• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 9, January 31, 2023)

 

၁။ ခုခံတော်လှန်ရေးကို လူမျိုးတစ်မျိုးအနေဖြင့် အတူတကွ ပူးပေါင်းကြိုးစားရန် KNU ဥက္ကဌ တိုက်တွန်း
January 30, 2023

ခုခံတော်လှန်ရေးကို လူမျိုးတစ်မျိုးအနေဖြင့် အတူတကွ ပူးပေါင်းပြီးလုပ်ဆောင်ကြရန် ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ကရင် အမျိုးသား ခုခံတော်လှန်ရေးနေ့အတွက် မိန့်ခွန်းသဝဏ်လွှာထဲတွင် ပြောကြားလိုက်သည်။ ကေအဲန်ယူဥက္ကဋ္ဌက “ခုခံတော်လှန် ရေးသည် လူတစ်ဦးတစ်ယောက်၏ အင်အားဖြင့် ကြိုးပမ်းလုပ်ဆောင်မည့် အရာမဟုတ်ပေ။ ထို့အပြင် လူမျိုးတစ်မျိုးတည်းဖြင့် ကြိုးပမ်းအားထုတ်ရမည့် အရာလည်းမဟုတ်ပေ။ လူမျိုးတစ်မျိုးအနေဖြင့် အတူတကွပူးပေါင်းပြီးလုပ်ဆောင်ကြရပါမည်။ ငါ့မြင်း ငါးစိုင်းပြီး သူတလူငါတမင်း လုပ်ဆောင်၍မရပါ။ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းစေရေးနှင့်အောင်မြင် ရေးအတွက် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များ၏ စရိုက်လက္ခဏာအလုံးစုံကို ကြိုးပမ်းတော်လှန်နေကြသည့်အခြား သော လူမျိုးများအစုအဖွဲ့များနှင့်လည်း လက်တွဲတိုက်ထုတ်ရပါမည်”ဟု ပြောသည်။ ထို့အပြင် ဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံရေး အရပ်ရပ်ပေါ်မူတည်၍ ပိုမိုအားကောင်းလာစေရေးနှင့် အောင်မြင်နိုင်ရေးအတွက် အခြားသော လူမျိုးများ၊ အဖွဲ့အစည်း များနှင့်လက်တွဲပြီး နိုင်ငံရေးသတိနှင့်ရည်မှန်းချက်ပန်းတိုင်အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ကြရန်ကိုလည်း ကေအဲန်ယူ ဥက္ကဌ က ဆက်လက်တိုက်တွန်းထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားရေး ကြိုးပမ်းမှုကြီး၏ အဓိကရည်မှန်းချက်သည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့်အတွက် ခုခံတော်လှန်ရေး ဖြစ်သည့် ကရင်အမျိုးသား ရေး ကြိုးစားမှုကြီးသည် နိုင်ငံရေးလှုပ်ရှားမှုမှ စတင်ခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင် ခုခံတော်လှန်ရေးကူးပြောင်းခဲ့ရသည့်အထိ တော်လှန်ရေးရည်မှန်းချက်များမပြောင်းလဲဘဲ တည်ရှိနေဆဲဖြစ်ကြောင်း လည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။ “မိမိတို့တော်လှန်ရေးကြီး ဧကန်မုချအောင်မြင်ရပါမည်။ မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်သည် အထိ ဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြရပါမည်။ မိမိတို့၏ နိုင်ငံရေးရည်မှန်းမချက်များဖြစ်သည့် တရားမျှတမှု၊ တန်းတူ ညီမျှမှုများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းကြရမည်”ဟု သူ၏ မိန့်ခွန်းတွင် ပြောသည်။ ဆက်လက်၍ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအပြင် ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းများ ကွဲပြားနေကြသည့် ပြည်သူလူထု နှင့် နိုင်ငံသူနိုင်ငံသားများ နိုင်ငံတစ်နိုင်ငံတည်းတွင် အေးအေးချမ်းချမ်းနှင့်အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို မိမိတို့ အတူတကွ ထူထောင်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး၊ မိမိတို့ အမျိုးသားများနှင့် ပြည်သူလူထု တစ်ရပ်လုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များအတွက် ဆုံးခန်းထိတိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သလို ပြီးမြောက်အောင်မြင်သည့်အထိ ကြိုးပမ်း အားထုတ်ရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။ https://kicnews.org/2023/01/% e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%90%e1%80%b1%e1%

၂။ ပန်းတိုင်သို့ ရောက်ရှိဖို့ တောင်ပေါ်မြေပြန့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး ညီညွတ်စွာ ရဲရဲရင့်ရင့် ခရီးဆက် ကြရန် KIO တိုက်တွန်း
January 30, 2023

