• Today is: Friday, March 29, 2024

တီးတိန်မှာ စစ်ကောင်စီတပ်နဲ့ PDF -Zoland၊ CDF-Siyin ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၆
ချင်းပြည်နယ်၊ တီးတိန်မြို့အနီးက ဆဲဇာန်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ ကာ ကွယ်ရေးတပ်(PDF-Zoland)နဲ့ (CDF)-CDM Siyin ပူးပေါင်းတပ်ဖွဲ့ အတူသွားရောက် တိုက် ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနှစ်ဖက် တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှု များပြားခဲ့တယ်လို့ (CDF)-CDM Siyin က ထုတ်ပြန်ပါတယ်။
တီးတိန်အခြေစိုက် အင်အား ၄၀ ခန့်ပါတဲ့ ခလရ(၂၆၉)တပ်ရင်း စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ဆဲဇာန်ရွာက စာသင် ကျောင်းမှာ ရောက်ရှိလာပြီး တပ်စွဲနေတာပါ။
တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်ကို ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ PDF-Zoland နဲ့ CDF CDM Siyin တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်က အထိနာခဲ့သလို ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦးလည်း လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က အကျအဆုံး ရှိပြီး အမြောက်အများ ဒဏ်ရာရကာ ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။