• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 93, December 27, 2022)

၁။ ကော့ကရိတ်တွင် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး ဦးပဉ္စင်း ၁ ပါး ပျံလွန်တော်မူ
December 26, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ချောင်းတောင်ရပ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမအနီးက ရွှေကြက်မင်း ဘုန်းကြီးကျောင်းဝင်းအတွင်းကို ဒီဇင်ဘာ ၂၆ ရက် မနက် ၁၁ နာရီခွဲလောက်က ဒရုန်းဗုံးကျရောက် ပေါက်ကွဲလို့ ဦးပဉ္စင်း ၄ ပါးနဲ့ ကျောင်းသားတယောက် ထိမှန်ခဲ့ရာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ဦးပဉ္စင်းတပါး ပျံလွန်တော်မူ သွားပါတယ်။ ကျန်ဒဏ် ရာရှိသူတွေကို ကော့ကရိတ်ဆေးရုံကြီးဆီ ပို့ဆောင်ထားတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတယ်လို့ အနီးအနားကလူတွေက ဖုန်းဆက်လာတယ်။ အဲ့ကျောင်းက ဦးပဉ္စင်းလည်း ဖုန်းဆက် လာတယ်။ ကျနော်တို့ အရေးပေါ်လူနာတင်ယာဉ် ၃ စီးနဲ့ သွားကြိုလာတယ်။ ဦးပဉ္စင်း ၄ ပါး။ တပါးတော့ ပျံလွန်တော်မူသွား တယ်။ ကျောင်းသားလေး ၁ ယောက်အပါ အားလုံး ၅ ယောက်ပေါ့။ သွားကြိုလာပြီးတော့ ကော့ကရိတ်ဆေးရုံ ပို့ထား တယ်။” အဆိုပါဗုံးနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းရဲ့ ဒရုန်းဗုံးဆို တာကို သီးခြား အတည်မပြုနိုင်ပေမဲ့ စစ်ကောင်စီရဲ့ စကခ ၁၂ လက် အောက်ခံ အမြောက်တပ်နဲ့ ခလရ ၉၇ တပ်တွင်း ကနေ နေ့ရောညပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေချိန်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးကတော့ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေသလို နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံကျေးရွာတွေအတွင်းကို လက်နက်ကြီး နဲ့ ပစ်လို့ အရပ်သားပြည်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိမှန်သေဆုံးတာ၊ နေအိမ်တွေပါ ထိမှန်ပျက်စီးတာတွေ ရှိပါတယ်။ ဒီဇင်ဘာ ၁၉ ရက်က ကော့နွဲကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့ တဲ့အတွက် မြေးအဘိုးနှစ်ယောက် လက်နက်ကြီးထိမှန်ခဲ့ရာ မြေးဖြစ်သူ အသက် ၉ နှစ်အရွယ် ကလေးငယ် ညာဘက်မျက်နှာ လက်နက်ကြီးစ ထိမှန်ခဲ့သလို အသက် ၉၈ နှစ်အရွယ် အဘိုးဖြစ်သူဟာ လက်ဝဲဘက်ရင်ဘတ် ထိမှန်ခဲ့ပါတယ်။ တိုက်ပွဲတွေ ကြောင့် စစ်ကောင်စီက ကော့ကရိတ်-မြဝတီ (အာရှ)လမ်းကို ဒီနေ့အထိ ပိတ်ထားတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ နယ်စပ်ကုန် စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ ပါတယ်။ https://burmese.dvb.no/archives/570585

၂။ ဖားကန့်မြို့နယ် အကျဉ်းထောင်မှူး ၁ ဦးကို PDF အဖွဲ့ နေအိမ်အတွင်းသို့ ဝင်ရောက် ဖမ်းဆီး
December 26, 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဗိုလ်ကြီးအဆင့် အရာရှိဟောင်း အကျဉ်းထောင်မှူး ၁ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ၎င်း၏နေအိမ်တွင်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (UG BLACK K) အဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာလ၂၄ ရက် နံနက် ၁၁ နာရီကျော်တွင် ဖားကန့်မြို့နယ်၊ ဒွန်ဘန်အကျဉ်းထောင်မှူး ကိုင်ဇာလျန် ကို UG BLACK K အဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကိုင်ဇာလျန်သည် အမှတ် ၈၂၈ ခြေမြန်တပ်ရင်းတွင် ဗိုလ်ကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် အရပ်ဘက် ရဲအရာရှိသို့ ပြောင်းခဲ့ကာ၊ ဒွန်ဘန်အကျဉ်းထောင်မှူး ဖြစ် လာခြင်း ဖြစ်ကြောင်း သိရသည်။ UG BLACK K ပြန်ကြားရေး တာဝန်ခံက “သူ့အိမ်ကို ဝင်စောင့်ကြည့်ပြီး သူတယောက်တည်း ဂေါက်ရိုက်သွားဖို့ ပြင်ဆင် နေတဲ့ အချိန်မှာ ဝင်ဖမ်းတာပါ။ သူ့မိသားစုတွေက အဲဒီအိမ်မှာ မရှိဘူး။ သူကပြည်သူတွေကို အမျိုးမျိုးနှိပ်စက်နေတာ။ ယောကျ်ားကို ဖမ်းထားရင် သူ့မိန်းမကို တညလာအိပ်ပေး ပြန်လွှတ်ပေး မယ်ဆိုတဲ့ ပုံစံမျိုးတွေတောင် လုပ်တယ်။ မိန်း ကလေးတွေကို မုဒိမ်း ကျင့်တာ၊ ရိုက်နှက်ဖမ်းဆီးတာတွေ ကျနော်တို့ သတင်းရထားတာတွေထဲက တချို့ကို စစ်မေး တုန်းမှာ ဝန်ခံတယ်။ စစ် ကြောင်း တက်လာရင် စစ်ကောင်စီအတွင်း သတင်းပေးလည်း လုပ်လို့ ဖမ်းဆီးခဲ့တာ” ဟု ပြောသည်။ အလားတူပင် ဒီဇင်ဘာ ၂၄ ရက်ကလည်း ကော့သောင်းခရိုင်၊ မြိတ်-ထားဝယ်လမ်းတွင် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် ကော့သောင်းခရိုင်၊ ၉ မိုင်အကျဉ်း ထောင်မှ ဦးစီးမှူး သီရစိုး ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း-၁ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ https://www.facebook.com/theirrawaddyburmese/photos/a.682210471823108/6335800666464032/

၃။ စစ်ဘေးရှောင်တွေ နေထိုင်မှုများသည့် ထန်တလန်မြို့နယ် ကျေးရွာများအတွက် သောက်သုံးရေ အကူအညီပေး
December 26, 2022

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CNA နှင့် CDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်‌တွေ နေထိုင်မှုများပြား သည့် ကျေးရွာများတွင် ထန်တလန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ (TPAC) မှ သောက်သုံးရေ ရရှိနိုင်ရေးအတွက် အကူအညီပေးခဲ့ ကြောင်း သိရသည်။ “TPAC မှ စုံစမ်းလေ့လာမှုများ သေချာစွာပြုလုပ်ပြီးမှ ‌သောက်သုံးရေကူညီ ပေးဖို့ ကျေးရွာ ၁၁ ကို ရွေးချယ် ထားတယ်။ အဓိက စစ်ဘေးရှောင် နေထိုင်မှုပိုများတဲ့ရွာ၊ ရေသွယ်နိုင်ရေးအတွက် အခတ်ခဲရှိတဲ့ရွာနှင့် နွေရာသီမှာ သောက်သုံး ရေရှာပါးတဲ့ရွာတွေကို ရွေးချယ်ထားတယ်” လို TPAC က အသိပေးသည်။ လက်ရှိမှာ မွာလ်ကိုင်ရွာ၊ အာရ်ကျဲရ်ရွာ၊ ဆိုပူမ်ရွာ၊ ဖာရောန်ရွာ၊ ဟရီယာန်ခန်းရွာ၊ မွှန်လီပီရွာ၊ မွှန်ဟဲလ်ရွာ၊ ရှာလာမ်ရွာ၊ ဆီမှုရွာ၊ ထန်းဇန်ရွာနှင့် ဖုန်ကရွာ စသည့် ကျေးရွာ ၁၁ ကို သောက်သုံးရေအကူအညီများပေးအပ်နိုင်ခဲ့သည်။ https://www.facebook.com/thechinjournal2017/photos/pcb.406543 5233680709/4065434217014144/

၄။ ကော်ဘရာစစ်ကြောင်းရဲ့ သင်တန်းဆင်းပွဲကို NUG ဝန်ကြီးချုပ်တက်ရောက်၊ တောင်ပိုင်းစစ်ဒေသကို ပေးအပ်မယ့် သေနတ်အလက် ၅၀ ကို ပေးအပ်
December 26, 2022

KNU တပ်မဟာ ၆ နယ်မြေတွင် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေး အပ်ခဲ့ ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။ စစ်သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အစိုးရ၏ တစ်နှစ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာ မိတ်အဖွဲ့ များ နှင့် ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နေမှု၊ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက် ထား နိုင်မှု၊ တစ်ပြည်လုံး အတိုင်းအတာဖြင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီး ရယူ ဆောင်ရွက်ထားနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များအနက်မှ သေနတ် အလက် ၅၀ ကို ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ် ခဲ့ကြောင်း၊ CRPH မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ဂုဏ်ပြု ဆုငွေ ၁၀ သိန်းကျပ်ပေးအပ်ကြောင်း သိရှိရသည်။ https://www.facebo ok.com/khitthitpublictvchannel/photos/pcb.123158280625146/123158177291823/

၅။ ကရင်နီပြည်ရဲ့ ၆၀ ရာခိုင်နှုန်းအထက်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကထိန်းချုပ်ထားနိုင် တယ်လို့ ဥက္ကဌ ခွန်းဘီထူး ပြောကြား
December 27, 2022

