• Today is: Friday, April 26, 2024

စစ်ကောင်စီ၏ ခမရ- ၅၅၇ ကြိတ်စခန်းတစ်ခုလုံး KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ ထပ်မံသိမ်းဆည်း

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၁  

ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီ ခြေကုတ်စခန်းဖြစ်တဲ့ ကြိတ်စခန်းကို ယမန်နေ့ စက်တင်ဘာ (၂၀)ရက်နေ့  (၂း၁၉)မိနစ်အချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီ၏ ခမရ- ၅၅၇ စခန်း ကြိတ်စခန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား (၇)ဦး ကျဆုံးပြီး (၂)ဦးဒဏ်ရာ ရရှိသူတို့ကို ဖမ်း ဆီးရ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနဲ့ စစ်အသုံးဆောင်ပစ္စည်းများကို လည်း သိမ်းဆည်းနိုင်ခဲ့တာပါ။

သိမ်းဆည်းရမိတဲ့ ကျည်များက MA ကျည်ဘောက်- 17၊ 9MM-44၊ 16 ကျည်ဘောက်- 4၊ sinper ကျဥ်ဘောက်-3၊ 60MM-12၊ 73MM-11၊ အီနာဂါ-1၊ 40MM-10၊ BA109 လက်ပစ်ဗုံး- 2၊  73ယမ်းတောင့် -5၊  စက်လက်ကျည်-229၊  AKကျည်ဘောက်ဝိုင်း- 1၊ စကားပြောစက်- 2၊ ဖုန်း-3၊ ကပစ 5.56- 2223၊ စိန်ပြောင်းချိန်သီး- 1၊ MA5 ကျည်- 2 တို့ ဖြစ်သလို၊ RPG- 2၊  BA 100 စိန်ပြောင်း-1၊ ငါးကြင်းမြီးစက်လက်- 1၊ ပြောင်းပို-1၊  AK-1၊  MAS sniper- 1၊ MA4.MAK ပူးတွဲ-1၊  MA1-2၊ MA3-2၊ MA5-2၊  MG3-1 လက်နက်အမျိုးအစားတို့ ဖြစ်ကြပါတယ်။

ကြိတ်စခန်းကို သြဂုတ်လ (၈)ရက်နေ့ကစ၍ ရိက္ခာဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယမန်နေ့မှာတော့ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။