• Today is: Friday, March 29, 2024

NUCC ရဲ့ ဦးဆောင်မှုနှင့် နွေဦးတော်လှန်ရေး

NUCC ရဲ့ ဦးဆောင်မှုနှင့် နွေဦးတော်လှန်ရေး(စကားဝိုင်း အနှစ်ချုပ်)

၁။ ဖက်ဒရယ်ပဋိဉာဉ်စာတမ်း အပိုင်း (၂) မှာ ဖော်ပြထားတဲ့ ပြည်သူ့ညီလာခံ၊ NUCC, NUG , CRPH စတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတာဝန်နဲ့ ကွာခြားချက်တွေကို ပြောပြပေးပါခင်ဗျာ။

ဒေါက်တာဆလိုင်းလျန်မှုန်း၊ ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။

  • လက်ရှိနွေဦးတော်လှန်ရေးဟာ De- Jury လို့ ခေါ်တဲ့    နဲ့ De- Facto လို့ခေါ်တဲ့  အာဏာနှစ်မျိုးလုံး ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ NUCC မှာ စုဖွဲ့မှု ငါးခုနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး  စုပေါင်းခေါင်းဆောင်မှုနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ဖက်ဒရယ်ပဋိဉာဉ်စာတမ်းအရ ပြည်သူ့ညီလာခံဟာ အမြင့်ဆုံးအာဏာကို စွဲကိုင်ထားပြီး NUCC အဖွဲ့များနဲ့ ပူးပေါင်းထားပြီး တစ်နှစ်တစ်ကြိမ် ညီလာခံ ကျင်းပပါတယ်။

၂။ NUCC နှင့် ခေတ်အဆက်ဆက် ဖွဲ့စည်းခဲ့တဲ့မဟာမိတ်စုဖွဲ့မှုများရဲ့ ကွာခြားချက်များကို ပြောပြပေးပါခင်ဗျာ။

ဗဒိုစောတာနီး၊ ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး။

  • မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ တော်လှန်ရေးတိုင်းမှာ KNU က ဦးစီးဦးဆောင်ပြုလုပ်ပေးခဲ့သလို တပ်ပေါင်းစုတိုင်းမှာလည်း KNU က ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တော်လှန်ရေးမှာ အရင်းအမြစ်တွေကို အင်တိုက်အားတိုက် စိုက်ထုတ်ပြီး တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကို မွေးထုတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကြီးဟာ တမူထူးခြားပြီး ပြည်သူတရပ်လုံးအင်တိုက်အားတိုက် ပါဝင်တဲ့ တော်လှန်ရေးကြီး ဖြစ်သလို ပြည်သူတွေကိုယ်တိုင် အရင်းအမြစ်စိုက်ထုတ်ပြီးတော့ တော်လှန်တဲ့ ပွဲကြီး ဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးမှာ အရပ်ဘက်လူ့အဖွဲ့အစည်း (CSOs, CBOs) တွေ ပိုမိုပါဝင်လာတာ တွေ့ရပါတယ်။ တော်လှန်ရေးမှာ တိုက်ရိုက်မပါဝင်နိုင်သေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တက်နိုင်တဲ့ဖက်က လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ထူးခြားချက်က ယခင်တော်လှန်ရေးက အထက်အောက်ပုံစံ စုဖွဲ့မှုတွေလုပ်ခဲ့ပေမဲ့၊ နွေဦးတော်လှန်ရေးမှာ အောက်မှ အထက်သို့ ပုံစံမျိုးနဲ့ စုဖွဲ့မှုတွေနဲ့ လှုပ်ရှားဆောင်ရွက်လာြကပါတယ်။ 

ကိုနန္ဒာစစ်အောင်၊ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA)

  • လွတ်လပ်ရေးအကြိုကာလကတည်းက မြန်မာပြည်မှာ နိုင်ငံရေးမူဝါဒပေါ် အခြေခံပြီးတော့ တပ်ပေါင်းစုများစွာ ရှိခဲ့ကြတယ်။ အရင်နိုင်ငံရေး၊ တပ်ပေါင်းစုတွေနဲ့ မတူတာက NUCCမှာ ရှင်းလင်းတဲ့ Road Map, တိကျတဲ့ ကာလအပိုင်းအခြား နဲ့ ဥပဒေအရ စည်းနှောင်မှုတွေ ရှိပါတယ်။