ကရင်နီပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းအထက်ကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကထိန်းချုပ်ထားနိုင် နေပြီဖြစ် တယ်လို့ KNDF ဥက္ကဌ ခွန်းဘီထူး က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားလိုက် ပါတယ်။ “လက်ရှိပြည်နယ်ဧရိယာတစ်ခုလုံးကို အပိုင်း ၃ ပိုင်းခွဲထားတယ်။ ပထမတစ်ပိုင်းက လုံးဝထိန်းချုပ်ထားတဲ့ နယ်မြေ။ အဲဒါက တော့ ၆၀ ရာခိုင်နှုန်းအထက်မှာရှိတယ်လို့ ကျနော်တို့ကတော့ ယုံကြည်တယ်။ ပြီးရင်တော့ ၂၀ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်းသော မြေ တွေကတော့ ရှေ့တန်းမြေပြင်ပေါ့။ နှစ်ဖက်က တိုက်ပွဲအမြဲတိုက်နေတဲ့ နေရာ။ ဒါမှမဟုတ်လည်း ဘယ်သူမှ တပ်မစွဲနိုင်တဲ့ နေရာပေါ့။ မိုင်းတွေ။ ချောင်းပစ်တဲ့ နေရာတွေပေါ့။ လူထုတွေ မနေတော့ ဘူး။ နောက်ဆုံးနေရာကတော့ စစ်ကောင်စီတွေ ထိန်းချုပ်တဲ့နေမြေလို့ပြောရမယ်။ မြို့တွင်းနဲ့ လူထုတွေ အများဆုံး နေသေးတဲ့နေရာတွေပေါ့။ အဲဒီနေရာမှာ စစ်ကောင်စီတွေရှိ နေတယ်။ သူတို့အုပ်ချုပ်ရေး အတိုင်းအတာလေးတစ်ခုပေါ့။” လို့ ခွန်းဘီထူးက ပြောကြားလိုက်တာပါ။

လက်ရှိအချိန်မှာတော့ ကရင်နီပြည်မှာ တစ်နေ့ကို တိုက်ပွဲတစ်ကြိမ်ကနေ ငါးကြိမ်အထိ ဖြစ်ပွားနေတယ်လို့လည်း KNDF ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။ ဒါအပြင် အဆုံးအဖြတ်တိုက်ပွဲတွေ တိုက်ဖို့ ပြင်ဆင်ရမယ့် အခြေအနေမျိုးဖြစ်တယ်လို့ လည်း ခွန်းဘီထူး က ပြောထားပါတယ်။ အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်စစ် အားကောင်းကောင်းနဲ့ တိုက်ပွဲဝင်နေတဲ့ဒေသ တွေထဲမှာ ကရင်နီပြည်ထဲက ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်ရေး အရ အရေးပါတဲ့ ကရင်နီပြည်ကို စိုးမိုးနိုင် ရေးအတွက် အကြမ်းဖက်စစ်တပ်က လေကြောင်းရော ကုန်ကြောင်းကနေပါ ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်နွဲနေပေမယ့်လည်း ရှုံးနိမ့်နေဆဲပါ။ https://www.facebook.com/pvtvmyanmar/photos/a.11941265 3614170/503507641871334/

၆။ မီးဖွားခါနီးကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင်ဒေသခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ လာရောက်ဖမ်းဆီး
December 26, 2022

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှာ မီးဖွားခါနီးကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ဒေသခံအမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၂၅ ရက် မနက် ၈ နာရီခန့်က စစ်ကောင်စီတပ် လာရောက် ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးကို မိမိတို့နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခေါ် ဆောင်သွားတဲ့ အကြောင်းရင်းကို မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ” ကိုယ်ဝန်ဆောင်အမျိုးသမီးက တောင်ကြီး ကို ကလေးမီးဖွားသွားဖို့ ဆေးရုံရက်ချိန်းထားဆဲပါ စစ်သားတွေက အိမ်အထိရောက်လာကာ ယာယီဖမ်းဆီးခေါ်ဆောင်သွားမယ် ပြောပြီး စစ်ဆေးမေးမြန်းကြအုံးမှာပေါ့ မပေါ့မပါးနဲ့ဆိုတော့ ကိုယ်ချင်းစာကြည့်ပေါ့” လို့ ဖြစ်စဉ်အကြောင်းရင်းသိသူ တစ်ဦးက ပြောပါတယ်။

ရွာငံမြို့နယ်မှာ လက်ရှိဒေသတွင်း စစ်သားအင်အား ၁၆၀ အထက်နဲ့ စစ်ကြောင်းထိုးသွားလာနေတဲ့အပြင် ပြည်သူတွေ နေ အိမ်အတွင်းဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ၄င်းက ဆိုပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့က ဒေသတွင်း စစ်ကြောင်းထိုးလာမှုတွေကို မြှားကလေးကျေးရွာအနီးသစ်တောထဲမှာ စတင်တွေ့ရှိခဲ့ရတဲ့အပြင် ညအချိန်ကျေးရွာ ဘုန်းကြီး ကျောင်းတွေမှာ တပ်စွဲပြီး ယနေ့အရှေ့မြင် အနောက်မြင်တောင်ဘက်ကို စစ်ကြောင်းထိုးသွားလာနေတယ်လို့ ဒေသခံပြောပြ ချက်အရ သိရပါတယ်။ https://www.facebook.com/KhamSarNgor/photos/a.625260164310576/2233706380132605/

၇။ မူဆယ်မှာ ဆေးခန်းပိုင်ရှင်တစ်ဦး ပြန်ပေးဆွဲ ခံရ
December 26, 2022

ရှမ်းမြောက် မူဆယ်မြို့ ကောင်းမူးလွယ်က ဆေးခန်းပိုင်ရှင်တစ်ဦး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က လူတစ်စုရဲ့ ပြန်ပေး ဆွဲတာ ခံလိုက်ရကြောင်း နယ်စပ်လုပ်ငန်းရှင် အသိုင်းအဝိုင်း ဆီက သိရပါတယ်။ “၂၃ ရက်နေ့လို့ပြောတယ်။ လူတော့ မသေသေး ဘူး။ သူတို့ခေါ်တော့ ခေါ်သွားပြီလေ” လို့ ၎င်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ရက်ချိန်း ပြည့်သွားပြီး လူပြန်ပေးဆွဲ ခေါ်သွား ဆောင်သွားတာဖြစ်ဖို့ များတယ်လို့ ဆိုပါတယ်။ “ဟုတ်တယ်။ မူဆယ် ကောင်းမူးလွယ် နားလေးမှာလေ။ မိုးပြာ ဟိုတယ်နား လေးမှာ။ ဖုန်ခုန့် ဆေးခန်းလေ” လို့ သူက ဆက်ပြောပါတယ်။ ခြိမ်းခြောက်စာမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ ကျည် ၁ တောင့်ပါကာ မြန်မာလိုက ၃ ရက် အချိန်ပေးမယ်လို့ ရေးထားပေမယ့် တရုတ်လိုက ၁၀ရက် ရေးထားတယ်လို့ ဆိုပါတယ်။ “ဘောစိ ငါတို့အဖွဲ့ အခွန် လာကောက်မည်။ စာရောက် ဖုန်း 09-661 376 391 ဆက်သွယ်ပါ။ သုံးရက် အချိန်ပေးမည်။ သိန်း လေးဆယ်” ဆိုပြီး အဲဒီခြိမ်းခြောက်စာမှာ မြန်မာလို ရေးထားပါတယ်။

နယ်စပ်လုပ်ငန်းရှင် အသိုင်းအဝိုင်းတွေကတော့ အဖွဲ့အစည်းက မဟုတ်ကြောင်း ပြောကြပါတယ်။ “ဒီကောင်ကဝောာ့ ဓားပြပဲ။ သေချာတာပေါ့။ အဖွဲ့အစည်း မဖြစ်နိုင်ဘူး။ သူ့လက်ရေး ကြည့်လိုက်ရင်ကို သိသာတယ်” လို့ အမည်မဖော်လို သူ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။ ၂၀၂၂ ထဲမှာ မူဆယ်ခရိုင်အတွင်းရှိ တီးမရွာနဲ့ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကြူကုတ် (ပန်ဆိုင်း) စတဲ့မြို့တွေမှာ အုပ်စုဖွဲ့ပြီး ကလေး၊ လူငယ်၊ လူကြီးနဲ့ လုပ်ငန်းရှင်တွေကိုပါ ခြိမ်းခြောက် ဓားပြတိုက် ပြန်ပေးဆွဲ တာတွေ ပိုမိုများပြာလာကာ ‌ပြည်သူတွေအတွက် လုံခြုံမှု လုံးဝ မရှိတော့ဘူးလို့ ဆိုပါတယ်။ https://www.facebook.com/ phobo/?fbid=479407274366542&set=pcb.479407394366530

၈။ လက်နက်ကြီးရန်ကြောင့် ယာယီစာသင်ကျောင်းကို တောထဲတစ်နေရာမှာ ပြန်လည်ဖွင့်လှစ်
December 26, 2022

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ဒေါခရောခူကျေးရွာမှာပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းတုန်းက ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့တာကြောင့် စာသင်ကျောင်းကို တောထဲတစ်နေရာမှာ ဒီဇင်ဘာလ (၂၀) ရက်နေ့က ပြောင်းရွှေ့ဖွင့် လှစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီစာသင်ကျောင်းမှာ KG ကနေ Gread-5 အထိ ကျေးရွာသုံးရွာက ကျောင်းသားကျောင်းသူ စုစု ပေါင်း (၁၀၀) ကျော် ကို ဆရာ၊ဆရာမ ၄ ဦးတို့က သင်ကြားပေးနေတာဖြစ်ပါတယ်။ ၂၀၂၂– ၂၀၂၃ ပညာသင်နှစ်မှာတော့ အလယ် တန်းအထိ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဖရူဆိုမြို့နယ် ပညာရေးဘုတ် အဖွဲ့ဝင် ဆရာမတစ်ဦးက ပြောပါတယ်။ “ ဒီလာမယ့် ဒီနှစ်ဆန်းပိုင်းကျရင်တော့ ကျမတို့ အခြေအနေကြည့်ပြီးတော့ အခြေအနေ ဒီလိုပဲ ဆက်ဖြစ်နေမယ် ဆိုရင်တော့ အလယ်တန်းကို ကျမတို့ ဖွင့်ဖို့ရှိတယ်ပေါ့နော်။ ကျောင်းသား စာရင်းတွေလည်း လုပ်ပြီးသားပေါ့နော်။ အဲဒီအတွက်တော့ လိုအပ် ချက်ရှိတယ်ပေါ့ နော်။ အလယ်တန်းဆောင် ဆောက်ဖို့လေ။” လို့ ဖရူဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဆရာမတစ်ဦးက ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းဆောင်တွေ၊ စားရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ၊ သင်ထောက်ကူ ပစ္စည်းတွေ အခက်အခဲရှိတယ်လို့ သိရပါတယ်။ ကျောင်းသားကျောင်းသူတွေဟာ ဖတ်စာအုပ်တွေကို ၁ နှစ်နီးပါး အဟောင်းကို အသုံးပြုရတဲ့အတွက် လက်ရှိမှာ ဖတ်စာအုပ် အဓိက လိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ် ပညာရေးဘုတ် အဖွဲ့ဝင် ဆရာတစ်ဦးက အခုလိုပြောပါတယ်။“ လိုအပ်ချက်ကတော့ အများကြီးလိုတာပေါ့နော်။ ဘာလိုမလဲဆိုတော့ ကျနော်တို့ဖတ်စာအုပ်တွေ ဖတ် စာအုပ်က အရင်တုန်းက အဟောင်းပဲ ပြန်သုံးတယ်ကော ပြန်သုံးတော့ တစ်နှစ်သုံး ပြီးပြီ အခုက နောက်တစ်နှစ် ထပ်သွားပြီ ပြီးလို့ရှိရင် ဒီနှစ်ကုန်ပြီးရင် နောက်တစ်နှစ်ထပ်သွားဖို့ရှိတယ်ဆိုတဲ့ အနေအထားမျိုးကြတော့ ဖတ်စာအုပ်က အများကြီးလို အပ်တဲ့ အနေအထားမျိုးတော့ ရှိတယ် ဆိုတဲ့ အခြေအနေမျိုး တော့ ရှိတယ်ပေါ့နော်။” လို့ သူက ပြောပါတယ်။ ဖရူဆိုမြို့နယ် အတွင်း စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်ရှိနေပြီး စစ်ရှောင်စခန်းတွေမှာ ကျောင်းပေါင်း ၁၀၁ ကျောင်းကို ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%9c%e1%80%80%e1%80%ba%e1%8 0%94%e1%80%80