လွတ်လပ်တရားမျှတတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စုစည်းညီညွတ်စွာ ရဲရဲရင့်ရင့် ခရီးဆက် ကြရန် နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် လူထုဟောပြောပွဲသို့ KIO က သဝဏ်လွှာပေးပို့ တိုက်တွန်းလိုက်ပါတယ်။ ၎င်း ဟောပြော ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သဝဏ်လွှာရေးသားပေး ပို့ခဲ့တာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်သူ တွေ၊ ရှေ့တန်းမှာ မကြောက်မရွံ့ ရပ်တည်ခဲ့ကြတဲ့ ပြည်သူတွေ၊ ရဲရင့်တဲ့ မျိုးဆက်သစ်လူငယ် Generation Z တွေ၊ အသက်သွေးချွေးပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပါရှိပါတယ်။ ၂ နှစ်တာကာ လအတွင်း အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်ခဲ့ကြပြီဖြစ်ပြီး ပိုမိုခက်ခဲတဲ့ အခြေအနေ အချိန်အခါ တွေနဲ့ ကြုံတွေ့ လာမယ်ဆိုရင်လည်း ရောက်ရှိရမယ့် ပန်းတိုင်သို့ စိတ်ဓါတ်ခွန်အား အပြည့်နဲ့ ခရီးဆက်ကြရမယ်လို့လည်း တိုက်တွန်းထားပါတယ်။ https://www.facebook.com/kachinwavesnews/photos/pcb.6250794071600319/625079285

၃။ ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင်ချောင်းဝအနီးတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ
January 30, 2023

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင်ကျေးရွာ ချောင်းဝအနီးတွင် ယနေ့နံနက် ၇ နာရီခွဲခန့်က အမျိုးသားအလောင်းတစ်လောင်း မျောပါလာသည်ကိုတွေ့ရှိရကြောင်းသိရသည်။ အဆိုပါရေထဲတွင်မျောပါလာသည့် အမျိုးသား အလောင်းသည် မည်သူမည်ဝါမှန်းမသိရှိရသေးဘဲ ယင်းအမျိုးသားအလောင်းတွင် ရခိုင်အမျိုးသားပါတီမှ သံတွဲမြို့နယ်မှ “ဦးမြင့်ဇော် ကို မဲပေးကြပါစို့” စာတန်းပါဝင်သည့် အင်္ကျီကိုဝတ်ဆင်ထားကြောင်း အလောင်းအား သွားရောက် ဆယ်ယူခဲ့သည့် ကိုအောင်မင်းစိုး က ပြောသည်။ “ဒီအနီးအနားပတ်ဝန်းကျင်တွေမှာလည်း စုံစမ်းနေတယ်။ ပြောကြတာကလည်းမသိဘူးဖြစ်နေ တယ်။ အင်္ကျီကိုကြည့်တော့ သံတွဲဘက်ကဖြစ်နေတယ်။ အလောင်းကတော့ သိပ်မကြာသေးဘူး။ တစ်ရက်နဲ့တစ်မွန်းတည့် လောက်ပဲရှိအုံးမယ်ထင်တယ်။ မျက်နှာကတော့ ပျက်သွားလို့မှန်းမရ တော့ဘူး။ ကျနော်တို့ခန့်မှန်းတာက ခရီးသွားလှေတွေက ပြုတ်ကျကျန်ခဲ့တာများဖြစ်နိုင်မလားပေါ့။ ဒီအနီးအနား ဝန်းကျင်ကဆိုရင်တော့ အခုချိန်ဆိုသတင်းရပြီ။ ဘယ်သူဘယ်ဝါ ပျောက် နေတယ်ပေါ့။ ကျနော်တို့ကခန့်မှန်းကြည့်တာ အတိအကျမသိရသေးဘူး” ဟုပြောသည်။

လက်ရှိတွင်အဆိုပါအလောင်းကို အောက်ကျောင်းတောင်ကျေးရွာမှ မော်ကျွန်းတွင်ထားရှိထားပြီး မိသားစုဝင်များ ဆက် သွယ်လာမည်ကို စောင့်ကြည့်နေသေးကြောင်း သိရသည်။ အဆိုပါအလောင်း၏မိသားစုဝင်များ တစုံတရာ ဆက်သွယ်လာခြင်းမ ရှိပါက မြေနေရာတစ်ခုတွင်ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးသွားမည်ဟု သွားရောက် ဆယ်ယူထားသည့် ကိုအောင်မင်းစိုး ကပြောသည်။ https://burmese.narinjara.com/…/63d75581baac23414254f911

၄။ မိုးကောင်းတွင် စစ်ထောက်လှမ်းရေးဗိုလ်ကြီး ၁ ဦးနှင့် SNA တပ်ဖွဲ့ဝင် ၉ ဦးကို UG အဖွဲ့က ဖမ်းဆီး
January 30, 2023

