• Today is: Friday, March 29, 2024

လွိုင်ကော် စစ်ကောင်စီအမြောက်တပ်က အရပ်သားများ သီးသန့်နေထိုင်တဲ့ ကုန်းသာကျေးရွာထဲ ပစ်မှတ်ထား လက်နက်ကြီး ပစ်ခတ်လို့ အရပ်သား ထိခိုက် သေဆုံးမှုရှိ

ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၇
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်ထဲက အရပ်သားတွေနေထိုင်တဲ့ ကုန်းသာကျေးရွာထဲကို ပစ်မှတ်ထားပြီး လွိုင်ကော် စစ်ကောင်စီ အမြောက် တပ်က ဒီကနေ့ ညနေပိုင်း ၃ နာရီခန့်မှာ လက်နက် ကြီး (၆)လုံး ပစ်ခတ်ခဲ့တာ ကြောင့် ကျေးရွာနေ အရပ်သားပြည်သူများနှင့် နေအိမ်များ ထိခိုက်မှု ရှိခဲ့သလို သက်ကြီးပိုင်း တဦး သေဆုံးပြီး တဦးပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦး ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က ကုန်းသားကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ် တာဟာ ကာကွယ်ရေး တပ်ဖွဲ့များလည်း မရှိ၊ တိုက်ပွဲလည်းမရှိဘဲ အရပ်သား သီးသန့်နေထိုင်တဲ့ ကျေးရွာထဲက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ပစ်ခတ်ခဲ့ တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်နီဒေသမှာ စစ်ရေးအရ ထိခိုက်မှု ကြီးမားစွာ ကြုံတွေ့ နေရကာ ဒေသကာကွယ်ရေး တပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု များ လည်း ခံနေရတာကြောင့် အခုလို အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်လာတာဖြစ်တယ်လို့ ဒေသခံတို့ကို ဆိုပါတယ်။
တိုင်းရင်းသားလူမျိုးစု ဒေသတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့ဟာ အခုလိုအရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက် လာတာဟာ ၎င်းတို့တပ်ဖွဲ့က စစ်ရေးအရ အရေးနိမ့်ထိခိုက်မှု များလာတဲ့အခါ အမြဲတမ်းပြုလုပ်လေ့ရှိတဲ့ အမူအကျင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြပါတယ်။