• Today is: Friday, March 29, 2024

ရှမ်းတောင်၊ ဆီဆိုင် အခြေစိုက် ခမရ (၄၂၄) တပ်ရင်းက တပ်ကြပ်တဦး KNDF ထံ ခိုလှုံ

KNDF / B-12 (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၆
 
ရှမ်းပြည်နယ်​တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အ​ခြေစိုက် ခမရ (၄၂၄)တပ်ရင်းမှ တပ်ကြပ် ခွန်​ပေဒိဟာ စစ်ကောင်စီ၏ ပြည်သူများအ​ပေါ် မတရား​သောလုပ်ရပ်များလုပ်​ဆောင်​နေခြင်းကို မနှစ်မြို့​သော​ကြောင့် အမှန်တရားဘက်သို့ ရပ်တည်လာခဲ့တာလို့ သိရပါတယ်။
 
တပ်ကြပ် ခွန်​ပေဒိဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နေ့က လက်နက်နှင့် တကွ KNDF တပ်ရင်း အမှတ် (၁၂) ထံသို့ CDM ပြုလုပ်ပြီး ဝင်​ရောက် ခိုလှုံခဲ့တာပါ။
 
KNDF တပ်ရင်းအမှတ်(၁၂) ဖက်ကလည်း အမှန်တရားဘက်သို့ ရပ်တည်လာ​တဲ့ CDMတပ်သားကို ဂုဏ်ပြုဆု​ငွေများလည်း​ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
 
ယခုကဲ့သို့ ပြည်သူအားမျက်နှာမူ၍ အမှန်တရားဘက်သို့ ထပ်မံကူးပြောင်း လာလိုသူများကို ​နွေး​ထွေးစွာ ကြိုဆို လျက်ရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။