• Today is: Saturday, April 20, 2024

သောင်ရင်းအလွန်က မျက်ရည်

သောင်ရင်းအလွန်က မျက်ရည်
 
တစ်ခါတစ်ခါ ကျတဲ့ မျက်ရည်ကို လက်ဖမိုးနဲ့ သုတ်လိုက်တယ်
 
ဒေါနတောင်တန်းကိုကျော်ပြီး ကျတဲ့မျက်ရည်
တိုင်းပြည်ကို ကျောခိုင်းရလို့ ကျတဲ့မျက်ရည်
 
အမေနဲ့ နှမကို လွမ်းလို့ ကျတဲ့ မျက်ရည်
အချစ်ဦးကို လွမ်းလို့ ကျတဲ့မျက်ရည်
 
တကယ်တော့လည်း အားလုံးကို ခေါင်းစဉ်တပ်ရပေမဲ့
နာမည်မဲ့ သူရဲကောင်းတွေအတွက် ကျတဲ့ မျက်ရည်
 
သောင်ရင်းမြစ်ကို ဆန်ပြီး စီးနေလေရဲ့။
 
ကျည်ကိုကြောက်လို့..
လက်နက်ကြီးကို ကြောက်လို့…
 
တိုက်ပွဲကို ကြောက်လို့ …
အကြောင်းပြချက်များစွာ နဲ့ ကြောက်လို့
 
ဒေါနကိုကျော် သောင်ရင်းကို ကူးပြီး
တပါးတိုင်းပြည်မှာ နာမည်မဲ့နေရပေမဲ့
 
တရက်ထက်တစ်ရက်
တမနက်ထက် တမနက်
စောပြီး အမေ့အိမ်နဲ့ အမိမြေဆီ ပြန်ချင်ရဲ့……။
 
ကံ့ကော်ဖြူ