• Today is: Thursday, March 28, 2024

ညီစေချင်သော ကဗျာ

– ညီစေချင်သော ကဗျာ ။

သူခိုးတွေကတော့ နင်လားငါလားပဲ
ထိုးကွင်းတွေသာ မိုးလင်းတာမသိ
ခုထက်ထိ ကြောင်တောင်တောင်

နေရာအနှံ့မှာ
မီးခိုးတွေက ကြီးစိုးနေပြီ

ရင်ထဲ ယမ်းနံ့လိုလို အလွမ်းနံ့လိုလို

ခေတ်မှ မကောင်းတော့
ချစ်သမျှဟာ ပြောင်းဖြစ်တယ်

ပန်းသတင်းကိုတော့ လေညှင်းဆောင်သယ်
ဂန်းသတင်းကို ဘယ်သူဆောင်မလဲ ။ ။

– ကြည်လင်