• Today is: Sunday, January 29, 2023

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
 
( ၂၀၂၂ခုနှစ် ဒီဇင်ဘာလ)
 
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ် မြန်မာက (၁)လ တစ်ကြိမ်၊ (၃)လတစ်ကြိမ်ဟူ၍ လေ့လာ ပြုစု၍ ထုတ်ပြန်လျက်ရှိပါသည်။
 
ဤတစ်ကြိမ်တွင် ၂၀၂၂ ဒီဇင်ဘာလအတွင်း အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခ များကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှု များကို စုစည်းတင်ပြထားပါသည်။
 
ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့်လုံခြုံရေး နောက်ဆက်တွဲအခြေအနေများ
 
(၁) တိုက်ပွဲဖြစ်ပွားမှု
 
၂၀၂၂ ဒီဇင်ဘာလအတွင်း စစ်ပွဲကြောင့် တိုင်းရင်းသား ပြည်နယ်ဒေသမှာ စစ်ကောင်စီ တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ အကြား တိုက်ပွဲ အကြိမ် ပေါင်း (၇၀၀) ကျော်ဖြစ်ပွားခဲ့ရာ ကရင်နီ ပြည်တွင် (၃၄၁)ကြိမ် နှင့် ကရင် ပြည်တွင် (၃၀၆) ကြိမ် ဖြင့် တိုက်ပွဲအများဆုံးဖြစ်ခဲ့သည်။ ကျန်ပြည်နယ်များတွင် ပြည်နယ်များအားလုံးပေါင်း (၁၅၀) ကျော်ဖြစ်ပွားခဲ့သည်။
 
တိုင်းရင်းသားဒေသများတွင် ပြည်နယ် အလိုက် စစ်ကောင်စီ တပ်ဖွဲ့ ဝင် သေဆုံးမှု (၁၂၀၀) ဝန်းကျင် ရှိခဲ့ ပြီး ကရင်နီ ပြည်တွင်(၇၉၇)ဦး နှင့် ကရင် ပြည်နယ် တွင် (၂၁၇) ဦး ဖြင့်အများဆုံးဖြစ်ကာ ကျန်ပြည်နယ်များတွင် ပြည်နယ်များအားလုံးပေါင်း (၁၈၀) ဝန်းကျင်သေဆုံးခဲ့သည်။
 
ပြည်နယ် ဒေသအလိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ စုစုပေါင်း ကျဆုံးမှု
 
(၈၃) ဦး ရှိခဲ့ပပြီး ကရင်နီ ပြည်နယ် တွင် (၆၅)ဦး နှင့် ကရင် ပြည် နယ်တွင် (၉) ဦး ဖြင့် အများဆုံးဖြစ်သည်။
 
(၂) အရပ်သားပြည်သူအပေါ်တိုက်ပွဲအကျိုးသက်ရောက်မှုများ
 
၂၀၂၂ ဒီဇင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီး မဆင်မခြင် ရမ်းသမ်း ပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှု နှင့် တိုက်ပွဲတွင်း ပစ်ခတ် သတ်ဖြတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သား ပြည်သူများ စုစုပေါင်း သေဆုံးမှု (၂၅) ဦးထက်မနည်း ဖြစ်ပွားခဲ့ ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ကျော်ရှိခဲ့သည်။ ကရင်နီပြည်နယ်တွင် အရပ်သားထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး (၁၃)ဦး သေဆုံးကာ (၆၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
 
တိုက်ပွဲဒဏ်နှင့် စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှု တို့ကြောင့် တိုင်းရင်းသားဒေသများတွင် ကျေးရွာများရှိ အရပ်သားနေအိမ်အဆောက်အအုံများ အိမ်ခြေ (၂၅၀)ကျော်ခန့် ပျက်စီးခံ ခဲ့ရသည်။ ရှမ်းပြည် နှင့်ကရင်ပြည်တွင် (၉၀) ကျော်စီ၊ ကရင်နီပြည်တွင် (၇၂) လုံးနှင့် ချင်းပြည်နယ်တွင် (၃) လုံး ပျက်စီးခဲ့သည်။
 
(၃) နေရပ်စွန့်ခွာတိမ်းရှောင်မှု
 
အာဏာသိမ်း မှုနှင့် ဆက်စပ် သည့် ပဋိပက္ခများကြောင့် ၂၀၂၂ ဒီဇင်ဘာလအထိ နေရပ်စွန့်ခွာ ထွက် ပြေးတိမ်း ရှောင်ခဲ့ရ သည့် ဒုက္ခသည်များ သည် ကချင်ပြည်နယ်တွင် (၁၀၂၄၁)ဦးခန့်၊ ကရင်နီ ပြည်နယ် တွင် (၂၀၂၁၁၅)ဦးခန့် ၊ ချင်းပြည်နယ်တွင် (၆၅၇၈၅) ၊ကရင်ပြည်နယ်တွင် (၃၅၂၅၀၃၀)ဦးခန့်၊ မွန်ပြည်နယ်တွင် (၂၆၀၀၀)ခန့်၊ ရှမ်းပြည်နယ်တွင် (၁၂၂၁၂) ခန့် ဖြစ် ဖြစ်ကာ ပြည်နယ် ဒေသ အသီးသီး ရှိ အရပ်သား ပြည်သူ များ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူ ဉီးရေ စုစုပေါင်းသည် (၆၈၉၂၁၃)ဦးခန့် ရှိနေသည်။
 
ကိုးကားချက်များ –
 
၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)
၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ
၄) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ
 
ဖက်ဒရယ်ဂျာနယ် မြန်မာ စုစည်းတင်ပြသည်။