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်ထောက်လှမ်းရေးဗိုလ်ကြီး တယောက်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)တပ်ဖွဲ့ဝင် ၉ ယောက်ကို ဒေသခံ မြေအောက်တော်လှန်ရေး UG အဖွဲ့က ဖမ်းဆီးလိုက်ပါ တယ်။ မိုးကောင်းမြို့မှာ ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ကျော်စိုး (ခ) မင်းမင်းလှိုင် နဲ့ ၉ ယောက်အဖွဲ့ကို ဖမ်းဆီးရမိပြီး‌ ဖော်ထုတ်ချက်အရ တပ်မ ၄၇ တပ်ရင်းက ကွန်မန်ဒိုထောက်လှန်ရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင် ကို ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လဂေါင်ကျေးရွာ အနောက်ဘက်မှာ ဟန်ပြအခင်းလုပ်ထားတယ်ဗျ။ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့ သူ့အဖွဲ့ ၉ ယောက်ရဲ့ ဝန်ခံချက်အရ အခင်းဟန်ပြလုပ်နေပြီး ကျနော်တို့ တော်လှန်အဖွဲ့တွေကို ပိတ်ပင်အနှောင့်အယှက်ပေးဖို့ အထက်က လူကြီးတွေ ညွှန်ကြားတာလို့ပြောတယ်။ အဲ့အခင်းကို KIA ဒူကမ္ဘာလဇွန်နော်ရှိန်နဲ့ SNA ခေါင်းဆောင် ကျော်စိုး (ခ) မင်းမင်းလှိုင်တို့ ပိုင်တယ် လို့ သိရတယ်ဗျ။ ဒူကမ္ဘာလဇွန်နော်ရှိန်နဲ့ SNA ခေါင်းဆောင် ဘယ်လိုပတ်သက်မှုရှိလဲဆိုတာ မသိရဘူးဗျ။ ကျန်ရှိတဲ့ သူတို့နဲ့ ပတ်သက်နေတဲ့ အဖွဲ့ဝင်တွေက မဟုတ်မမှန် စွပ်စွဲပြောဆိုနေတယ်ဆိုတာလည်း သိရတယ်ဗျ။” မိုးကောင်းမြို့နယ်၊ အလယ်ရပ် ရပ်ကွက်နေ SNA ခေါင်းဆောင်လို့ ဝန်ခံထားသူ ကျော်စိုး (ခ) မင်းမင်းလှိုင် ဆိုသူနဲ့ လဂေါင်ကျေးရွာအနီး ဟန်ပြအခင်း လုပ် ဆောင်နေတဲ့ SNA အဖွဲ့အစည်းတချို့နဲ့ ထောက်လှမ်း ရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်တို့ကို ဆက်လက် ဖမ်းဆီး စစ်ဆေး မေးမြန်းနေတယ်လို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။ http://burm ese.dvb.no/archives/576219

၅။ သီပေါ CDM မူလတန်း ကျောင်းအုပ် ဆရာမ တစ်ဦးကို စစ်ကောင်စီ တပ်သားများ ရိုက်နှက်ဖမ်းဆီးသွား
January 30, 2023

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှ CDM ပြုလုပ်ထားသည့် အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမကို စစ်ကောင်စီ တပ်သားတို့မှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ ၂၉ ရက်တွင် ဘော်ကြိုသို့ ဈေးဝယ်လာစဥ် စစ်ကောင်စီတပ်သားတို့က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ဆရာမက တစ်ယောက်တည်းလာတာ၊ စစ်ကား တစ်စီး နဲ့ ဆရာမကို ရိုက်ပြီး ဖမ်းခေါ် သွားတယ်၊ အစက ဆရာမရှောင်မလို့ အိမ်တစ်အိမ်ထဲ ဝင်ပြေးတာကို အဲ့အိမ်ဝိုင်းထဲ အထိ ဝင်ရိုက်ပြီး ဖမ်းသွားတာ” ဟု သီပေါမြို့ခံ အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦးက ပြောသည်။ လက်ရှိတွင် ဆရာမကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်းနှင့် မိသားစုဝင်များလည်း ဆက်သွယ်ခွင့် မရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်တွင်လည်း သီပေါမြို့မှ CDM လုပ်သည့် ပညာရေး ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီ တပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားခဲ့သည်။ လက်ရှိတွင် သီပေါမြို့ပေါ်မှ CDM လုပ်သည့် ပညာရေးဝန်ထမ်း ၄ ဦးအပါအဝင် လူငယ် ၇ ဦးတို့ က ဖမ်းဆီး ခံထားရပြီး သီပေါ ရဲစခန်း အကျဥ်းထောင်တွင် ထားထားကြောင်း သိရသည်။ ယခု ရက်ပိုင်းအတွင်းတွင် သျှမ်းပြည် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်နှင့် မူဆယ်ခရိုင်တို့မှ CDM ပြုလုပ်သည့် ဝန်ထမ်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ရက်ဆက်တိုက် လိုက်လံဖမ်းဆီးနေကြောင်း သတင်းသိရသည်။ https://burmese.shannews.org/archives/32

၆။ လက်နက်ကိုင်တပ်များ စစ်ဖက်ဆိုင်ရာကျင့်ဝတ်လိုက်နာရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း
January 31, 2023

