• Today is: Wednesday, April 24, 2024

အာဏာသိမ်းမှုအလွန် ၂၀၂၂ခုနှစ် နိုဝင်ဘာလ( ၃၀ )ရက်နေ့အထိ ပဋိပက္ခများကြောင့် ကရင်နီဒေသမှာ အရပ်သား သုံးရာဝန်းကျင်ထိ သေဆုံးမှုရှိလာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂
 
အာဏာသိမ်းမှုအလွန် ၂၀၂၂ခုနှစ် နိုဝင်ဘာလ( ၃၀ )ရက်နေ့အထိ ပဋိပက္ခများ ကြောင့် ကရင်နီဒေသမှာ အရပ်သား သုံးရာဝန်းကျင်ထိ သေဆုံးမှုရှိလာတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က သတင်းထုတ်ပြန်ပါတယ်။
 
PKPF ၏ ဖော်ပြတဲ့ စာရင်းများအရ
 
– အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ( ၂၈၄ ) ဦး
– စစ်ရှောင်သေဆုံးသူ ( ၁၁၆ )ဦး
 
– KNDF/PDF/KA ကျဆုံးသူ (၁၈၄ ) ဦး
– တိုက်ပွဲအကြိမ်အရေတွက် ( ၅၄၅ ) ကြိမ်
– လေကြောင်းတိုက်ခိုက်မှု (၁၇၃ )ကြိမ်
– ဘာသာရေးအဆောက်အုံးပျက်စီးခံမှု (၂၇)လုံး
– ပျက်စီးသွားသည့်အိမ် (၁၂၉၃) လုံး
– စကစသေဆုံးသူ (၁၆၅၆) ဦး
– စကစယာဥ်တန်ပျက်စီးမှု (၅၈) စီး
– မတရားဖမ်းဆီးခံရသူ (၂၇၈) ဦး