• Today is: Tuesday, April 16, 2024

NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် မန္တလေး PDF တပ်ရင်း ၅ ရင်းတို့ တွေ့ဆုံ

 ဓာတ်ပုံ – စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော MDY-PDF ရဲဘော်များတွေ့ရစဉ်။
 
ဖက်ဒရယ်ဂျာနယ် မြန်မာ ၊ ဇန်နဝါရီ ၅
 
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ များနှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ရင်းများကြား ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန် ပါတယ်။
 
NUG ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် MDY PDF တပ်ရင်းများ ဖြစ်တဲ့ (၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅) တို့ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။
 
ယင်းတွေ့ဆုံ ဆွေးနွေးမှုဟာ ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ် အတည်ပြုခဲ့ကြပြီး ပြည်သူ့ ကာကွယ်ရေး တပ်မတော်(မန္တလေး)၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု အောက်ရှိ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထားသလို တပ်ရင်း အသစ်များ တိုးချဲ့စုဖွဲ့ရန် အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။