လက်နက်ကိုင်တပ်များအနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအား လေးစားလိုက်နာရန်နှင့်အများ ပြည်သူများ နေထိုင်သည့် ကျေးရွာ၊ ရပ်ကွက်များတွင်ရှောင်ရှားပြီး လှုပ်ရှားတိုက်ပွဲဖော်ကြရန် ဇန်နဝါရီ လ ၂၉ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ သထုံခရိုင်က ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။ ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando ပူးပေါင်းစစ်ကြောင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ခြေမြန်တပ်ရင်း ၅၄၅ တပ်ဖွဲ့တို့ ဇန်နဝါရီ ၂၄ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မွန် လူမျိုးအများစု နေထိုင်သည့် ကမ်းနီရွာအနီးတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် လူနေအိမ် များ မီးရှို့ခံခဲ့ရသည့်အတွက် လက်နက်ကိုင်တပ်များအနေဖြင့် စစ်ဘက် ဆိုင်ရာကျင့်ဝတ်များလေးစား လိုက်နာကြရန် တိုက်တွန်း ကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ကော်သူးလေအာမီ -KTLA ပူးပေါင်းစစ်ကြောင်းအနေဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မွန်လူမျိုး အများစု နေထိုင်သည့် ကမ်းနီရွာ အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ခဲ့ပြီး ၂၄ ရက်နေ့တွင် ကျေးရွာရှိ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင် နေအိမ်အား ထပ်မံမီးရှို့ခဲ့ရာမှ လူနေအိမ်များမီးလောင်ပျက်စီးသွားသည်ဟု မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။ ကျုံဒိုးမြို့အနီး ကော့ကျိုက်၊ အံဂလုံ၊ ကမ်းနီစံပြကျေးရွာတွင် ဇန်နဝါရီ ၂ဝ ရက်နေ့က လာရောက်တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်များနှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့မှ နှစ် ဖက်ပြင်း ထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဦးရေ ၉ဝ ကျော် သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု ဇန်နဝါရီ ၂၆ ရက်နေ့တွင် Lion Battalion Commando ဗျူဟာစစ်ကြောင်း ၏ လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူများနှင့် အမြှောက်တပ်ရင်းတို့၏ ပစ်ခတ်ဗုံးကြဲသည့်အတွက် ကျေးရွာရှိ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ၂ ဦး ကျဆုံးခဲ့ကြောင်းလည်း Lion Battalion Commando ဗျူဟာစစ်ကြောင်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ဖော်ပြပါရှိသည်။ မွန်ပြည်သစ်ပါတီ၏ သတင်းထုတ်ပြန် ချက်တွင် နယ်မြေအတွင်းတိုက်ပွဲများ ထပ်မံပေါ်ပေါက်လာပါက မွန်ပြည်သူလူထုများအနေဖြင့် မိမိတို့နယ်မြေအတွင်း လုံခြုံရေး အစီအမံများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီနှင့် ပူးပေါင်းအကောင်ထည်ဖော်ကာ သက်ဆိုင်ရာမြို့နယ် ခရိုင်ရုံးသို့ ချိတ်ဆက်ဆောင်ရွက်ကြရန်ကိုလည်း အသိပေးထား သည်။ မွန်ပြည်သစ်ပါတီအဖွဲ့သည် ၂ဝ၁၈ ခုနှစ် ၊ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီ လက်ထက်တွင်လည်း အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့်အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပါဝင်တက်ရောက်လေ့ရှိသည်။ https://kicnews.org/2023/01/%e1%80%9c%e1%80%80%e1%80%ba%e1%80%94%e1%80%80%e1%80%ba%e1

၇။ ဖားကန့် လုံးခင်းလယ်ပြင်ဂိတ်ကို KIA တိုက်ခိုက်
January 30, 2023

ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဖားကန့်မြို့လုံးခင်း ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် လယ်ပြင်ဂိတ်အနီးတွင် ယမန်နေ့နံနက် ၂ နာရီခန့်က ပစ်ခတ်သံများ ကြားခဲ့ရကြောင်း သိရသည်။ လက်နက်သံများကို နားထောင်ပါက တိုက်ပွဲပြင်းထန်သည်ဟု ဆိုနိုင်ကြောင်း ရပ်ကွက်နေဒေသခံတစ်ဦးက ပြော သည်။ “ပစ်တော့ပစ်နေကြတာပဲ၊ အဲ့နေရာမှမဟုတ်ဘူး တစ်ခြားတပ်စွဲထားတဲ့ နေရာတွေမှာလည်း ပစ်သံတွေကြားရတယ်။ အဲ့ဖက်နားတော့တိုက်ပွဲနည်းနည်း ပြင်းထန်တာပေါ့” ဟုသူကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုရားကုန်းကဲ့သို့ အမြင့်ပိုင်းနေရာများတွင် တပ်စွဲထားပြီး၊ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများပြုလုပ်‌နေကြောင်း အခြားရပ်ကွက်နေဒေသခံ တစ်ဦးကပြောသည်။ “တိုက်ပွဲဘယ်နေရာဖြစ် လည်အသံကြားတာနဲ့ ရမ်းပစ်နေတော့တာ။ ဘယ်ကိုကျလို့ကျလည်းသူတို့ မသိ ဘူး။ လူတွေထိလည်းဘာမှကို ဂရုမစိုက်တာ” ဟုသူကပြောသည်။ ဖားကန့်မြို့မှော်စီစာကျေးရွာ ဂေါက်ကွင်းအနီးရှိ စစ်ကောင်စီ ရဲကင်းကိုလည် ဇန်နဝါရီလ ၂၅ ရက်နေ့က ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)က သွားရောက် မီးရိူ့ဖျက်စီးခဲ့ကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/a.116371983215665/736958421157015/

၈။ လားရှိုးမှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲဖြစ်
January 30, 2023

ရှမ်းမြောက် လားရှိုးမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ နမ်မောနဲ့ မန်ကောင်းရွာကြားမှာ စစ်ကောင်စီ ခြေမြန် တပ်ရင်း (၅၀၄) ရဲ့ အင်အား (၆ဝ) ခန့်က TNLA တပ်ရင်း (၅၉၅) တပ်စခန်းရှိရာသို့ လက်နက်ကြီးနဲ့ တစ်ဖက်သတ် ပစ်ခတ်ရာ ကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း အရပ်သား ထိခိုက်မှုနဲ့ ပျက်စီးမှု အသေးစိတ်ကို မသိရှိရသေးဘဲ တိုက်ပွဲဟာ ၄ နာရီခန့်ကြာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုကိုလည်း မသိရသေးပါဘူး။