၉။ မြိတ်မြို့မှာ စစ်ကောင်စီက ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှုတွေ ပြုလုပ်လာ
December 26, 2022

မြိတ်မြို့မှာ စစ်ကောင်စီ တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ယခု ရက်ပိုင်း အတွင်း ဒေသခံ ပြည်သူများကို ဖမ်းဆီးမှုများ ပြန်လည် ပြုလုပ်လာပြီး နောက် ခြိမ်းခြောက် ငွေညှစ်တောင်းခံမှုများ ပြုလုပ်လာကြောင်း မြို့ခံများထံမှ သိရသည်။ စစ်တပ်က အာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ စ၍ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များနှင့် တော်လှန်ရေးလူငယ်များ ကို စစ်ကောင်စီက မတရားဖမ်းဆီးထောင်ချခြင်းပြုလုပ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူ အများစုမှာ မြိတ်မြို့ကနေထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ မြိတ်ဒေသခံ တစ်ဦးက“အခု မြိတ်မှာ ဖမ်းဆီးမှုတွေ နည်းနည်းပြန်စလာတယ်၊ လက်ရှိ ဖမ်းဆီးခံရတဲ့ သူတွေက နိုင်ငံရေးနဲ့ ဘာမှ မသက်ဆိုင်တဲ့ သူတွေကို ဖမ်းဆီးပြီး ငွေညှစ်ပြီး ပြန်လွတ်ပေးတာတွေ လုပ်လာတယ်”ဟု ပြောသည်။

လက်ရှိတွင် မြိတ်မြို့မှာ မတရား ဖမ်းဆီးမှုများကြောင့် စစ်အာဏာ ဆန့်ကျင် ပြုလုပ်သူများ နည်းပါး သွားပြီး အခုလို ပြစ်မဲ့ ပြည်သူများကို အကြောင်းပြချက် မရှိပဲ ဖမ်းဆီးကာ ငွေညှစ်တောင်းခံနေခြင်း ဖြစ် သည်။ “အရင်ကတော့ ဖမ်းဆီးခံရ သူ တွေက အများစုက နိုင်ငံရေး လုပ်တဲ့ သူတွေများတယ်လေ အခုက ဒီလူငယ်တွေက မြို့မှာ မရှိကြတော့ ဘူး တောခိုလက်နက် ကိုင်တာနဲ့ ပြည်ပ ထွက်ကုန်နာပဲ ရှိတယ်”လို့ ဖမ်းဆီးခံ နိုင်/ကျဉ်းဟောင်း တစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုကြောင့် ဖမ်းဆီးခံရသူများကို အကြောင်း အမျိုးမျိုးပြ ခြိမ်းခြောက်ပြီး တစ်ဦးလျင် ငွေကျပ် ၅ သောင်း မှ တစ်သိန်းအထိ တောင်ခံနေသည်ဟု သိရသည်။ https://www.facebook.com/photo/?fbid=49093506648083 3&set=a.2 69204948653847

၁၀။ လေးမြို့မြစ်တွင် စက်လှေမှောက်၍ မိန်းကလေးတစ်ဦး ပျောက်ဆုံးနေ
December 26, 2022

ရခိုင်ပြည်၊ လေးမြို့မြစ်တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က စက်လှေနစ်မြုပ်ပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံး နေကြောင်း ဒေသခံများထံမှ သိရသည်။ ပျောက်ဆုံးနေသူမှာ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်မှ အသက် ၁၆ နှစ် အရွယ် မအေးအေးနွယ် ဖြစ်ပြီး သူငယ်ချင်းများနှင့်အတူ အပျော်ခရီးသွားစဉ် မြက်ရိတ်ကျွန်း ကျေးရွာအနီးတွင် စက်လှေ နစ်မြုပ်သွား ခြင်းဖြစ်ကြောင်း စက်လှေသမားတစ်ဦးဖြစ်သူ ကိုစောမြတ် က ပြောသည်။ “ သူတို့က အပျော် ထမင်းချက်စားဖို့ဆိုပြီးတော့ သွားကြတာ။ စက်လှေ မောင်းတဲ့သူကလည်း သိပ်မမောင်းတတ် ဘူးထင်တယ်။ သွားတော့ အဲဒီရွာနားမှာ စက်လှေ နစ်မြုပ် သွားတာ။ တခြား လူတွေကတော့ ဘာမှမဖြစ်ဘူး။ အခုတော့ ရှာနေပါတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ စက်လှေတွင် မအေးအေးနွယ်နှင့်အတူ အလယ်ဈေးရပ်ကွက်မှ လူငယ် ၃ ဦး၊ မိန်းကလေး ၆ ဦးတို့ လိုက်ပါ ခဲ့ခြင်းဖြစ်သည်။ မအေးအေးနွယ်ကို လက်ရှိတွင် ကျေးရွာသားများက ရှာဖွေနေသော်လည်း မတွေ့သေးကြောင်း ကိုစောမြတ် က ဆက်ပြောသည်။ “ အဲဒီစက်လှေထဲမှာ လူငယ် ၃ ယောက်ပါတယ်၊ နောက်ပြီးတော့ မိန်းကလေး ၆ ယောက်ပါတယ်။ သူ့ကို တော့ အခုထိရှာမတွေ့သေးဘူး။ အခုက ဒီရေမြင့်တက်ချိန်ဖြစ်တော့ ဘယ်နေရာကို မျောပါသွားမှန်း မသိဘူး ” ဟု ၎င်းက ဆို သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာတွင် ရေနစ်မြုပ်ပြီး မိသားစုသုံးဦး သေဆုံးသွားခဲ့သည်။ https://www.facebook.com/dmgnewsagency/photos/a.466679383484478/2483079031844493/

၁၁။ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ လူနေအိမ် (၁၁၇၅)လုံး မီးရှို့ဖျက်ဆီး ခံရကာ စစ်ဘေးရှောင်ပြည်သူပေါင်း ၁ သိန်း ၄ သောင်းခန့် ရှိလာပြီလို့ ISP Myanmar ကထုတ်ပြန်
December 27, 2022

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ နေအိမ် မီးရှို့ခံ ရသည့် နေအိမ်အရေအတွက် (၁၁၇၅)လုံးနဲ့ စစ်ဘေးရှောင်ပြည်သူ ပေါင်း(၁၃၉၅၅၀) အထိရှိလာပြီလို့ ISP Myanmar ရဲ့ အစီရင် ခံစာမှာထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ “ချင်းပြည်နယ် ကမြို့နယ်ကိုးခုလုံးမှာ လက်နက်ကိုင် တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေ၊ စစ်ကောင်စီတပ်နဲ့ EAOs တွေအကြားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး မင်းတပ်မြို့နယ်မှာ တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်တယ်လို့ဆိုပါတယ်၊ ဒါ့အပြင် လေကြောင်း တိုက်ခိုက်ခံရမှု ၃၃ ကြိမ်ထက်မနည်းရှိခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားနေတဲ့ ပလက်ဝနယ်မှာတော့ လေကြောင်းတိုက်ခိုက်ခံရမှု (၂၇) ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ “ ISP Myanmar ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ချင်းပြည်နယ်အတွင်း နေအိမ်မီးရှို့ခံရမှုနဲ့ပတ်သက်လို့” လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေအတွင်း နေအိမ်နဲ့အဆောက် အဦ ၁၁၇၅ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့ဖျက်ဆီးခံရမှုတွေက ထန်တလန်မြို့နယ်မှာ အများဆုံးအရေအတွက်ဖြစ်ပြီး အဆောက် အဦပေါင်း (၁၀၁၁)လုံးထက်မနည်းမီးရှို့ဖျက်ဆီးခံခဲ့ ရတာလို့” အစီရင်ခံချက်မှာထည့်သွင်း ဖော်ပြထား ပါတယ်။ ချင်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်ထွက်ပြေး စစ်ဘေးရှောင် နေတာနဲ့ပတ်သက်လို့ “ ပဋိပက္ခတွေ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် ပေါင်း (၉၉၅၅၀) ဦး ထက်မနည်းရှိခဲ့ပြီး ဟားခါးမြို့နယ်မှာ ပြည်တွင်းစစ်ပြေးဒုက္ခသည်ပေါင်း ၃၅၀၀၀ ဦး ထက်မနည်းရှိခဲ့ပြီး အများဆုံးဖြစ်ပါတယ်၊ ဒါ့အပြင် ချင်းပြည်နယ်ကနေ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း (၄၀၀၀၀) ထက် မနည်းရှိခဲ့ပါတယ်”လို့ ISP Myanmarရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ https://www.facebook.com/photo?fbid= 543533517808984&set= a.273500801478925

၁၂။ မိုးကုတ်တွင် CDM ဝန်ထမ်းအပါအဝင် ၅ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချ
December 27, 2022

