• Today is: Sunday, January 29, 2023

ကျွန်တော် ဘာမှမသိသေးခင်

ကျွန်တော် ဘာမှမသိသေးခင်
 
ကျွန်တော် ဘာမှမသိသေးခင်
အာဏာရှင်စနစ် အမိမြေပေါ် ခြေချခွင့် မရစေရဘူး
အဲတာကို သိခဲ့တယ်။
 
ဖက်ဒရယ်ကို ဒီမိုကရေစီနဲ့ ယှဉ်ပြီး တည်ဆောက်ရမယ်ဆိုတာ သိခဲ့တယ်။
တိုင်းပြည်ကြီးကို အာဏာရှင်လက်ထဲ မရောက်စေဖို့
လမ်းပေါ်ထွက် ဆန္ဒပြခဲ့တယ်။
 
မလုံလောက်သေးဘူးလား…
ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို
လက်နက်ကိုင်တော်လှန်ခဲ့တယ်။
 
မလုံလောက်သေးဘူးလား…
အသေပေးပြီး
နေ့နေ့ ညည တိုက်ခဲ့တယ်။
 
ကျွန်တော်ဘာမှမသိသေးခင်….
မတရားတာကို မတရားမှုမှန်း
ကျွန်တော် သေသေချာချာ သိခဲ့တယ်။
 
ကံ့ကော်ဖြူ