စစ်ကောင်စီက TNLA တပ်ဖွဲ့ရှိရာကို စတင်ထိုးစစ်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရတာလို့ TNLA ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် ကပြောပါတယ်။ “ဒီနောက်ပိုင်း တိုက်ပွဲကြီးကြီးမားမားတော့မရှိဘူး။ ကျနော်တို့ ဘက်ကပြန် လည်ခုခံတဲ့ပုံစံမျိုးပဲရှိတယ်။ စစ်ကြောင်းက ထိုးစစ်ဆင်လာမှ တိုက်ပွဲဖြစ်တယ်” စစ်ကောင်စီက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း TNLA က ပြောဆိုထားပြီး စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့လည်း တက်ရောက်ခြင်းမရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=503280208645915&set=a.40450321 5190282

၉။ သင်တန်းဆင်း PDF များကို ဖမ်းခဲ့သည့် စစ်ထောက်လှမ်းရေးအရာရှိ ဖမ်းဆီး ရှင်းလင်း ခံရ
January 29, 2023

ကချင်ပြည်နယ်၊ ဗန်းမော်တပ်နယ်မှ စစ်ထောက်လှမ်းရေးအရာရှိဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစစ်နိုင်ကို မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLACK K အဖွဲ့က ဖမ်းဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၈ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းမသေဆုံးမီ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း UG BLACK K ပြန်ကြားရေး တာဝန်ခံက ပြောသည်။ စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်သည် သင်တန်းဆင်းခါစ PDF ၂၁ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ၊ အမျိုးသမီး ၁ ဦးကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည် ဆိုသည့် အထောက်အထားများ နှင့်အတူ ၎င်းကိုယ်တိုင် ဝန်ခံခဲ့ကြောင်း၊ စစ်ဘက်ဆိုင်ရာ အထောက်အထားများလည်း ရရှိခဲ့ကြောင်း UG BLACK K အဖွဲ့ထံမှ သိရသည်။

UG BLACK K ပြန်ကြားရေး တာဝန်ခံက “ဖားကန့်-မြစ်ကြီးနား-ဗန်းမော်-ဝိုင်းမော် ထောက်လှမ်းရေး အပိုင်းမှာ အကြီး ဆုံးပေါ့။ သူ့ကို ချုပ်ကိုင်တာက နေပြည်တော်က တိုက်ရိုက်ကိုင်တာ။ သူ့ကြောင့် ဖမ်းခံရတဲ့ PDF တွေလည်း များတယ်။ ၂၀၂၁ တုန်းကဆိုရင် မန္တလေးပြန်ဖို့လုပ်တဲ့ သင်တန်းဆင်းတဲ့ ၄ ဦးကိုလည်း ဖမ်းတယ်။ နောက် ၁၇ ဦး သင်တန်းဆင်းပြီးပြီးချင်း အောက်ပိုင်းဘက် ပြန်မှာကို ဖမ်းတယ်။ KIA/KIO နဲ့ PDF တွေရဲ့ လှုပ်ရှားပုံတွေကို ထောက်လှမ်းတယ်” ဟု ပြောသည်။ စစ်ဆေး မှုများပြုလုပ်စဉ် သေဆုံးသွားသော အသက် ၃၇ နှစ်အရွယ်ရှိ ဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင် သည် အရပ်ဝတ်ဖြင့် ကားသမား အယောင်ဆောင်ကာ သတင်းများကို စုံစမ်းထောက်လှမ်း နေခြင်း ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၂၊ ဒီဇင်ဘာ ၂၄ ရက် နေ့ ကလည်း ဖားကန့်မြို့နယ်က ဒွန်ဘန်အကျဉ်း ထောင်မှူး ဗိုလ်ကြီး ကိုင်ဇာလျန် ကို မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (UG BLACK K) က ၎င်း၏ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ https://www.facebook.com/theirrawaddyburmese/photo s/pcb.6438224569554974/6438224279555003/

၁၀။ ဒေသခံတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံး
January 30, 2023

ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အကြမ်းဘက်စစ်ကောင်စီရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိမှန် သေဆုံးသွားခဲ့ပါတယ်။ လက်နက်ကြီးဟာ မနက်ပိုင်း ၉ နာရီခွဲ ဝန်းကျင် လောက်က ကျလာတာဖြစ်ပြီး နေအိမ်မျာ ပစ္စည်းပြန်ယူတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ “လက်နက် ကြီး ကျတဲ့အချိန်မှာ သူက ဆိုင်ကယ် မောင်းပြီးထွက်သွားတော့ နောက်ကနေထိတာလို့ ” နီးစပ်သူ တစ်ဦးက ပြောပါတယ်။ သူ့ကို ထိမှန်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုမြို့ အခြေစိုက် ခလရ (၁၀၂) တပ်ကနေ ပစ်တာ မဟုတ် ပဲ လောပိတဘက်က အမှတ် (၅၃၀) အမြောက်တပ်ရင်း ကနေပစ်တာလို့ ဆိုပါတယ်။ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အကြမ်းဘက် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇန်နဝါရီလ အတွင်းမှာ စစ်ရှောင်အပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရပြီး (၁) ဦး သေဆူံးခဲ့တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%92%e1%80%b1%e1%80 %9e%e1%80%81%e1%80

၁၁။ နမ့်မှော်တွင် ကုမ္မဏီလုပ်ကွက်ဟောင်းကမ်းပါးပြိုကျပြီးရေမဆေးသမားလေးဦးသေဆုံး
January 30, 2023