၃။ ယခုနွေဦးတော်လှန်ရေးကြီး အောင်နိုင်ဖို့အတွက် စစ်ကောင်စီ အတိုက်အခံတွေအားလုံး အဘယ်ကြောင့်အတူတကွလုပ်ဆောင်ဖို့ အရေးပါသလဲခင်ဗျာ။

ဒေါက်တာဆလိုင်းလျန်မှုန်း၊ ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။

  • လက်ရှိနွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေဟာ ဘုံပန်းတိုင်တူကြပါတယ်။ အာဏာရှင် မှန်သမျှ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့နဲ့ ပင်လုံစာချုပ်မှာ ဖော်ပြထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေး၊ ဒီမိုကရေစီအရေးကို အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းသွားကြမယ်လို့ ပြောကြားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးဟာ NLD နဲ့ စစ်တပ်ကြားက ပြဿနာလို့ တွေးထင် ကြတာရှိပေမဲ့ ယနေ့နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် ဆင်နွဲခဲ့ကြတဲ့ စစ်အာဏာရှင် အမြစ်ပြုတ်ရေး ဖြစ်ပြီး မြန်မာ တမျိုးသားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လူထုတရပ်လုံးနဲ့ အတူ ကြိုးပမ်းသွားပါမယ်။

၄။ နွေဦးတော်လှန်ရေးမှာ နှစ်ပေါင်းများစွာ တော်လှန်ခဲ့တဲ့ EROs/ EAOs တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါသလဲ။

ဗဒိုစောတာနီး၊ ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး။

  • အဖွဲ့အစည်းတွေအနေနဲ့ ရည်မှန်းချက်ဘယ်လိုဘဲ ရှိရှိ၊ စစ်အာဏာရှင် မတိုက်ဖျက်နိုင်သရွေ့ အိပ်မက်သက်သက်သာ ဖြစ်သွားမှာ ဖြစ်တယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်မှာ ထွက်ပြေးလာတဲ့ လူငယ်များကို EAOs/ EROs တွေက ထိန်းသိမ်းပေးပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကို လုပ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။ မျှော်မှန်းထားတဲ့ အနာဂတ်ပန်းတိုင်ကို နည်းလမ်းမှန်မှန်နဲ့သွားဖို့အတွက် EAOs/ EROs တွေအားလုံးမှာ တာဝန်ရှိပါတယ်။ လက်ရှိ စစ်ကောင်စီနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးမယ်ဆိုရင်လည်း ရေတိုဘဲ ခံမယ်။ အာဏာရှင်စနစ် အမြစ်ပြတ်မှာ မဟုတ်ဘူး။

၅။ ယခုနွေဦးတော်လှန်ရေးတွင် အရပ်ဘက်အဖွဲ့အစည်းတွေ ဘာကြောင့် အရေးပါလဲ ဆိုတာ ပြောပေးပါအုံးခင်ဗျာ။

ကိုနန္ဒာစစ်အောင်၊ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA)

  • နွေဦးတော်လှန်ရေးက ပြည်သူတစ်ရပ်လုံးနဲ့ EROs တွေရဲ့ ပန်းတိုင်တွေက အတူတူဘဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တွေ့ကြုံခဲ့တဲ့တော်လှန်ရေးဖြစ်ရပ်တွေအရ ကာလကြာရင် ပြဿနာတွေ ပိုများနိုင်တာ ကြောင့် လက်ရှိတော်လှန်ရေးဟာ အချိန်ပိုတိုဖို့ လိုအပ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တွေအနေနဲ့ လူသားဆန်မှုကို အခြေခံပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ယခုအခြေအနေမှာ လူထုလူတန်း စားအားလုံး ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုကို ရရှိနိုင်ဖို့ CSOs က စွမ်းဆောင်နိုင်တယ်လို့ ပြောြကား ခဲ့ပါတယ်။

