• Today is: Friday, March 29, 2024

ဘီးလင်းမြို့နယ်၊ မဲပလီကျေးနယ်ထဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ အရပ်သား (၄)ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီး

ဓါတ်ပုံ – KNU (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁
 
ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးနယ်အတွင်း တပ်စွဲထား သော (စကခ-၈) နည်းဗျူဟာ (၂) မဲပလီတပ်စခန်းနှင့် ဇီးကုန်းတောင်မှာ တပ်စွဲထားသော (စကခ-၈)၊ (ခမရ-၄၀၅) တပ်စခန်းဘက်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်၊ နံနက်ပိုင်း (၁၁)နာရီ (၅၄)မိနစ်ခန့်က လက်နက် ကြီး(၁၀)လုံးကျော်ခန့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ကစဲဖိုး(ကစၢၢ်ဖိ)ကျေးရွာရှိ အရပ်သား (၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး (၂)လုံးဟာ ကစဲဖိုး(ကစၢၢ်ဖိ)ကျေးရွာတွင်းရှိ အရပ်သား နေအိမ်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့တာပါ။
 
အဆိုပါ ပေါက်ကွဲမှုကြောင့် အိမ် (၁)လုံးထိခိုက်ပျက်စီးကာ ကစဲဖိုးရွာရှိ အသက် (၅၄)နှစ် အမျိုးသမီး၊ အသက် (၅၃)နှစ် အမျိုးသား အပါအဝင်၊ အသက် (၂၅)နှစ် အမျိုးသားနှင့် အသက်(၁၃) အမျိုးသမီး
ပြင်းထန် ဒဏ်ရာရရှိပြီး ထိခိုက်သူတွေထဲက တချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါ တယ်။
 
စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီး အပါအဝင်၊ လေကြောင်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပိုမိုတိုက်လိုက်ခိုက်လာလို့ အရပ်သား ပြည်သူများ ကလေးငယ်များ ထိခိုက် သေဆုံးမှု များပြားလာပါတယ်။