• Today is: Saturday, April 20, 2024

အင်းတိုင်းရင်သားလူမျိုးတို့၏ လူမျိုရေး၊ နိုင်ငံရေးအမြင်အယူဝါဒ ကွဲပြား စေနိုင်တာကြောင့် Promise Music Festival (Inle Lake 7 | 8 | 9) အစီအစဉ် မကျင်းပဖို့ တိုက်တွန်း၊ ဖယ်ဒရယ် အင်းသားလူငယ်ကွန်ရက်က ကန့်ကွက်ရှုံချ

ဓါတ်ပုံ – ဖယ်ဒရယ် အင်းသားလူငယ်ကွန်ရက် (ပေးပို့)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၂

လာမယ့် အောက်တိုဘာလ (၇၊ ၈၊ ၉၊)ရက်များတွင် ကျင်းပမည့် အင်းလေး ဒေသက Promise Music Festival (Inle Lake 7 | 8 | 9)ဟာ အင်းတိုင်းရင်း သား လူမျိုးတို့၏ လူမျိုရေး၊ နိုင်ငံရေးအမြင်အယူဝါဒ ကွဲပြားစေနိုင်တာ ကြောင့် Promise Music Festival (Inle Lake 7 | 8 | 9) အစီအစဉ် မကျင်းပဖို့ တိုက်တွန်းထားသလို ဖယ်ဒရယ် အင်းသား လူငယ်ကွန်ရက်က ကန့်ကွက်ရှုံချ တယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

“ဒီပွဲဟာလုံးဝမဖြစ်သင့်တဲ့ပွဲတော်ပါ။ အင်းသားလူမျိုးတို့ရဲ့ တန်ဖိုးထား မြတ်နိုးတဲ့ ဒေသတွင်း အထင်ရှားဆုံး ဖြစ်တဲ့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတောင်မှ မဖြစ်တဲ့အရာကို ခုလိုပွဲတော်ဖြစ်တယ်ဆိုတာ အရမ်းကို စိတ်ပျက်စရာကောင်းသလို ဒေသခံလူမျိုးတွေအတွက် ဒေါသထွက်စရာ ကောင်းလှပါတယ်။ ပြီးတော့ အင်းလေးဒေသပတ်ဝန်းကျင်မှာ စစ်ဘေး ရှောင်ဒုက္ခသည်များလှသလို့ ဒေသတွင်း အဓိကအားဖြင့် အင်းလေးဒေသ တောင်ပိုင်းမှာ မငြိမ်မသက်မှုတွေရှိနေတဲ့အချိန်မှာ ခုလိုပွဲဖြစ်တာဟာ စစ်ဘေးရှောင် ဒုက္ခသည်များအပေါ်စာနာ နားလည်မှုနည်းပါပြီး အခြား သောရူထောင့်မှကြည့်လျှင် လူမျိးရေး နိုင်ငံရေး အမြင်ကွဲပြားစေနိုင်ပါတယ်။

နောက်ဆက်တွဲအကျိုးဆက်တွေအနေနဲ့ ဒေသခံများကြားမှာ အမြင်မတူမှု တွေပိုမိုများပြားလာပြီး ဒီပွဲတော်ကို မကျေနပ်သည့်အတွက် တစ်စုံတစ်ရာ ပြုမှုဆောင်ရွက်တာတွေဖြစ်လာနိုင်ပါတယ်” ဟု ဖယ်ဒရယ် အင်းသား လူငယ် ကွန်ရက်ရဲ့ တာဝန်ခံ အယ်လွင်က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

ဒီအစီအစဥ်မှာတော့ ဘယ်သူတွေပါဝင်နေလဲမေးကြည့်ရာမှာတေ့ာ….

“ဒီအစီအစဥ်မှာ Y3llo အပါအဝင် အခြားသော DJ အနုပညာရှင်များ ပါဝင် နိုင်မယ်လို့ကြားသိရပါတယ်။ စစ်ကောင်စီ ဘက်က ဦးစီးလုပ်ဆောင်တယ် ဆိုတာ မသေချာပေမဲ့ ဒေသခံများ အစီအစဥ် လုံးဝမဟုတ်တာတော့ သေချာ ပါတယ်။ ဘာလုပ်သေချာလဲဆိုလျှင် Y3llo ရဲ့ Saw Andrew account မှတင်လာမှ ဒေသခံ တိုင်းရင်းသားများသိရှိရတာကြောင့်ဖြစ်ပါတယ်၊ ဒါ့အပြင် အင်းလေးဒေသပတ်ဝန်းကျင် လေးဖက်လေး ရပ်မှာ စစ်ဘေးဒုက္ခများနေသလို ဒေသတွင်း မငြိမ်မသက်မှုတွေရှိနေတာမို့ မဖြစ်စေချင်တာ အများစု ပါဝင်တယ်။ တဘက်က လူမှုကျင့်ဝတ်ပိုင်းအရလဲ မကောင်းသလို့ နိုင်ငံရေး ပိုင်းအရလဲ ဒီချိန်ပွဲလုပ်တာ မသင့်တော်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

Promise Music Festival (Inle Lake 7 | 8 | 9) အစီအစဉ်အပေါ် ဒေသခံ တိုင်းရင်းသားများကလည်း အပြင်းအထန် ကန့်ကွက်ရှုံချနေကြသလို ဒေသခံ တွေကို မေးမြန်းကြည့်ရာမှာလည်း သဘောမတူလို့ ပြောကြပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာလည်း အဲဒီအစီအစဉ်ကို မလိုလားတဲ့ အင်းတိုင်း ရင်းသားတွေရဲ့အသံတွေ တွေ့ရတာပါ။