• Today is: Friday, March 29, 2024

ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရ၊ နှစ်ဦးသေဆုံးမှုရှိ

PDF(Kalay) – ထုတ်ပြန်ချက်
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၁
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲက အဖွဲ့စက်မှ ကလေးမြို့နယ် တောင်ပိုင်းသို့ အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဟာ ဇင်းကလင်းကျေးရွာနှင့် ထိုမာကျေးရွာကြားမှာ PDF (Kalay) မိုင်းတပ်ဖွဲ့၏ အသင့် တပ်ဆင်ထားသော မိုင်းဖြင့် ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၆ မိနစ်အချိန်ခန့်က ဖောက်ခွဲ တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
 
အဆိုပါ မိုင်းဖောက်ခွဲ တိုက်ခိုက်မှုအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲဝင် ၂ ဦးသေဆုံးပြီး ကျန်တပ် ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိတယ်လို့ PDF(Kalay) ဘက်က သတင်းထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီတပ်ဖွဲများဟာ မိုင်းပေါက်ကွဲသည့် အနီးပတ်ဝန်းကျင်၌ ၁၀ မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီး ထိုမာကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာအတွင်းရှိ အရပ်သား ပြည်သူ ၆ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။