၆။ ဖက်ဒရယ်ပဋိဉာဉ်စာချုပ်မှာ ပါဝင်တဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်တွေ၊ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး ပြောကြားပေးပါအုံးခင်ဗျာ။

ဒေါက်တာဆလိုင်းလျန်မှုန်း၊ ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။

  • ဖက်ဒရယ်ပဋိဉာဉ်စာချုပ် ချုပ်ဆိုနိုင်ခြင်းဟာ ပင်လုံစာချုပ်ပြီးရင် ပြည်ထောင်စုမှာ အကြီးဆုံး အောင်မြင်မှုကြီးတစ်ခု ဖြစ်သလို ကျွန််တော်တို့ အသက်ပေါင်းများစွာ ပေးပြီး ပြောခဲ့ကြတဲ့ နိုင်ငံရေး အခြေခံမူများအားလုံးရဲ့ အနှစ်သာရ ဖြစ်သလို နွေဦးတော်လှန်ရေးရဲ့ နောက်တဆင့် တက်လှမ်းနိုင်ခဲ့တဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။ စုဖွဲ့မှုအပိုင်းမှာလည်း တော်လှန်ရေးသမိုင်းမှာ အတိုက်အခံများ အညီအညွတ်ဆုံးလို့တောင် ပြောလို့ရပါတယ်။ ပြည်နယ်တွေ အားလုံးပါဝင်နိုင်ဖို့ ကြိုးပမ်းနေသလို၊ ပြည်မဘက်မှာလည်း ဖက်ဒရယ်ယူနစ်တွေ ကိစ္စ ပြင်ဆင်ဖို့ရန် လိုအပ်ပါတယ်။ လက်ရှိ NUCC မှာ တစ်နှစ်စာ အစီအစဉ်တွေ အသေးစိတ် ရေးဆွဲထားတာ ရှိသလို ဆက်ပြီးလည်း အကောင်အထည်ဖော် ရေးဆွဲရမှာ ဖြစ်ပါတယ်။

၇။ NUCC မှာ ပါဝင်တဲ့ အစုအဖွဲ့တွေ နုတ်ထွက်တယ်။ သဘောထား မတူထားတွေ များလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောပေးပါခင်ဗျာ။

ကိုနန္ဒာစစ်အောင်၊ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA)

အားလုံးပါဝင်နိုင်ဖို့ရန်အတွက် နေရာဒေသကလည်း စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာ နေထိုင်သူများရဲ့ လုံခြုံရေးက စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာ အတွင်းစည်းပြဿနာတွေ ရှိကြတဲ့အတွက် NUCC မှာ မပါဝင်နိုင်သေးပေမဲ့ တော်လှန်ရေးမှာ ပုံစံမျိုးစုံ ပါဝင်ကူညီပေးနေတာတွေရှိပါတယ်။

NUCC က စုပေါင်းခေါင်းဆောင်မှုနဲ့ အများသဘောတူ (Consensus) သွားတဲ့အခါကျတော့ အချို့အပိုင်းတွေမှာ အချိန်ကြန့်ကြာမှုတွေရှိပါတယ်။ ပြည်သူတွေအနေနဲ့ ကျရာနေရာမှာ တာဝန်ကျေပွန်စွာ ဆောင်ရွက်နေတယ်လို့ ပြောြကားခဲ့ပါတယ်။ မပါဝင်သေးတဲ့ အဖွဲ့များအနေနဲ့ သေချာစဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

၈။ ချိတ်ဆက်မှုများ အားကောင်းနိုင်ဖို့ရန်လုပ်သင့်တဲ့ အရာတွေကို ပြောကြားပေးပါအုံး။

ဗဒိုစောတာနီး၊ ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး။

  • NUCCထဲမှာ ပါတဲ့သူတွေကော၊ မပါတဲ့သူတွေကော လက်ရှိတော်လှန်ရေးမှာ ခြေလှမ်းတစ်လှမ်း အမြဲတမ်းကြိုရောက်နေဖို့ လိုပါတယ်။ အဲဒါမှ အခက်အခဲများ ကျော်လွှာနိုင်ပါမယ်။ စည်းကမ်းရှိရှိနဲ့ တရားမျှတရေး၊ သင့်မြတ်ရေးတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။