• Today is: Thursday, April 25, 2024

တပ်ထဲမှာ စစ်သားတွေ ဘာလုပ်နေလဲ

တပ်ထဲမှာ စစ်သားတွေ ဘာလုပ်နေလဲ
 
တွေး…
 
ခင်ဗျားတို့က နိုင်ငံ့စစ်သားလား၊ အာဏာရှင်လက်ကိုင်တုတ်တွေလား။
ခင်ဗျားတို့က ဘာကို ကာကွယ်နေတာလဲ
အာဏာရှင်လား နိုင်ငံတော်လား
 
တွေး…
 
ပြည်သူ့အိမ်တွေ မီးရှို့ခံနေရတာ
ကာကွယ်ရမဲ့စစ်သားတွေ ဘယ်ရောက်နေလဲ။
ခင်ဗျားတို့ ကိုယ်တိုင်မီးရှို့နေလား
 
တချိန်မှာ ခင်ဗျားတို့အိမ်ကို
ကိုယ်တိုင် မီးတင်ရှို့နေရမယ်ဆိုတာကို တွေးကြည့်မိလား။
 
အာဏာရှင်တွေ အာဏာရူးပြီး တိုင်းပြည်ကို မီးတင်ရှို့နေတာကို
ဓာတ်ဆီဝိုင်းလောင်းနေရင်
တချိန် ခင်ဗျားတို့မှာ တိုင်းပြည်ကစပျောက်သွားလိမ့်မယ်ဆိုတာကို
 
တွေး….
 
တွေးပြီးမှ အိပ်ပျော်နေသေးတယ်ဆိုရင်
တွေးပြီးမှ ငါ စစ်သားလို့ ထင်မြင်နေသေးတယ်ဆိုရင်
 
တွေးပြီးမှ ငါဟာ ပြည်သူ တစ်ယောက်လို့ ထင်မြင်နေသေးတယ်ဆိုရင်
တွေးပြီးမှာ ငါဟာ လူသားတစ်ယောက်လို့ ထင်မြင်နေသေးတယ်ဆိုရင်
 
တွေး…
 
တွေးပြီး ငါဟာ ပြည်သူ့စစ်သားဖြစ်ချင်တယ်လို့ ခံစားရပြီဆိုရင်ဘေးက သေနတ်ကို လွယ်ပြီး နီးစပ်ရာ
တော်လှန်ရေးအင်အားစုဝင်အဖြစ် လာခဲ့လိုက်ပါ။
 
– ဒေါနခင်