• Today is: Thursday, April 25, 2024

သိမ်ဇရပ် ၂၀၇ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာနေ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၇၊ ၂၀၂၃
 
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ည ၈နာရီခွဲ အချိန်က သိမ်ဇရပ် ၂၀၇ အမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လှည်းလမ်းကူးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ ထိခိုက်ကာ ဆေးရုံတင်ထားရကြောင်းသိရပါတယ်။
 
” မနေ့ညက လှည်းလမ်းကူးရွာထဲက အိမ်၁လုံးကို လက်နက်ကြီးကျတယ်။ လူကြီးတစ်ယောက် ဂျိုင်းကိုထိတယ်။ မိန်းကလေးတစ်ယောက် ပေါင်ကိုထိတယ်။ သိမ်ဇရပ် ၂၀၇ အမြောက်တပ်က ပစ်တယ်။ ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
သိမ်ဇရပ် ၂၀၇ အမြောက်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်းသို့ မကြာခဏ ကျရောက်ပေါက်ကွဲကာ ဒေသခံပြည်သူလူထုအများအပြား ထိခိုက်ဒဏ်ရာများ ရရှိကြောင်းလည်း သိရပါတယ်။