ကချင်ပြည််နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာအနီးရှိ ကုမ္မဏီလုပ်ကွက်ဟောင်းတစ်ခုတွင် ကမ်းပါးပြိုကျရာမှ ရေမဆေး သမားလေးဦး သေဆုံးသွားကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ နံနက် ၉နာရီဝန်းကျင်တွင် နမ့်မှော် ကျေးရွာအနီးရှိ အဲဗားကျောက်စိမ်းကုမ္မဏီလုပ်ကွက်ဟောင်း‌အတွင်း ရေမဆေးကျောက်ရှာသူလေးဦး ၄ ပေကျင်းတူး နေစဥ် ကမ်းပါးပြိုကျမှု ကြောင့် လေးဦးစလုံးပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ” ကျနော်ကိုယ်တိုင်တွေ့ခဲ့တာ စိတ်မကောင်း ဘူး သူတို့လေးယောက်က တစ်ကျင်းထဲမှာအတူတူ လေးပေကျင်းတူး နေတာ သူတို့ခေါင်းပေါ်က ပေ ၁၀၀ ကျော်မြင့်တဲ့ ကမ်းပါး က ပြိုကျလာတာ အဲမှာ လေးယောက်လုံးစလုံးပါသွားတယ် ”ဟု ပြောသည်။

သေဆုံးသွားသည် ရေမဆေးသမား လေးဦးသည် ရခိုင်လူမျိုးများဖြစ်ကြောင်းသိရပြီး ကျန်ကြွင်းသည့် ရုပ်အလောင်း အား ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် လူမှုကူညီရေးအသင်းများ၊ ရှာဖွေကယ်ဆယ်ရေးသမားများနှင့် ဒေသခံပြည်သူ များ ဝိုင်းဝန်းထုတ်ဖော်နိုင်ခဲ့ကြောင်း သိရသည်။ ဖားကန့်ဒေသတွင် မြေစာပုံများ၊လုပ်ကွက်ဟောင်းရှိ ကမ်းပါးများပြို ကျမှုကြောင့် ရေမဆေးသမားများ ထိခိုက်သေဆုံးမှုနှစ်စဥ်ဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ်တွင်ယခုပထမအကြိမ်ဖြစ်သည်။ https://www.faceboo k.com/theKachinNews/photos/pcb.5300702670029433/5300702563362777/

၁၂။ အိန္ဒိယနယ်စပ်မှာ မြန်မာစစ်ဘေးဒုက္ခသည် ၅၀ ခန့် ထပ်မံဖမ်းဆီးခံရ
January 30, 2023

မြန်မာနိုင်ငံနယ်စပ် အိန္ဒိယနိုင်ငံ မိုးရေးမြို့နယ်မှာရှိတဲ့ ဗီတုတ်နဲ့ မင်နုံရွာတွေမှာ တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် ၅၀ လောက် ဇန်နဝါရီလ ၃၀ ရက်၊ မနက်ပိုင်းက အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ဒါဟာ လေးရက်အတွင်း အဖမ်းခံရတဲ့သူ ၁၃၀ ကျော်သွားတာ ဖြစ်ပါတယ်။ မြန်မာဒုက္ခသည်တွေကို မဏိပူရ် ရဲတပ်ဖွဲ့ကဖမ်းတာဖြစ်ပြီး ပြည်နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ အဖမ်းခံရသူ ၅၀ လောက်ရှိတယ် လို့ ဆိုပေမယ့် အရေအတွက် တိတိ ကျကျကို အတည်ပြုဖို့ ကြိုးစားနေတယ်လို့ မိုးရေးမြို့မှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လူဦးရေကတော့ အတိအကျ မသိနိုင်သေးဘူး။ အဖမ်းခံရတယ် ဆိုတာတော့ ကြားလိုက်ရတယ်။ မဏိပူရ် ၀န်ကြီးချုပ်က မြန်မာ စစ်ဘေးရှောင်တွေကို ဖမ်းဖို့အတွက်ဖမ်းမိန့် ထုတ်ထားတယ်ဆိုတဲ့ ကောလဟာလသတင်းကြားနေရတယ်ဆိုတော့ မြန်မာပြည် ဘက်ကလာတဲ့ စစ်ဘေးရှောင် မှန်သမျှကို မဏိပူရ်က ဖမ်းမိန့်ထုတ်ထားတဲ့ကောလဟာလ ထွက်လာတဲ့အခါကျတော့ အကုန်လုံး ပုန်းကြရှောင်ကြ ရတယ်။ အချင်းချင်းတောင်မှ မကူညီနိုင်ကြတဲ့ အနေအထားဖြစ်နေတယ်” မိုးရေးမြို့နယ်က နယ်စပ်တစ် လျှောက်မှာ ရှိတဲ့ ရွာတွေမှာ မြန်မာဘက်ကရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရဲတပ်ဖွဲ့က ဆက်ပြီးရှာနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ ဘေးလွတ်ရာကို ထပ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း မိုးရေးမြို့နယ် လန်းကျမ်းရွာနဲ့ ဆာလ်ဘွန်ရွာ နှစ်ရွာကြား နယ်မြေ ပြဿနာ ကြောင့် မဏိပူရ်အစိုးရက ကွင်းဆင်းစစ်ဆေးရာကနေ မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသားအယောက် ၈၀ အဖမ်းခံရ ပါတယ်။ အဖမ်းခံရတဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၉ ယောက်နဲ့ အသက် ၇၀ ကျော် အရွယ် နှစ်ယောက်ပါပြီး သူတို့ဟာ မဏိပူရ်ပြည်နယ် အင်ဖာ ဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO က ဆက်ဆံရေး အရာရှိ ဆလိုင်းကျုံးဒေါ့ က ပြောပါတယ်။ လက်ရှိ နှစ်နိုင်ငံနယ်စပ် မြန်မာ ဘက်ခြမ်းက တမူးမြို့နယ်ဘက်မှာလည်း လုံခြုံရေး တင်းကျပ်ထားသလို စစ်ကောင်စီဘက်က လူကြီးခရီးစဉ်‌ရှိတယ် ဆိုပြီး စစ်ရဟတ်ယာဉ် အဆင်းအတက်တွေလည်း ရှိနေတယ်လို့ တမူးမြို့ဒေသခံတွေက ပြောပါတယ်။ မိုးရေးမြို့နယ် မှာ အဖမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၃၀ ကျော်ကို

