• Today is: Friday, March 29, 2024

ကိုးကန့်၊ နမ့်ဖာတောင်အနီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ 

ဓာတ်ပုံ – The KoKang
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၄
 
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ၊ နမ့်ဖာတောင်အနီးတွင် မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ် တပ်မတော် (MNDAA) က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ လက်နက် ခဲယမ်း များ သိမ်းဆည်းရမိတယ်လို့ The Kokang က သတင်းထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် မတော် (MNDAA) က တိုက်ပွဲများ ဖြစ်ပွားခဲ့တဲ့ နန့်ဖာတောင်အနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီ တပ်၏ သေနတ် ၁လက်၊ ကျည်များ ၊ RPG များ၊ ကျည်များ၊ အီနီဂါများ ၊ အမြောက်ကျည်ဆန်များ အပါ အဝင် လက်နက်ခဲယမ်းများ၊ စကားပြောစက်များ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း ပစ္စည်းများ သိမ်းဆည်းမိသော နေရာ သည် နိုဝင်ဘာ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားတဲ့နေရာဖြစ်ပြီး MNDAA ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်က အထိ နာသဖြင့် သေဆုံးမှုများစွာဖြင့် ထွက်ပြေးသွား သည့် နေရာဖြစ်တယ်လို့ သိရပါတယ်။