• Today is: Thursday, March 28, 2024

ရသေ့တောင်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး (၂၀) ဦး နုတ်ထွက်စာတင်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၇
ရသေ့တောင်မြို့နယ်၊ ကူတောင်နယ်မြေထဲက ကျေးရွာအုပ်စု(၁၉)အုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၂၀) ဦးသည် ယမန်နေ့ ဒီဇင်ဘာ (၁၆) ရက်နေ့တွင် နုတ်ထွက်စာတင်လိုက်ကြတယ်လို့ ဒေသသတင်း တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
နုတ်ထွက်စာတင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်နယ်မြေမှ ကပ်ချောင်း၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဦးဂါ၊ ကံပြင်၊ ပန်ဇင်းမော်၊ ကြက်ရိုးဆပ်၊ ညောင်ပင်လယ်၊ ဇီးကိုင်း၊ လက်ပံပင်ရင်း၊ အနောက်ပြင်(မူဆလင်)၊ ကူတောင်၊ မြင်းကန်းချောင်း၊ ဖြူချောင်း၊ ရေပိုက်ဆုံ၊ မင်းဂံ၊ သာစည်ထောင့်၊ ကျွန်းကြီး နှင့် ရွှေလောင်းတင် ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြ တယ်လို့ ရခိုင်သတင်းဌာန နိရဉ္စရာက ဖော်ပြထားတာပါ။
နုတ်ထွက်စာတင်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ရပ်သူ၊ ရွာသားများက သဘောမကျမှု၊ ULA နှင့် စစ် ကောင်စီကြား တာဝန်ထမ်းဆောင်ရသည့် အခက်အခဲများအပြင် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုတော့၍ ဖြစ်တယ်လို့ နိရဉ္စရာကို ပြောထားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးရေ ၇ဝ ကျော် သည်လည်း စစ်ကောင်စီ လက်အောက်တွင် တာဝန် မထမ်းဆောင်လို၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ခဲ့ကြသေးတယ်လို့ သိရပါတယ်။