မန္တလေးတိုင်း၊ မိုးကုတ်မြို့က CDM ဆရာဝန်တဦးနဲ့ CDM ထွေအုပ်ဝန်ထမ်းတဦးအပါအဝင် ဖမ်းဆီးခံထားရသူ ၅ ဦးကို စစ်ကောင်စီက တရားရုံးက ဒီဇင်ဘာ ၂၆ ရက်မှာ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီ က သိရပါတယ်။ မိုးကုတ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက CDM ဝန်ထမ်း ကိုငြိမ်းချမ်း၊ သူ့ရဲ့ ဇနီးဖြစ်သူ မမိုးမိုးထွေးအောင်၊ ဖြူသေး (ခ) ကိုတင်ထွန်းအောင်၊ ကိုခန့် (ခ) ခန့်မင်းပြည့်နဲ့ မိုးကုတ် ပြည်သူ့ ဆေးရုံက CDM ဆရာဝန် ဒေါက်တာရွှေရည်ဝင်းတို့ကို စစ်တပ်ကဖမ်းဆီးပြီး တနှစ်အကြာမှာ သပိတ်ကျင်းခရိုင် တရားရုံးကန အမိန့်ချမှတ်ခဲ့တာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။

“လေးယောက်က ဖမ်းခံထားရတာ တနှစ်ပြည့်ပြီ၊ အတူတူ အဖမ်းခံထားရတာ၊ ကိုငြိမ်းချမ်းတို့ နေအိမ်လည်း ချိပ်ပိတ်ခံ ထားရတယ်။ သူက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုတော့ စစ်မေးရင်း ပုဒ်မ ၅၀ ထိ စွဲချက်တင်ခံရတာ။ သူ့မိန်းမက တော့ ဘာမှ မလုပ်ဘူး၊ ဖမ်းခံထားရတယ်။” CDM ထွေအုပ်ဝန်ထမ်း ကိုငြိမ်းချမ်းတို့ ဇနီးမောင်နှံမှာ အသက် ၃ နှစ်၊ ၉ နှစ်နဲ့ ၁၂ နှစ်အရွယ် သားသမီးငယ် သုံးယောက် ကျန်နေပြီး အမျိုးတွေက စောင့်ရှောက်ပေးထားရတယ်လို့ သိရပါတယ်။ စစ်တပ်က ကိုငြိမ်းချမ်းတို့ကို မနှစ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အိုးဘိုထောင်မှာ အကျဥ်းချခံထားရပြီး နောက် တနှစ်အကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့ တာ ဖြစ်ပါတယ်။ https://burmese.dvb.no/archives/570617

၁၃။ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး ၊ စစ်ရဟတ်ယာဉ် ဆင်းသက်စဉ် KNLA က ဝင်ရောက်ပစ်ခတ်
December 27, 2022

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ က တရားဝင်သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့ အထိ KNLA တပ်များ နှင့် စစ်ကောင်စီတပ် ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီ ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ဖော်ပြထားသည်။ KNLA အမှတ် ၅ တပ်မဟာ မှ ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် စစ် ကောင်စီတပ်၏ ရဟတ် ယာဉ် နှစ်စီး လယ်တိုးစခန်းသို့ လာရောက်၍ တစ်စီး က လမ်းရှင်းပစ်ခတ်မှုပြုလုပ်ပြီး ကျန်တစ်စီး ဆင်းသက်ချိန်တွင် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှု စာရင်းကို မသိရှိရသေးကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ဆိုသည်။

ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် KNLA တပ်ဖွဲ့ဝင် များသည် လူသောမြို့နယ်အတွင်းရှိ လယ်မူပလောကျေးရွာအုပ်စုရှိ စစ်ကောင် စီတပ်၏ ထော့မူပလယ်မဲစခန်းကို ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထပ်မံ၍ ယင်းနေ့ နံနက် ၁၁ နာရီ ၁၈ မိနစ် အချိန် KNLA က ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လယ်တိုးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဝင် ၁ ဦးသေကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရ သည်။ အလားတူ ဒီဇင်ဘာ ၂၃ ရက်‌နေ့ နံနက် ၉ နာရီ ၄၀ မိနစ် တွင်လည်း ကတိုင်တိ မှ ကမမောင်းဘက်သို့ ပြန်ဆင်းလာသည့် စစ်တပ်လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF) တပ်ဖွဲ့ဝင်များကို ဝါးသိုးခိုတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၄၁ မိနစ်အချိန်တွင်လည်း လူသောမြို့နယ် ကူဒေးဒေသ၊ ကြာခိုရှိ စစ်တပ်ကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁ ဦး‌ သေ၍ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဉ်က ပြောဆိုထားသည်။ https://www.face book.com/k hitthitpublictvchannel/photos/a.108099762130998/123447263929581/

၁၄။ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား ၁၈ ဦး ထောင်ဒဏ်သုံနှစ်စီ အမိန့်ချမှတ်ခံရ
December 27, 2022

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၂ (က) နဲ့ တစ်နှစ်ကျော်ကြာ တရားစွဲဆို ခံခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာဒေသခံ ၁၈ ဦးကို ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ တောင်လေးလုံးအကျဉ်းထောင်တရားရုံးက ဒီဇင်ဘာလ ၂၁ ရက်မှာ တစ်ပြိုက် နက်တည်း အမိန့် ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “အကြမ်းဖက်မှုဥပဒေနဲ့ သုံးနှစ်စီ ချလိုက်တာဟုတ်ပါတယ်။ အလုပ် တော့မပါဘူး။ သူတို့ချုပ်ရက်တွေကို ပြစ်ဒဏ်ကနေ ထုတ်နုတ်ခံစားခွင့် ပါတယ်။ အားလုံး ၁၈ ယောက်ကို တစ်ပြိုင်နက်တည်း ချလိုက်တာပေါ့။ အသက် အရွယ်ကြီးတဲ့သူတွေလည်း ပါတယ်” စစ်ကောင်စီက သူတို့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ကုန်ပိုင်း မှာ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးချိန်မှာ စုစုပေါင်း ၂၀ ဦးဖြစ်ပြီး အသက် ၅၀ အရွယ်နဲ့ အသက် ၇၀ အရွယ် အမျိုးသားနှစ်ဦးက စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူတို့က ရွာသားတွေ။ တိုက်ပွဲဖြစ်ပြီးတော့ အိမ်မှာအစောင့်ဆိုပြီး ကျန်နေတာကို စစ်တပ်ကဝင်လာတော့ တစ်ယောက်ချင်းစီကို လိုက်စုပြီးတော့ ကြိုးတုပ်ခေါ်သွားတာ။ စုစုပေါင်း အယောက်နှစ်ဆယ်ရှိတာ။ နှစ်ယောက်တော့ စစ်ကြောရေးအချုပ် မှာပဲ ထုထောင်းခံရပြီး သေသွားတာ” ဖမ်းဆီးထောင်ချခံရတဲ့ အမျိုးသားတွေဟာ အသက် ၂၀ ကနေ အသက် ၆၀ ကြား အရွယ် တွေ ဖြစ်တယ်လို့ သူကပြောပါတယ်။ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဒီဇင်ဘာလ ၁ ရက်အထိ စာရင်း တွေအရ စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်း ဒေသခံ ၂၈၀ ဦး ဖမ်းဆီး ခံထားရပါတယ်။ https://www.rfa.org/burmese/news/18-shwepyiaye-villagers-12272022061122.html

၁၅။ မိုးညှင်းမြို့ ထန်းတပင်ကျေးရွာအနီးမှာ PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား
December 27, 2022

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အထွက် ထန်းတပင်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည်အချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ထိတွေ့ တိုက်ပွဲဟာ နေ့လည် ၁၂ နာရီဝန်းကျင်ကနေ စတင်ဖြစ်ပွားပြီး နေ့လည် ၂ နာရီအထိ တိုက်ပွဲအချိန် (၂) နာရီ ကြာဖြစ်ပွား ခဲ့တယ်လို့ ဆိုကြပါတယ်။ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အတည် ပြုနိုင်ခြင်းမရှိသေးပါဘူး။ တိုက်ပွဲကနေ ပစ်ခတ်ကြတဲ့ ကျည်တွေဟာ ထန်းတပင်ရွာထိပ်က နေအိမ်တချို့ကို ထိမှန်ခဲ့ တယ်လို့ အိမ်ရှင်နဲ့ နီးစပ်သူတွေ ဆီ ကနေ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားတချို့ကို စစ်ကောင်စီ တပ်ဘက်က ခေါ်ယူစစ်ဆေးခဲ့ပြီး ပြန်လွတ် ပေးခဲ့တယ်လို့ ဖြစ်စဉ်ကို သိသူတွေက ပြောဆိုကြပါတယ်။ မိုးညှင်းမြို့နယ်မှာ နိုဝင်ဘာလကုန်မှာလည်း KIA နဲ့ စစ်ကောင်စီတပ် တို့ ထန်းတပင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ဒေသခံရွာသားတချို့ ညတွင်းချင်း တိမ်းရှောင်ထွက်ပြေးရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ https://www.f acebook.com/shannivoicenewsjournal/photo s/a.144840922212178 0/29397740296

၁၆။ စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ရွာသားတစ်ဦး ဒဏ်ရာရ၊ ကော့ကရိတ်တွင် လေကြောင်းတိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်နေ
December 27, 2022

ကော့ကရိတ်မြို့အနီးရှိ မောင်းမရွာသစ်ကျေးရွာတွင် ယနေ့နံနက် ၇ နာရီခွဲဝန်းကျင်က ငါးထွက်ရှာသည့် ဒေသခံရွာသား တစ်ဦးအား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများကပြောသည်။ ကော့ကရိတ်မှ မောင်းမရွာသစ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် နွားလိုက်ရှာသည့် အဆိုပါ ရွာသားအား ရွာအပြင်တစ်နေရာ၌ ထိပ်တိုက်ဆုံစဉ် ထိုသို့ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ယခုလို ပြောသည်။ “စစ်ကောင်စီတပ်တွေတက်လာတာ ဘယ်သူမှမသိဘူး။ အဲဒီမှာ ငါးလိုက်ရှာတဲ့ ရွာသားတစ်ဦး ကိုတွေ့တော့ ပစ်ထည့်လိုက်တယ်။ ပစ် လိုက်တာတော့ အချက်များတယ်။ လက်ပဲထိပြီး ထွက်‌ပြေး လာတယ်။ အခုတော့ဆေး ရုံပို့လိုက်ပြီး”ဟု ထိုရွာသားကပြောသည်။

