• Today is: Thursday, April 25, 2024

(၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား ဒရုန်းဖြင့် ဗုံကြဲခံရ

ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နာဝါရီ ၁၅၊ ၂၀၂၃
စစ်ကောင်စီမှ ကြီးမှူးပြီးကျင်းပပြုလုပ်တဲ့ (၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့ကို ကျင်းပနေချိန်
ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်(၇)နာရီခန့်က ဒရုန်းဖြစ် ဗုံးကြဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ အခမ်းအနားကိုတော့ လွိုင်ကော်မြို့နယ် ပြည်နယ်ခန်းမနှင့် မြို့နယ်ခန်းမတို့မှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ (၁)ဦး အသက်ဆုံးရှုံးပြီး၊ ရဲ(၂)ဦးနှင့် အရပ်သားပြည်သူ (၄)ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အဲဒီဒရုန်းဖြင့် ဗုံကြဲတိုက်ခိုက်မှုဟာ မည်သည့်အဖွဲ့ပြုလုပ်သွားတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထိုတိုက်ခိုက်မှုဖြစ်ပြီး နောက်ပိုင်း စစ်ကောင်စီတပ်များမှ လွိုင်ကော်မြို့ထဲတွင် လုံခြုံရေးတင်းကြပ်ပြီး သွားလာလှုပ်ရှားသည့် အရပ်သားပြည်သူတချို့ကိုလည်း ဖမ်းဆီးရိုက်နက်မှု တချို့ရှိခဲ့တယ်လို့ သိရပါတယ်။