• Today is: Thursday, March 28, 2024

ရေး ခလရ ၅၈၆ တပ်ရင်းကို ရေးဘီလူးအဖွဲ့မှ သွားရောက်ပစ်ခတ်၊ စစ်သား ၄ ဦး သေဆုံး

ဓါတ်ပုံ – Ye ဘီးလူး 
ဖက်ဒရယ်ဂျာနယ် မြန်မာ | ဒီဇင်ဘာ ၂၀
 
မွန်ပြည်နယ် ၊ ရေးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ ရေး ဘီးလူးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက် အင်္ဂါနေ့မှာ စစ်ကောင်စီ ခလရ ၅၈၆ တပ်ရင်းကို RPG အပါအဝင် လက်နက်ငယ်များဖြင့်ပါ အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ သိပါတယ်။
 
အဆိုပါ တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရေးဘီလူးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
 
“ရေးမြို့ကိုလည်း အကောင်းဆုံး မစ်ရှင်များပြုလုပ်သွားပါမယ်။ ပြည်သူတွေကိုလည်း ကာကွယ်သွားပါမယ်” လို့ ရေးဘီလူးအဖွဲ့ တာဝန်ခံမှ ပြောထားပါတယ်။
 
ဤတိုက်ခိုက်မှုမှာ ယခု အပတ်အတွင်း ခလရ ၅၈၆ ကို ဒုတိယအကြိမ်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ဘန်ကာများကိုလည်း ဖြိုဖျက်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှု အပြီးမှာ ရေးဘီလူးအဖွဲ့သားများမှာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရပါတယ်။