ရွာသားပစ်ခတ်ခံရပြီးနောက် အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများ ကပြောသည်။ “‌ရွာသစ်ကော၊ ကော့နွဲဘက်တွေကော တိုက်ပွဲတွေပြင်းထန်နေတယ်။ အခုထိပစ်နေတုန်းပဲ။ လက်နက်ကြီး လည်း အဆက်မပြတ်ပစ်နေတယ် ”ဟု ကော့ကရိတ်တောင်ပိုင်း ဒေသခံတစ်ဦးက ပြောသည်။ နံနက် ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ပစ်ကူပေးနေကြောင်း လည်း ဒေသခံများက ပြောသည်။ ကော့ကရိတ်မြို့နှင့်အနီးအနားကျေးရွာများတွင် ဒီဇင်ဘာလ ၁၆ ရက်မှ ယနေ့အချိန် ထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှု များ ကြောင့် ရဟန်းသံဃာအပါအဝင် ဒေသခံ ၃ ဦးသေဆုံးခဲ့ရပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြုစုထားသည့် စာရင်းအရ သိရသည်။ https://kicnews.org/2022/12/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1

၁၇။ ရွာထဲဝင်လာတဲ့စစ်ကားကို ရေးဘီလူးတပ်ဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၂ ဦးသေ
December 27, 2022

ကျေးရွာထဲဝင်လာတဲ့ စစ်ကောင်စီယာဥ်ကို ရေးဘီလူးတပ်ဖွဲ့ကအနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောင်းရွာ စံပြကျေးရွာအတွင်းကို ရေးမြို့အခြေစိုက် ခလရ ၅၉၁ တပ်ရင်းက စစ်ကောင်စီအဖွဲ့တွေဟာ စစ်သုံး ယာဥ်နဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီလိုဝင်ရောက်လာချိန် ရေးဘီလူးတပ်ဖွဲ့က အနီးကပ်ပြောက်ကျား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီလိုတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ရေစဘီလူး တပ်ဖွဲ့က ပြောဆိုထားပါတယ်။ “ကားမောင်းပြေးသွားတော့ လက်နက်တွေလုလို့မရခဲ့ဘူး။ ခွေးပြေး ဝက်ပြေး ပြေးကြတယ်။ ကားပေါ်မှာ ၂ ဦးကတော့ သေဆုံးခဲ့ တယ်´´လို့ ရေးဘီးလူးတပ်ဖွဲ့ ခေါင်း ဆောင်ကပြောပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်မှာဒီထက်ကောင်းမွန်တဲ့ Mission တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်သူကို ကတိပြုကြောင်း ပြောဆိုထားပါသေးတယ်။ https://www.facebook.com/ph oto/?fbid=534203285415032&set=pcb.534203372081690

၁၈။ ထွက်ပြေးပြီး ပျောက်ဆုံးနေတဲ့ တန့်ယန်းက ကိုရင်တစ်ပါး ပြန်တွေ့
December 26, 2022

ရှမ်းမြောက် တန့်ယန်းမြို့ထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပညာလာရောက်သင်ကြားပြီး ထွက်ပြေးသွားတဲ့ ကိုရင်ကို ပြန်တွေ့ပြီလို့ သိရပါတယ်။ ကိုရင်လေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က ဘုန်းကြီးကျောင်းကနေ အခြားကို ရင် သူချင်းငယ်တွေနဲ့အတူ ထွက်ပြေးသွားကြတာပဲ ဖြစ်ပါတယ်။ ကိုရင်အရှင်သုနန္ဒရဲ့ မိသားစုဝင်တစ်ဦးက “ကျနော် တို့ က သူနဲ့ အတူတူ ထွက်ပြေးသွားတဲ့ သူ့သူငယ်ချင်းဆီ ဖုန်းအဆက်အသွယ် ပြန်ရပြီ။ မနေ့က သူတို့ဆက်လာတာ။ အခု သူတို့က မန္တလေး ဘုန်းကြီးကျောင်းမှာ ရောက်နေတယ်” လို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းကနေ ထွက်ပြေးတဲ့ ကိုရင်ဟာ အရှင်သုနန္ဒခေါ် အိုက်စဲ ဖြစ်ပြီး တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု နမ်လောင်းရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။ https://www.facebook .com/photo?fbid=479389587701644&set=a.404503215190282

၁၉။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု မျက်စိတိမ်စွဲရောဂါ ဆိုးရွားနေသော်လည်း ဆေးကုခွင့်မရ
December 27, 2022

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ ဘယ်ဘက်မျက်စိ တိမ်စွဲနေတာကြောင့် အမြင်အာရုံတွေ မမြင်ရတော့ဘဲ ဆေးကုသမှုခံယူဖို့ စစ်တွေအကျဉ်းထောင် အာဏာပိုင်တွေထံ တောင်းဆိုထားပေမဲ့ ဆေးကုသ ခွင့် မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ မျက်စိတိမ်စွဲ နေတဲ့ရောဂါ ပိုမိုဆိုးရွား လာနေပြီး မျက်စိမမြင်ရတဲ့အခြေအနေတွေ ဖြစ်လာတာကြောင့် ဝန်ကြီးချုပ်ကိုယ်တိုင် ဆေးကုခွင့်ရဖို့ တောင်းဆိုထားတာပါ။ ဦးညီပုရဲ့ သမီးဖြစ်သူ မကြည်ကြည်ဦးက “အဖေရဲ့ မျက်စိတိမ်စွဲနေတဲ့ရောဂါက မတိုးတက်ဘူးလို့ သိရတယ်။ အဖေကတော့ ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့်ရဖို့ တင်ပြထားတယ်လို့ သိရတယ်။ ခွင့်ပြုပေးတာတော့ မရှိသေးဘူး။ ထောင်ကတော့ မျက်စိ မှာထည့်တဲ့ ဆေးရည်တွေ ပေးထားတယ်လို့တော့ သိရတယ်။ မျက်စိဆိုတာ လူတယောက်ရဲ့ အမြင်အာရုံအတွက် တော်တော် လေး အရေးကြီးတာကြောင့် ဆေးကုသခွင့် ပြုပေး စေချင်တယ်။” ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ ၂၀၁၈ ခုနှစ်ကတည်း က တိမ်စွဲတဲ့ရောဂါ ဖြစ်နေတာဖြစ်ပြီး အလုပ်မအားတာကြောင့် ခွဲစိတ်ကုသမှုတွေ မပြုလုပ်ခဲ့ရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တပ်က အာဏာစသိမ်းကတည်းက ဖမ်းဆီးကာ နိုင်ငံတော်ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၉ နှစ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံ ထားရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အန်အယ်လ်ဒီ အရပ်သားအစိုးရလက်ထက်က တာဝန်ထမ်း ဆောင်ခဲ့ကြတဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် နောက်ထပ် ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးမင်းအောင်၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်၊ ဦးကျော်အေးသိန်း တို့ကို စစ်ကောင်စီက ဖမ်းဆီးကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မတွေ အပါအဝင် ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုကာ ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ https://burmese.dvb.no/archives/570680

၂၀။ ဘုရားကျောင်းအနီးတွင် စက်ယန္တရားကြီးများနှင့်ရွှေတူးဖော်မှုအပေါ် အင်ဂန်းဒေသခံများ ကန့်ကွက်
December 26, 2022

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာဘုရားကျောင်းအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် စက်ယန္တရားကြီး များနှင့် ရွှေတူးဖော်မှုအပေါ်ဒေသခံများ ကန့်ကွက်နေကြောင်း သိရသည်။ အင်ဂန်းကျေးရွာ ကူးတို့ဆိပ်အထက်ဘက်ရှိ KBC နှစ်ခြင်း ဘုရားကျောင်းဝင်းနှင့် ပေနှစ်ဆယ်ခန့်သာဝေးသည့် မြစ်ကမ်းဘေးမှာ စက်ယန္တရားကြီးနှင့် ဒီဇင်ဘာလ၂၁ ရက်နေ့ ညမှ စပြီးတူးဖော်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အခုရွှေတူးတဲ့နေရာက အရင်က မြေပြိုမှာ ကြောက် လို့ ငါတို့တောင် တူစက်ရုံတွေကို အကူအညီတောင်ပြီးသူတို့ရဲ့ ဝါးပုပ်တွေကို အဲ့နားမှာ လာဖို့ခိုင်းတာ။ အခုက သူတို့ကိုပြော ရင်လည်း ရွာလူကြီးရဲ့ခွင့်ပြုချက်နဲ့လုပ်တာတဲ့။ ရွာလူကြီးကို ပြောရင်လည်း နေရာချပေးတာက အောက်ဘက်ပိုင်းပဲပါတာတဲ့။ အချင်းချင်း ဘောလီဘောပုပ်နေကြတာ” ဟုပြောသည်။ ရွှေတူးဖော် သူသည် ဂွေထုပြည်သူ့စစ်အရာရှိ ဦးဗျာလေးဆိုသူဖြစ်ပြီး အလုပ်သမား ဆယ်ဦးဝန်းကျင်ဖြင့် ၂၄ နာရီ တူးဖော်နေ ကြောင်း သူကဆက်ပြောသည်။

အသင်းတော်တာဝန်ရှိသူများက ရွာလူကြီးကို ဖုန်းဆက်အကြောင်းကြားကာ ကန့်ကွက်သော်လည်း အုပ်ချုပ်ရေး ဘက်က လုပ်ကွက်ချပေးသည့် နေရာသည်အောက်ဘက်ပိုင်းသာပါကြောင်း အကြောင်းပြန်ခဲ့သည်ဟု အခြားဒေသခံ အမျိုးသား တစ်ဦးကပြောသည်။ “ရွာလူကြီးကိုပြောတယ်။ သူတို့ချပေးတာက အောက်ဘက်ဘေးဟုတ်တယ်တဲ့၊ လောပန်းကိုပြောရင် လည်း သူတို့ချပေးတဲ့နေရာမှာ တူးတာတဲ့”ဟု သူကပြောသည်။ ရွှေတူးဖော်နေသည့်နေရာသည် ပြည်သူ့စစ်ဗိုလ် ဦးဗျာလေး ဦးဆောင်ပြီး ပြည်သူ့စစ်များက လက်နက်ကိုင်စောင့်ကြည့်နေကြကြောင်း သူကဆက်ပြော သည်။ ယခုလို ဘုရားကျောင်းဝင်း အနီး ရွှေတူးဖော်ခြင်း‌ကြောင့် မိုးရာသီတွင် ကမ်းပြိုလာမည်ကို စိုးရိမ်မိကြောင်း သူကဆက်ပြောသည်။ အခြားနေရာများတွင် တူးဖော်စေလိုပြီး ဘုရားကျောင်းအနီးတွင် ရွှေတူးဖော်မှုကို ရပ်တန့် ပေးစေလိုကြောင်း ဒေသခံများကတောင်းဆိုနေကြသည်။ ယခုရွှေတူးသည့်နေရာသည် ဝိုင်းမော်မြို့နယ်မှ ၂၂ မိုင် အကွာတွင်တည်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ဂွေထုပြည်သူ့စစ် ခေါင်းဆောင် ဦးလဆန်အောင်ဝါ အုပ်ချုပ်သည့် ဒေသဖြစ်ကြောင်း သိရသည်။ https://www.facebook.com/The74Media/p hotos/pcb.71430 3133422544/714301426756048/

