• Today is: Friday, March 29, 2024

တနိုင်းမြို့ထဲက လီဒိုလမ်းမပေါ်မှာ KIA နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲဖြစ်

တနိုင်းမြို့ထဲက လီဒိုလမ်းမပေါ်မှာ KIA နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲဖြစ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက လီဒိုလမ်းမပေါ်မှာ တည်ရှိတဲ့ နန်ဖစ်နဲ့ တင်းကောက်(ဘန်ကောက်) ကျေးရွာ အနီးမှာ KIA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ KIA သတင်း အရင်းအမြစ်အရ သိရပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲဟာ မနေ့က နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်ခန့် မှာ အင်အား ၃၀ ခန့်ပါတဲ့ ခလရ (၂၉၇)တပ်က စစ်ကောင်စီတပ်ဖွဲ့တို့ဟာ KIA တပ်မဟာ ၂၊ တပ်ရင်း ၄၃ နယ်မြေထဲ ကျူးကျော် ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီ ခလရ (၂၉၇) စစ်ကောင်စီတပ်ဖွဲ့တို့ဟာ နန်ဘရူ၊ နန်ခမ်း နှင့် ဂျထူးဇွပ် မော်ဧရိယာများ လှုပ်ရှားလျက် ရှိတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တို့ဟာ ကချင်ဒေသများမှာ နေ့စဉ် စစ်အင်အားတိုးချဲ့ ဖြည့်တင်းလျက်ရှိပြီး၊ ရိက္ခာများ ကိုလည်း သယ်ယူဖြည့်တင်းလျက်ရှိတယ်လို့ မျက်မြင်ဒေသခံများက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်း ၁ ရက်နေ့က စပြီး စစ်ကောင်စီတပ်ဖွဲ့တို့ဟာ KIA တပ်မဟာ ၂၊ တပ်ရင်း ၆ နယ်မြေဘက်မှာလည်း စစ်အင်အားတိုး ဖြည့်တင်းလျက်ရှိပြီး တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများကိုလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။