုးကောင်းမြို့နယ်ရှိ ကျေးရွာများဖြစ်သော တောင်နီ ၊ နမ္မန၊ မင်းကုန်း၊ ပင့်သာ၊ အုန်းဘောင်၊ သိုက်ဝါးကုန်း၊ အင်ကြင်းကုန်း၊ ပင်လုံ၊ ပင်းဘော၊ ပင်းကျိုင်း၊ ပဲခူးစု၊ ဗန်းမောက်ကုန်း၊ လေသာကုန်း၊ ကုန်းတန်းကြီး၊ ပွင့်ဖြူ၊ ထုံးရေပေါက်၊ နန်းခွင် စသည့် ရွာများတွင် အုပ်ချုပ်ရေးမှူးများမှ လျှပ်စစ်မီတာခများနှင့် တောင်သူ များကို စိုက်ဘဏ်ချေးငွေများ မတရားဖိအားပေး ကောက်ခံနေကာ အဆိုပါ ငွေများနှင့် အကြမ်းဖက် စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေး လုပ်ဆောင်နေမှုများကို ရပ်တန်းက ရပ်ရန် KIA ပြည်သူ့ကာကွယ်ရေး ညီနောင် တပ်ပေါင်းစုမှ ယနေ့ မေ ၄ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးချက်ကို လိုက်နာမှု မရှိဘဲ ဆက်လက်ကောက်ခံနေပါက လုံးဝ(လုံးဝ) ခွင့်လွှတ်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။