၂၁။ စစ်ကောင်စီ၏ အရှိုက်ထိမည့် ထိုးစစ်ဆင်နွဲရမည်ဖြစ်ပြီး ၂၀၂၃ တွင် ပီပြင်သည့် နိုင်ငံရေးရလဒ်ရရှိရေး ကြိုးစားရမည် ဟု NUG သမ္မတ ညွှန်ကြား
December 27, 2022

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတက စစ်ကောင်စီ၏ အရှိုက် ကို ထိုးနှက်ကိုင်လှုပ်နိုင်မည့် ထိုးစစ်မျိုး လုပ်ဆောင်ရမည်ဖြစ်ကြောင်း NUG အစိုးရအဖွဲ့အစည်းအဝေးတွင် တရားဝင်ညွှန်ကြားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၈၀ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်း အဝေး တွင် ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်းပြော ဆိုလိုက်ခြင်း ဖြစ်သည်။ “ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘူး၊ စစ်ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုး ကို လည်း လုပ်ဆောင်ရ လိမ့် မယ် လို့ ယူဆပါတယ်။ NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင် တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိပြီးမြောက် အောင်မြင်တယ်လို့ ယုံကြည်ပါတယ်။ တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မ ဒေသ၊ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ်မထားလောက် အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒီလို ခုခံတော်လှန် နိုင်မှု ဟာ သိပ်ပြီး အရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။ ပျက်စီးသွား တဲ့ စည်းစိမ်ဥစ္စာ တွေဟာ ပြန်လည်ရှာဖွေလို့ ရတယ်ဆိုပေမယ့် လူထုက သွေး နဲ့ ချွေးနဲ့ ရင်းထား တဲ့/ တစ်ပြားတစ်ကျပ်က အစ … အင်မတန် တန်ဖိုး ရှိပါတယ်” ဟု NUG သမ္မတက ပြောဆိုသည်။

၂၀၂၃ ခုနှစ်တွင် ပီပြင်ပြတ်သားသော နိုင်ငံရေးရလဒ်ရရှိစေရန် ကြိုးစားကြရန်လည်း သမ္မတက အစိုးရအဖွဲ့ကို တရားဝင်ညွှန်ကြားသည်။ “၂၀၂၃ ခုနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ပီပီပြင်ပြင် ပြတ်ပြတ်သားသားဖြစ်မယ့် နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင် ကြိုးစားရပါမယ်။ ဒီလို နိုင်ငံရေးရလဒ်မျိုးဟာ လူထုယုံကြည်မှု ကိုရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ် ဖို့လည်း ရည်ရွယ်ပါတယ်။ ၂၀၂၃ ခုနှစ် ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့်အချိန်ကိုရောက်ပြီလို့ ယုံကြည်ပါတယ်” ဟု သမ္မတကြီးက ပြောဆိုသည်။ လက်ရှိ အချိန်အထိ ရရှိထားသော အောင်ပွဲများသည် ပြည်သူ အားလုံး၏ အောင်ပွဲ ဖြစ်ပြီး နွေဦးတော်လှန်ရေး အောင်မြင်စေရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် NUG သမ္မတက တိုက်တွန်းနှိုးဆော်ထားသည်။ https://www.facebook.com/khitthitne ws/photos/a.386800725090613/1690153768088629/

၂၂။ ကုန်စျေးနှုန်းမြင့်မားမှု၊ လှူဒါန်းမှု နည်းပါးလာခြင်းကြောင့် ရခိုင်က မိဘမဲ့ကလေးများကို ပြုစုရာတွင် ကျောင်းရံပုံ ငွေများကို အသုံးပြုနေရ
December 26, 2022

ရခိုင်က မိဘမဲ့ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကျောင်း (ABC) ဖောင်ဒေးရှင်းတွင် ရှိနေသည့် ကလေးသူငယ် များကို ပြုစုစောင့်ရှောက်ရာ၌ အခက်အခဲတချို့ကြုံတွေ့နေရကြောင်းသိရှိရသည်။ ကုန်စျေးနှုန်းမြင့်မားနေမှုအပြင် လှူဒါန်းမှု နည်းပါး လာမှုတို့ကြောင့် ယခုကဲ့သို့ အခက်အခဲများကြုံတွေ့လာနေရခြင်းဖြစ်ပြီး ယင်းအခက်အခဲများကို ဖြေရှင်းရန် ရံပုံငွေ (စုဆောင်း ငွေ) များကို အသုံးပြုကာ ပြုစုစောင့်ရှောက်နေရကြောင်းလည်း ကျောင်းတာဝန်ရှိ သူများထံမှ သိရသည်။ လက်ရှိတွင် အလုပ် အကိုင်ရှားပါးမှု၊ စီးပွားရေးအဆင်မပြေမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ကြောင့် လှူဒါန်းမှု နည်းပါးလာနေခြင်းဖြစ်ပြီး ကလေး ငယ်များ၏ စားသောက်ရေးကိစ္စကိုဖြေရှင်းနိုင်ရန် ကျောင်း ရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲနေရခြင်းဖြစ်သည်ဟု (ABC)ဖောင်ဒေးရှင်း အုပ်ချုပ်ရေးမှူး ဦးလမင်းကျော်သူက ပြောသည်။ “အခက်အခဲရှိပါတယ်။ အရင်တုန်းကဆိုရင် ကုန်ဈေးနှုန်းက ပုံမှန်ရှိနေအချိန် ဆိုတော့ ကလေးတွေအတွက် ပိုက်ဆံငါးသောင်းနဲ့ ထမင်းတစ်နပ်စာအဆင်ပြေပါတယ်။ အခုက ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာ ဆိုတော့ ပိုက်ဆံ ငါးသောင်းနဲ့ မလောက်တော့ဘူးလေ။ အသားဟင်းကို ငါးသောင်းလောက်ဝယ်ရပါတယ်။ ကျန်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်တွေကျတော့ အလှူငွေနည်းတဲ့အခါကျတော့ ရံပုံငွေထဲက စိုက်ထုတ်နေရပါတယ် ”လို့ ၎င်းက ပြောသည်။ “အလှူငွေနည်းတဲ့အခါကျတော့ ကလေးတွေရဲ့ နောင်ရေးအတွက် စုဆောင်းထားတဲ့ ရံပုံငွေထဲက အနည်းနဲ့ အများတော့ ထုတ်ယူသုံးစွဲရတယ်။ ရံပုံငွေတွေအနေနဲ့လည်း လျော့သွားတာပေါ့နော်။ အဲလိုမျိုး အခြေအနေတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မိဘမဲ့ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးကျောင်း၌ ကလေးငယ် ၆၄ ဦးကို စောင့်ရှောက်ပေးထား ပြီး ကလေးများကို ပြုစုစောင့်ရှောက်ရန်အတွက် ဝန်ထမ်းအင်အား၂၄ဦးနှင့် စာသင်ပြရန်အတွက် ဆရာမ ၄ ဦးကို ခန့်အပ်ထား ကြောင်းလည်း သိရသည်။ ယခင်နှစ်များက ကလေးငယ်များကို ပြုစုစောင့်ရှောက်/စာသင်ပြနေသည့် ဝန်ထမ်း ၃၅ ဦးထိရှိခဲ့ သော်လည်း ကိုဗစ်ကာလအတွင်း လာရောက်လှူဒါန်းသူများ နည်းပါးခဲ့သောကြောင့် ဝန်ထမ်း အင်အား လျော့ချခဲ့ရမှုများရှိခဲ့ ကြောင်း သိရသည်။ လက်ရှိတွင်လည်း အလှူငွေလာရောက် လှူဒါန်းမှုနည်းနေသည့် အတွက် ဝန်ထမ်းများ ထပ်မံခန့်အပ်ရန် အခက် အခဲများရှိနေကြောင်း (ABC) ဖောင်ဒေးရှင်း အုပ်ချုပ်ရေးမှူး ဦးလမင်းကျော်သူ ကပြောသည်။ “ပြီးခဲ့တဲ့ ကိုဗစ်မဖြစ် ခင်လောက်က ဝန်ထမ်း ၃၀ကျော်ရှိခဲ့တယ်။ ကိုဗစ်ဖြစ်တုန်းက ကျနော်တို့ ဝန်ထမ်း ၁၀ကျော်လောက် လျော့ပစ်ရတယ်။ အခု ဝန်ထမ်း ၂၀ကျော်လောက်ပဲ ရှိတယ်။ ဝန်ထမ်း၂၂ဦးနဲ့ ဆရာမ၄ဦးဆိုရင် ၂၆ဦးလောက်ပဲ ရှိပါတယ်။ ဒီတော့ ကျနော်တို့ လက်ရှိမှာ ကိုဗစ်တွေပျောက်နေပြီဆိုပေမယ့် ဒီဝန်ထမ်းကို ဆက်ပြီးတော့တိုးဖို့က အလှူငွေ အခက်အခဲရှိတာကြောင့် နောက်ထပ် ဝန်ထမ်း ခန့်အပ်ဖို့က စဉ်းစားစရာဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။ https://www.facebook.com/dmgnewsagency/photos /pcb.2483108241841572/24831031 15175418/

၂၃။ ဖမ်းဆီးရမိထားတဲ့ တပ်မ ၆၆ က သုံ့ပန်း ၄ ဦး ဟာ မိုဆိုဖြစ်စဉ်မှာ မပါဝင်ခဲ့ကြောင်း ငြင်းဆို
December 27, 2022

