• Today is: Friday, March 29, 2024

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၀) ထူထောင်ခြင်း (၁)နှစ်ပြည့် အခမ်းအနားမြင်ကွင်း

ဓါတ်ပုံ – KNDF B (10)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၈

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ်(၁၀) ဖွဲ့စည်းထူထောင်ခြင်း (၁) နှစ်ပြည့်တဲ့ အခမ်းအနားတစ်ရပ်ကို မနေ့ အောက်တိုဘာလ (၂၇) ရက်နေ့က တပ် ရင်း (၁၀) နယ်မြေထဲမှာ အကျဥ်းချုပ် ကျင်းပပြုလုပ်ခဲ့တဲ့မြင်ကွင်း တွေ့ရတာပါ။

ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများဖြင့် ရှေ့ဆက်ခဲ့ရတာဖြစ်ပြီး တစ်နှစ်တာကာလအတွင်း တပ်ရင်းအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့များကို တွန်းလှန်တိုက်ခိုက်ရင်း အောင်မြင်မှုများရရှိခဲ့သလို မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် ရဲဘော်များလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးနှင့်အတူ လူငယ်အများစုဖြင့် ပေါက်ဖွားလာခဲ့သော KNDF တပ်ရင်း(10) ဟာ ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများဖြင့် စစ်အာဏာရှင်စနစ်နှင့်အတူ စစ်ကောင်စီကို အမြစ်ပြက် ချေမှုန်းနိုင်ရန် ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်ပြီး ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများကိုလည်း ဆက်လက် တောင်းခံလိုတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်ရင်း တည်ထောင်ချိန်မှစပြီး ယနေ့ချိန်ထိ အဖက်ဖက်မှ ကူညီထောက်ပံ့ပေးခဲ့သော ပြည်သူအားလုံး နှင့် အမြဲလက်တွဲလုပ်ဆောင်ပေးခဲ့သော တော်လှန်ရေးအင်အားစု အသီးသီးကိုလည်း ကျေးဇူးတင် စကားဆိုထားပါ​သေးတယ်။

KNDF တပ်ရင်း အမှတ် (၁၀) အနေဖြင့် လိုအပ်ချက်များစွာ ရှိနေသော်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန် (KNDF)၏ သစ္စာအဓိဌါန် (၅)ချက်နဲ့အညီ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။