• Today is: Saturday, April 20, 2024

“နိုင်ငံခြားရေးရာဖက်ဒရယ်စနစ်နှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် ပြည်နယ်၏ အခန်းကဏ္ဍ- အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဥ်းစားချက်များ” သုတေသန စာတမ်း ဖတ်ရှုနိုင်ပြီ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၀

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) က သုတေသန ပြုလုပ်ပြီး ရေးသားပြုစုထားတဲ့ “နိုင်ငံခြားရေးရာ ဖက်ဒရယ်စနစ်နှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် ပြည်နယ်၏ အခန်းကဏ္ဍ – အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဥ်းစားချက်များ” သုတေသန စာတမ်း” ကို ဒီကနေ့ အွန်လှိုင်းကနေ ပြုလုပ်တဲ့ စာတမ်း မိတ်ဆက်ပွဲ အခမ်းအနားကနေ စတင်ဖြန့်ဝေလိုက်ပါတယ်။  

ဒီသုတေသန စာတမ်းနှင့်စပ်လျဉ်းပြီး တာဝန်ယူ ရေးသားပြုစုခဲ့တဲ့ သုတေသနဆိုင်ရာ တာဝန်ခံ နန်းအေးအေးသွယ် ကတော့ “လက်ရှိ ဖက်ဒရယ်လမ်းကြောင်းပေါ်ကိုရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံအတွက် စဉ်းစားရမယ့် မူဝါဒဆိုင်ရာတခုဖြစ်သလို အနာဂါတ် ဖက်ဒရယ်ဆိုင်ရာ ဖွဲ့စည်းပုံအတွက် မရှိမဖြစ်ထည့်သွင်း စဉ်းစားရမယ့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ  ဖြစ်တယ်”လို့ ပြောပါတယ်။

အလားတူ တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC)ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ပညာမွန်ကတော့ “ဒီသုတေသန စာတမ်းဟာ ကနေ့ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်တဲ့ ခေတ်ကြီးထဲမှာ မြန်မာ ပြည်အတွက် ဖက်ဒရယ်ယူနစ်ကို တည်ဆောက်ဖို့စဉ်းစားတဲ့အခါ ပြည်နယ်တွေမှာ နိုင်ငံရေး မူဝါဒဆိုင်ရာကို ထည့်သွင်း စဉ်းစားကျင့်သုံးနိုင်ဖို့အတွက် ရည်ရွယ်သလို လက်တွေ့အရလည်း အရေးကြီးနေပြီ ဖြစ်တယ်” လို့ ထောက်ပြ ပြောဆိုပါတယ်။

အခုသုတေသန စာတမ်းဟာ စာမျက်နှာ ၂၀၈ မျက်နှာရှိတဲ့ စာတမ်းတခုဖြစ်ပြီး စာတမ်းကို စာအုပ်များနဲ့လည်း ထုတ်ဝေ ဖြန့်ချီနေပြီဖြစ်သလို အွန်လှိုင်းကနေ ဖတ်ရှုလေ့လာလိုသူတွေ PDF File တို့ဖြစ် ဒေါင်းလုတ် ရယူဖတ်ရှုနိုင်တာ ဖြစ်ပါတယ်။

သုတေသန စာတမ်းနှင့် စပ်လျဉ်းပြီး ထပ်လောင်း သိချင်သူများကလည်း https://www.burmaenac.org/ website စာမျက်နှာလည်း သွားရောက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

သုတေသန စာတမ်း ဒေါင်းလုတ်လင့်ခ် –  

https://mega.nz/file/EsMxiZrI#iehPvvaXZ4xyYQimROJoUGt-ucHmcTiVmLRxbFB7wlk