အစုလိုက်အပြုံလိုက် မီးရှို့ခံရတဲ့ မိုဆိုကျေးရွာအနီးဖြစ်စဉ်မှာ ပါဝင်တဲ့ တပ်မ ၆၆လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူ အခြေစိုက်တပ်ရင်းက သုံ့ပန်း ၄ဦးကို တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မိုဆို ဖြစ်စဉ်မှာ မပါဝင်ခဲ့ကြောင်း ငြင်းဆိုထားတယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ ကျနော်တို့ရဲ့တွေ့ ရှိချက်ကတော့ ဒီအခင်းဖြစ်ပွားနေတဲ့အချိန်မှာ သူတို့မပါဘူးဆိုတာကိုပဲပြောတယ်။ သူတို့တပ်မ ၆၆ ဓနုဖြူတပ်ရင်း မပါဘူးဆို တာကိုပဲ သူတို့ကထပ်ခါတလဲလဲ ပြောကြတယ်ပေါ့နော။ ဆိုတော့ ဒီတပ်ရင်းက နှစ်ယောက် ကို ဗျူးတဲ့အခါမှာ အဖြေကနှစ်မျိုးစီ ဖြစ်နေတယ်။ သူတို့ရောက်ရှိနေတဲ့နေရာတွေက မတူဘူးဖြစ်နေတယ်ပေါ့နော။ ဆိုတော့ ဒါ ဖုံးဖိထားတယ်။ လိမ်လည်ထားတဲ့ ဟာ တစ်ခုဖြစ်တယ်လို့ပဲ ကျနော်တို့ယူဆရတယ်။ “ လို့ သူက ပြောပါ တယ်။ စစ်သုံ့ပန်း လေးဦးကို ဒီဇင်ဘာလ ၃ရက်နေ့ ဒီးမော့ဆိုမြို့နယ် ဒေါကမီးကျေးရွာ တိုက်ပွဲအတွင်း ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ် ၂ ဦး နဲ့ တပ်သား ၁ဦးတို့ဖြစ်ကြပြီး အသက်၄၀ ကျော် နှစ်ဦး နဲ့ ၂၀ကျော် နှစ်ဦးတို့ဖြစ်ကြပါတယ်။

သုံ့ပန်းတွေကို မေးမြန်းစစ်ဆေးရာမှာ ထွက်ဆိုချက်အရ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၄ နဲ့ ခမရ ၁၀ တို့ မိုဆို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တဲ့ဖြစ်စဉ်ကို ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုထားတာပါ။ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆို ချက်တွေ ဟာ အရေးကြီးပြီး နောင်တချိန်မှာ နိုင်ငံတကာစစ်ခုံတရားရုံးကို တင်သွင်းနိုင်ဖို့အတွက် လက်ရှိမှာ သူတို့ကို ဆေးကုသမှုပေး ထားပါတယ်။ “ ဒီသက်သေအနေနဲ့ လိုချင်တဲ့ အကြောင်းအရင်းပေါ့။ နိုင်ငံစစ်ခုံရုံးကို တင်လိုက်ပေါ့။ ဒီမိုဆိုကိစ္စမှာ ဒီတပ်ရင်းက ကျူးလွန်ခဲ့တဲ့ စစ်တပ်ကကျူးလွန်ခဲ့တဲ့ တပ်ကမိထားတဲ့ စစ်သုံ့ပန်းတွေသည်လည်း သက်သေအနေနဲ့ လူသက်သေအနေနဲ့ ပါနိုင် အောင်လို့ ကျနော်တို့က ဒီဟာကို ကုသပေးခြင်းဖြစ်တယ်ပေါ့နော။ ” လို့ တိုက်ပွဲအတွင်း ဒဏ်ရာရရှိထားတဲ့ စစ်သုံ့ပန်းတွေကို ဆေးကုသမှု ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာတစ်ဦးက ပြောပါ တယ်။ လူဦးရေ ၄၀ ကျော် ပါဝင်ခဲ့တဲ့ မိုဆိုအစုလိုက် အပြုံလိုက် မီးရှို့ သတ်ဖြတ်ခံရမှုဟာ ကရင်နီပြည်မှာ အဆိုးဝါး ဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တပ်ကိုလည်း နိုင်ငံတကာခုံရုံး(ICC) မှာ တရားစွဲဆိုမှု ပြင်ဆင်လျက်ရှိနေသလို အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံ သက်သေအထောက်အထား ပေးပို့ထားတယ်လို့ သိရပါတယ်။ https://www.kantarawad dytimes.org/%e1%80%96%e1%80%99%e1% 80%ba%e1%80%b8%e1%80%86%e1%80

၂၄။ ထန်တလန် စစ်ကောင်စီတပ်သား ၂ဦး လက်နက်များနဲ့အတူ CNA/CDF ထံဝင်ရောက်ခိုလှုံ
December 27, 2022

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား နှစ်ဦးသည် ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွင် လက်နက် များနဲ့အတူ CDF နှင့် CNA တပ်ဖွဲ့ဝင်များထံသို့ ထွက်ပြေးခိုလှုံလာကြကြောင်း သတင်းရရှိသည်။ “သူတို့ ညပိုင်းမှာ ထွက်ပြေးလာ ကြတယ်။ ထန်တလန်မြို့တွင်း CDF နှင့် CNA တပ်ဖွဲ့ဝင်များအခြေချသည့်နေရာကို ထွက်ပြေးလာ ကြတာပါ။ သေနက် ၂ လက် နှင့် ကျည်ဆံတွေပါလာကြတယ်” လို့ မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။ ထွက်ပြေးလာကြသော စစ်ကောင်စီ တပ်သား ၂ ဦးကို CDF နှင့် CNA တပ်ဖွဲ့ဝင်များက နွေးထွေးစွာကြိုဆိုကြပြီး လုံခြုံသည့်နေရာဖက်သို့ ညတွင်းချင်းပို့ဆောင်ပေး ကြပါတယ်။

ဟားခါး-ထန်တလန်အကြားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအကူအညီတွေလည်း အသုံးပြုခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးနှင့် ၅မိုင်ခန့်ရှိသည့် သီမစ် လွင်ပြင် အထိ သာ ရောက်ရှိနိုင်ကြပြီး ထန်တလန်မြို့ဖက်ကို ကုန်းလမ်းဖြင့် စစ်ကူပို့နိုင်ခြင်း မရှိသေးပေ။ ယခု ဒီဇင်ဘာလအတွင်း ဟားခါး-ထန်တလန်အကြားနှင့် ထန်တလန်မြို့တွင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘူးလို့ သိရှိရသည်။ https://zalen.info/%e1% 80%91%e1%80%94%e1%80%ba%e1%80%90%e1%80%9c%e1

၂၅။ ဟိုပုံး၌ယာဉ်တစ်စီးချောက်ထဲထိုးကျ၊ ခြောက်ဦးဒဏ်ရာရ
December 27, 2022

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၌ အဖြူရောင် Light Truck ယာဉ်တစ်စီးဘရိတ်ပေါက်ကာချောက်ထဲထိုးကျ တိမ်းမှောက်မှု ယနေ့(ဒီဇင်ဘာ ၂၇ ရက်) နံနက် ၈ နာရီ ၁၃ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ပြီး ခရီးသည်ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ မိုင်တိုင်အမှတ် (၁၃၆/၆)နှင့် (၁၃၆/၇) ကြား တွင် ဘရိတ်ပေါက်၍ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၁ ဦးအနက်အမျိုးသားနှစ်ဦး၊ အမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက် အရသိရသည်။ ဒဏ်ရာရရှိသူများကို ကြက်ခြေနီအသင်းမှ ဟိုပုံးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်ပေါ်တွင်ခရီးသည် ၁၁ ဦးလိုက်ပါလာပြီး ထိခိုက် ဒဏ်ရာရရှိသူများကို ညောင်ဦးခရိုင် ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။ https://www.facebook.com/s tandardtimedaily/photos/pcb.5432006183577958/5432004706911439/

၂၆။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာ ၇ ရွာကို ဖောက်လုပ်ထားသည့် ကျောက်ချောလမ်းပျက်စီးနေမှုကြောင့် ကျေးရွာ ဒေသခံများ သွားလာရေးခက်ခဲနေ
December 26, 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်း၊ ပဒေသာ၊ တန်းခိုး၊ အောင်ဒူလာ၊ ညောင်ပင်ဝိုင်း၊ အိုင်ဒင်၊ ကျွဲထိုးစတဲ့ ကျေးရွာတွေကို ဆက်သွယ်ဖောက်လုပ်ထားသော ကျောက်ချောလမ်းပျက်စီးနေမှုမှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် သက်ဆိုင် ရာဌာနတွေက ပြုပြင်ပေးဖို့ ဒေသခံများက တောင်းဆိုနေကြပါတယ်။ ကျောက်ချောလမ်းသည် လမ်း၏ အောက်ခြေ၊ ဘေးနှစ် ဘက်တွင် မာကြောသည့်ကျောက်အမဲများကို ခင်းပြီး သွားလာလမ်းတစ်လျှောက်မှာ မြေသား တွေကို ခင်းထားသည့် လမ်းဖြစ် ကြောင်းလည်း သိရသည်။ ယင်းလမ်းသည် ၈ မိုင် ၂ ဖာလုံလောက် ရှည်လျားပြီး ပဒေသာကျေးရွာမှ ကျွဲထိုးကျေးရွာအထိ ၄ မိုင်ခန့် ကို ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်မှာ NLD အစိုးရ၊ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ခွင့်ပြုရံပုံငွေ ကျပ်သန်းပေါင်း ၃၃၂.၅၀ အကုန်ကျခံပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်ေကြာင်း သိရသည်။ လမ်းပျက်စီးမှုရှိနေခြင်း သည် လေးနှစ်နီးပါးရှိနေပြီဖြစ်ပြီး ဒေသခံများသည် သွားလာရေးအခက်အခဲ များရှိနေကြောင်း ငှက်ကြီးကျွန်းကျေးရွာမှ ဘေးတွဲ ကယ်ရီသမား တစ်ဦးဖြစ်သည့် ကိုအောင်အောင်သန်းက ပြောသည်။“ မိုးရာသီဆိုရင် ကျနော်တို့ ရွာနဲ့ ကျွဲထိုးရွာကို လုံးဝသွား လို့အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေတွေ တအားဝပ်တယ်။ လမ်းတွေကို မမြင်ရဘူး။ ဒီလမ်းပျက်နေတာက ၄ နှစ် လောက်ရှိပြီ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကျန်းမာရေးချို့တဲ့ တဲ့ သူတွေဆိုရင် သွားလို့လုံးဝအဆင် မပြေဘူး” ဟု ၎င်းက ပြောဆိုထားသည်။