အိန္ဒိယ အာဏာပိုင်တွေက စစ်ကောင်စီဘက် ပြန်လည်လွှဲပေးမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ အိန္ဒိယ ရောက် မြန်မာနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်တဲ့ India For Myanmar အဖွဲ့ က တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ဆလိုင်းဒိုခါရ် က ပြောပါ တယ်။ အဲဒီဒုက္ခသည်တွေကို အိန္ဒိယအာဏာပိုင်တွေက မကြာခဏ ဖမ်းနေပြီး အခုအကြိမ်ဟာ နှစ်နှစ်အတွင်း ငါးကြိမ်မြောက် ဖြစ်တယ်လို့ ဆိုပါတယ်။ အဖမ်းခံရတဲ့သူတွေကို ကူညီမယ့်သူမရှိ ဘူးလို့လည်း India For Myanmar အဖွဲ့က ပြောပါတယ်။ https://www.facebook.com/watch?v=1037552650534512

၁၃။ ကချင်မှာ စစ်ကောင်စီတပ်နဲ့ KIA နှစ်နှစ်အတွင်း တိုက်ပွဲ ၁၁၂၅ ကြိမ်ဖြစ်ခဲ့
January 31, 2023

အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပေါင်း (၁၁၂၅) ကြိမ် ဖြစ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါ တယ်။ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲ (၆၂၁) ကြိမ်နဲ့ ၂၀၂၂ ခုနှစ်မှာ (၅၀၄) ကြိမ်ဖြစ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ အတွင်း ထိခိုက် သေဆုံးမှုအရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း တိုက်ပွဲတွေ ပိုဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “အာဏာသိမ်းပြီးနောက် ၂၀၂၂ အထိ တိုက်ပွဲဖြစ်တာ (၁၁၂၅) ကြိမ်အထိရှိတယ်။ ၂၀၂၃ ကချင်ပြည်နယ်တိုက်ပွဲ ပိုပြင်းထန်မလားဆိုတာကိုတော့ သီးခြားပြောလို့မရဘူး။ ကျနော်တို့အားလုံးက သိထားရမယ့်ဟာက ၂၀၂၃ မှာ စကစရွေးကောက်ပွဲလုပ်မယ်။ NUG က အနှောင့်အယှက်ပေးဖို့ ကြေညာထားတယ်။ KIO ကလည်း ရွေးကောက်ပွဲ လက်မခံဘူးဆိုတော့ တိုက်ပွဲကတော့ ဖြစ်နိုင်ခြေများတယ်လို့ ခန့်မှန်းပြောလို့ရပါတယ်” အာဏာသိမ်းပြီးနောက်ပိုင်း KIO အနေ နဲ့ စစ်ကောင်စီနဲ့ ပြောဆိုဆက်ဆံတာမရှိသလို နိုင်ငံရေးဆွေးနွေးဖို့ ကမ်းလှမ်းလာရင်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးနွေးနွေးပွဲ ဖြစ်လာမှာမဟုတ်တဲ့အတွက် အခုအချိန်မှာတော့ လက်ခံဖို့မရှိဘူးလို့လည်း ဆိုပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုက ပြုလုပ်တဲ့ တော်လှန်ရေး နှစ်နှစ်ပြည့်အခမ်းအနားကို KIO က ဇန်နဝါရီလ ၂၉ ရက်နေ့မှာပေးပို့တဲ့ သဝဏ်လွှာမှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်းသား ပြည်သူအားလုံး ရဲရဲရင့်ရင့် ခရီးဆက်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ အလောဘွမ် (ALAW Bum) တပ်စခန်းကို KIA က ပြန်လည် သိမ်းယူခဲ့တဲ့ တိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်တယ်လို့ KIA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ညကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနန့်ပါမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ တိုက်ခိုက်ခံရ တာကြောင့် KIO အမှုထမ်းတွေနဲ့ ဒေသခံပြည်သူ ၇၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၈၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ https://www.facebook .com/rfaburmese/photos/a.10150522560153128/10162403590698128/

၁၄။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးဆောင်ရွက်သူများကို မူဝါဒနဲ့အညီ အရေးယူမည်ဖြစ်ကြောင်း ကရင်နီ တော်လှန်ရေးအင်အားစုများ ပူးပေါင်းကြေညာ
January 29, 2023

