• Today is: Friday, March 29, 2024

CDF-Matupi ရှေ့တန်းစခန်းတစ်ခု စီးနှင်းခံရ၊ လက်နက်ခဲယမ်းတချို့ လည်းသိမ်းဆည်းခံရ   

ဓါတ်ပုံ – CDF-Matupi ရဲဘော်များ မြင်တွေ့ရစဉ်။
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃
 
ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းမပေါ်က ငလိုင်ကျေးရွာမှာရှိတဲ့ CDF Matupi ရဲ့ ရှေ့တန်းစခန်း တစ်ခုကို စစ်ကောင်စီဟာ ဇန်နဝါရီ ၁၅ ရက်နေ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီ စီးနှင်းခံရမှုအတွင်း CDF-Matupi တပ်ဖွဲ့၀င် တစ်ဦးကျဆုံးခဲ့သလို လက်နက်ခဲယမ်းတချို့အပါအဝင် စခန်းတွင်းအသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးတချို့ကိုလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ CDF-Matupi က ထုတ်ပြန်ပါတယ်။
 
သိမ်းဆည်းခံရတဲ့ လက်နက်ခဲယမ်းနှင့် စခန်းသုံးပစ္စည်းများဟာ သေနက် ၄ လက်၊ ဆိုင်ကယ် (၁၁)စီး၊ လက်ကိုင်ဖုန်း (၇)လုံး၊ ကျည်ဆံအများအပြားနှင့် ငွေကျပ် (၁၅) သိန်း သိမ်းဆည်းခံရတာပါ။
 
ဒါ့အပြင် စစ်ကောင်စီတပ်က ငလိုင်ကျေးရွာအတွင်းဝင်ရောက်လာပြီး လူနေအိမ် ၃လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာတော့ မတူပီ – ဟားခါးလမ်းမပေါ်မှာ နှစ်ဖက်တင်းမာမှု ဖြစ်နေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပေါ်နိုင်တယ်လို့ CDF-Matupi က အသိပေးထားပါတယ်။
 
ငလိုင်ကျေးရွာဟာ စစ်ကောင်စီ၏ ဖုန်းလိုင်းများဖြတ်တောက်ခံထားရလို့ ဆက်သွယ်ရေး ခက်ခဲတဲ့နေရာလို့လည်း သိရပါတယ်။