အဆိုပါလမ်းကို ဖောက်လုပ်တဲ့အခါမှာလည်း လမ်းတစ်ဘက်တစ်ချက်က အထိန်းနံရံတွေကို ခိုင်မာအောင် မလုပ်ခဲ့ သည့်အတွက် လမ်းပျက်စီးမှုများနှင့် ကြုံတွေနေရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်ချောလမ်းအဖြစ်မှ ကျောက်ကြမ်းလမ်း တစ်ခုကဲ့သို့ ဖြစ်နေကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။ လမ်းခရီးသွားလာမှု ခက်ခဲနေရမှုကြားတွင် အထက်တန်း ပညာကို သင်ကြားရမယ့် ကျောင်းသူ/ ကျောင်းသားများသည်လည်း အခြေခံ ပညာအထက်တန်းကျောင်းရှိသော ကျွဲထိုးကျေးရွာ ကို သွားလာ၍ ပညာသင်ကြားနေရသည့်အတွက် အခက်အခဲ များကြုံတွေ့နေရကြောင်း ကျောင်းသားမိဘတွေ၏ ပြောဆိုချက် အရ သိရသည်။“ အဲဒီလမ်းပျက်စီး နေတဲ့အတွက် ကျောင်းသား၊ သူတွေဆိုရင် ၈ နာရီမှာ သွားလို့ရတဲ့ ခရီးကို ၇ နာရီကတည်းက ကြိုတင်ပြီးတော့ သွားရတယ်။ ကျောင်းတက်လို့ရောက်လာရင်လည်း အချိန်နောက်ကျတဲ့အတွက် စာဖတ်ဖို့ ပုံမှန်အချိန်မရှိ တော့ဘူး။ နာရီ ဝက်သွားရမယ့်ခရီးကို လမ်းပျက်စီးနေတဲ့အတွက် ၁ နာရီလောက်သွားနေရတယ်။ ကလေးတွေက စာလိုက်မမှီ တော့ဘူး”ဟု ငှက်ကြီးကျွန်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးစောမောင်သိန်းက ပြောသည်။ အဆိုပါလမ်းကို ပြုပြင် သွားမည့်အခြေအနေနှင့် ပတ်သက်၍ လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ ယခုနှစ်တွင် ယင်းလမ်း ကိုပြုပြင်ရန် ရံပုံငွေမပါဝင်သေးဘဲ လာမည့် ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် ဘတ်ဂျတ်တင်ရန် တောင်းဆိုထားသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။ https://www.facebook.com/dmgnew sagency/photos/a.466679383484478/2482874371864959/

၂၇။ အာရှလမ်းသစ် တိုက်ပွဲပြင်းထန်နေသဖြင့် မြ၀တီ-ဖားအံအသွားအလာနှင့် ကုန်စည် စီးဆင်းမှု ထို့ကော်ကိုး လမ်းပိုင်းမှ သွားလာနေကြရ
December 27, 2022

ကော့ကရိတ်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေ၍ မြ၀တီ-ကော့ကရိတ်အာရှလမ်းသစ်လမ်းပိုင်း ပိတ်ထားရသည့် အတွက် မြ၀တီ-ထို့ကော်ကိုး-ကျုံဒိုးလမ်းပိုင်းမှ ကုန်စည်နှင့်ဒေသခရီးသွားကားများ သွားလာ နေကြရကြောင်း သိရှိရ သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေမှ စတင်ဖြစ်ပွားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲများကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ် အား အသွားအလာ ပိတ်ထားရသည့် ကာလအတွင်း ဒေသတွင်းခရီးသွားလာမှုနှင့် ထိုင်း-မြန်မာနယ်စပ် ကုန်စည် စီးဆင်းမှု လမ်းကြောင်းမှာ ထို့ကော်ကိုး ကျေးလက် တောင်ပတ်လမ်းအား ပြောင်းလဲအသုံးပြု သွားလာနေရခြင်း ဖြစ်ကြောင်း ဒေသခံ ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။ “အာရှလမ်းရော ကျုံဒိုး ၇ တိုင်ရွာဘက်ရော၊ တံတားတွေ ပျက်နေတယ်၊ တိုက်ပွဲကလည်း ဖြစ်နေတယ်၊ ကားတွေ ဆင်းမရတော့ လူတွေရော၊ ကုန်တွေရော သွားဖို့ ခက်နေတယ်။ အခုတော့ ထို့ကော်ကိုးကနေ၊ ထီလုံဘက်၊ အဲ့ကနေ ဖားအံကို သွားတယ်၊ တချို့လည်း ထို့ကော်ကိုးကနေ ကျုံဒိုး၊ ကျားကလေး -မော်လမြိုင်သွားကြတယ်၊ လမ်းမှာတော့ လက်နက်ကိုင်ဂိတ်တွေကတော့ လမ်းကြေးပေးရတယ်။ လမ်းကတော့ လမ်းကြမ်းတစ်၀က်၊ ကွန်ကရစ်လမ်းခင်းလက်စ တစ်၀က်နဲ့ မောင်းရတယ်” ဟု မြ၀တီ ဖားအံယာဉ်မောင်းသမားက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းအထိ ကော့ကရိတ် အာရှလမ်းမအနီးကော့နွဲ ကျေးရွာနှင့်အနီး တဝိုက်ဒေသ အတွင်း KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် စစ်ကြောင်းများအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့် အတွက် အာရှလမ်းမသစ်အား ကားနှင့် ကုန်စည်သွားလာ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်ဒေသအတွင်းသို့ စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက် နေသည့်အပြင် လေကြောင်းဖြင့် နေ့စဉ်စစ်ကူပေးပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုများ၊ လက်နက်ကြီးပစ်ခတ်သည့် စစ်တပ်စစ်စခန်းများမှ လက်နက်ကြီးများ ပစ်ကူပေး ပစ်ခတ်မှုများလုပ်ဆောင်တိုက်ခိုက်နေသည့်အတွက် ဒေသကျေးရွာ ၁၅ ရွာခန့်မှ နေအိမ်ခြံနှင့် သီးနှံစိုက်ခင်းများ၊ ဘုန်းကြီး ကျောင်းများ ပျက်စီးဆုံးရှုံးမှုအများအပြား ပျက်စီးခဲ့သည်ဟု သိရသည်။ ထို့အတူ ၉ တိုင်-တောင်ကြာအင်း- ကြာအင်းဆိပ်ကြီး -ဘုရားသုံးဆူ လမ်းပိုင်း၊ မြ၀တီ -ဝေါလေ လမ်းပိုင်း၊ ကော့ကရိတ် -မြ၀တီ လမိးပိုင်း ၊ ဝါးပိုးတော -ကမမောင်း-ကတိုင်တိ-ဖာပွန်လမ်းပိုင်း၊ တောင်ငူ-သံတောင်-လိပ်သိုလ်-ယာဒိုလမ်းပိုင်းများသွားလာ ဆက်သွယ်ရေး ပြတ်တောက် ရပ်ဆိုင်းသွားလာမရ ဖြစ်နေသည့် အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀များ ပိုမိုခက်ခဲကြုံတွေ့ နေကြရကြောင်း စစ်ရေးနယ်မြေအတွင်း စစ်ဘေးရှောင်အရေးကူညီလုပ်ဆောင်နေသူများ ပြောစကားအရ သိရသည်။ https://kicnews.org/2022/12/%e1%80%a1 %e1%80%ac%e1%80%9b%e1%80%be%e1%80%9c%e1%80%99%e1

၂၈။ နမ့်ဆန်တိုက်ပွဲအတွင်း ပျက်စီးသည့် အိမ်များ ပြန်လည်ပြုပြင်ရန် အကူအညီလိုအပ်နေ
December 26, 2022

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်းသိရသည်။ ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်တပ်မှ Mi-17, Mi-35 ဂျက်လေယာဥ်ဖြင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် တိုက်ပွဲကြောင့် ကုန်းသာရွာ လုံးကျွတ်နီးပါး နေအိမ် ပျက်စီးရသည့်အတွက် ဒေသခံများက ဘုန်းကြီး ကျောင်းတွင် ဆက်လက် နေထိုင်ရသေးကြောင်း သတင်းသိရသည်။ “ကျန်တဲ့ရွာတွေက ပြန်ကုန်ကြပြီ၊ ဒါပေမဲ့ ကုန်းသာရွာက တော့ အိမ်တွေပျက်စီးထားလို့ ပြန်လို့မရသေးဘူး၊ အခုချိန်ထိ ဘုန်းကြီးကျောင်း မှာပဲ နေရသေးတယ်၊ စုစုပေါင်း ၁၀၀ ကျော် လောက်တော့ ကျန်အုံးမယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတွင် နေအိမ်ပျက်စီးသွားသည့် ဒေသခံများက နေအိမ်ပြန်လည် တည်ဆောက် ဖို့ အတွက် အကူအညီများ လိုအပ်နေပြီး နိုင်ငံတော် ဘက်ဂျတ် တောင်းခံရန်အတွက် တင်ပြမှုများလည်း ပြင်ဆင်ထား ကြောင်းသိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်တွင်လည်း PSLF/TNLA ၏ တာဝန်ရှိ ပုဂ္ဂိုလ်များက ကုန်းသာရွာသို့ သွား ရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် လူထုနေအိမ် နေရာပြန်လည် ထူထောင် ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်မည်ဟု ဒေသခံများကို ပြောဆို အားပေးခဲ့ ကြောင်းလည်း သိရသည်။ “ထိပ်ပိုင်း ခေါင်းဆောင်တွေက ကွင်းဆင်းစစ်ဆေးမှု လာလုပ်ဆောင်တာပေါ့၊ အဲ့နေရာ ပြန်လည်နေရာချ ထားရေး အတွက်လည်း ကူညီ ဆောင်ရွက်သွားမယ်လို့ အားပေး စကားပြောသွားတယ်၊ တစ်ဖက်မှာလည်း သက်ဆိုင် ရာတွေက နိုင်ငံတော် ဘက်ဂျတ် တောင်းဖို့ လည်း စီစဥ်ထားတယ်လို့ သိရတယ်၊ အခုထိတော့ ရွာသားတွေရဲ့ နေအိမ် မပြင်ရသေးဘူး” ဟု စစ်ရှောင်များကို ကူညီသည့် အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲကြား ထိခိုက်ပျက်စီးရသည့် ဒေသခံ နေအိမ်များ သည် ကုန်းသာကျေးရွာမှ အများဆုံးဖြစ်နေပြီး တိုက်ပွဲဖြစ်ပွား ရာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှာလည်း နေအိမ်ထိခိုက် ပျက်စီးမှု ရှိနေကြောင်း သတင်းသိရသည်။ https://burmese.shannews.org/archives/32225

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။