စစ်ကောင်စီက ပြုလုပ်ဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး ပါဝင်ကူညီသူများ၊ ဝင်ရောက်ယှဉ်ပြိုင်သူများကို အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က (ဇန်နဝါရီ ၂၈ ရက်) မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်းက ၎င်းတို့အုပ်ချုပ်ရေး ယန္တရားသက်ရောက်ရာ နေရာအချို့မှာ ရွေးကောက်ပွဲအတွင်း ပြင်ဆင်နေတာ ကြောင့် မပူးပေါင်းမကူညီကြဖို့ တိုက်တွန်းကြောင်း KNDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြပါတယ်။ “ကရင်နီဒေသမှာ စစ်ကောင်စီက လွိုင်ကော်မှာမဟုတ်ဘူး ဖားဆောင်း၊ ဘော်လခဲထဲက သူတို့ ယန္တရားတွေ ရှိတဲ့နေရာအချို့မှာလည်း ရွေးကောက် ပွဲလုပ်ဖို့ ကြိုးစားနေတယ်။ မဲစာရင်းတွေ သန်းခေါင်စာရင်းကောက်တာတွေ လုပ်နေတယ်။ အဲဒီလိုလုပ်ရမှာ လိုက်ကူညီနေတဲ့ ကျေးရွာဥက္ကဋ္ဌ လို့ဆိုတဲ့ လူမျိုးတွေကိုလည်း ဆိုလိုတာပေါ့။ စစ်ကောင်စီ ရွေးကောက်ပွဲကို အထောက်အကူပြုစေမဲ့ ဘယ်လို လုပ်ရပ်ကို ဖြစ်ဖြစ် ဝိုင်းမကူဖို့ ဝင်မပါဖို့ပါ။” KNDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိင်သူများ၊ ရွေးကောက်ပွဲဖြစ်မြောက်ရေး အားပေးကူညီသူများကို လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ “ရွေးကောက်ပွဲက လုပ်ပြီးသား၊ ဒါကိုသူတို့ ဘာ သာအာဏာရူးပြီး ထသိမ်းတာ၊ ဒီတော့ ဒီရွေးကောက်ပွဲကို ဘယ်ပြည်သူကမှလည်း လက်ခံမှာ မဟုတ်ဘူး။ မြို့နေလူထု အချို့ ကသာ သူတို့လက်နက်နဲ့ ဖိနှိပ်တာကို ကြောက်ရလို့ ပြောင်မငြင်းနိုင်တာမျိုးရှိမယ်။ ကြေညာချက်ထဲမှာပါသလို ကျတော်တို့ ကလည်း လက်မခံဘူး။ သူတို့ဘက်က လက်နက်အားကိုး အင်အားသုံးပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုလည်း မရဘူး။ သူတို့ ရွေးကောက်ပွဲကို ပါဝင်အားဖြည့်တာ ကူညီတာမှန်သမျှ အရေးယူ သွားမှာပါ။ ဘယ်ပုံဘယ်နည်း အရေးယူမယ်တော့ အတိအကျ မပြောပြသေးဘူးပေါ့။ သေချာတာ ကျတော်တို့က ထင်ရာလျောက်လုပ်နေတဲ့ အဖွဲ့တွေမဟုတ်ဘူး။ ကျတော်တို့မှာ နိုင်ငံရေးမူ၊ အဖွဲ့အစည်းရဲ့ စည်းကမ်းမူ ဘောင်တွေ စနစ်တကျရှိတယ်။ အဲဒီ မူဘောင်ထဲက လုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူသွား မယ်။” KNDF ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောခဲ့ပါတယ်။ ကရင်နီဒေသမှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ ၁၀% ခန့်သာရှိပြီး ယမန်နှစ်ကထက် စစ်ဇုန်ပိုကျယ်လာကာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အကြမ်းဖက်နယ်မြေ ရှင်းလင်းရေးတွေ ပြုလုပ်လာနိုင်တယ်လို့ KNDF က ဇန်နဝါရီ ၁၈ ရက်က ဖြေကြားခဲ့ ပါသေးတယ်။ DMO-PDF၊ KNDF အပါအဝင် SSLRU၊ Falcon wing နဲ့ KNPP တို့ကလည်း ကရင်နီဒေသမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တရားဝင်ထုတ် ပြန်ထားပြီး ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=209466501605950&set=pcb.209466628272604

၁၅။ တိုက်ပွဲကြောင့် ပျက်စီးသွားသော ဘုရားကျောင်းကို ပြန်ပြင်ပေးရန် စစ်တပ်က မတူပီ သင်းအုပ်ဆရာများကိုပြော
January 30, 2023

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မတူပီမြို့ ဗျူဟာကုန်းကနေ မနီးမဝေးတွင်ရှိသော CDF-Matupi ရှေ့တန်း စခန်း ဖြစ်တဲ့ ငလိုင်ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီးနောက်၊ CDF-Matupi ကနေ တန်ပြန်စစ်ဆင်ရေး များဖော်ဆောင်ခဲ့ ပါတယ်။ ထိုကဲ့သို့ CDF-Matupi ၏ စစ်ဆင်ရေးကြောင့် ဖနိုင်ရွာတွင် ရှိသော စစ်ကောင်စီ ခရစ်ယာန်တပ်သားများရဲ့ ဘုရားကျောင်း တစ်ကျောင်းဟာ တိုက်ပွဲအတွင်းပျက်စီးမှူ တစ်ချို့ရှိခဲ့ပါတယ်။ ထို့ကြောင့် မတူပီမြို့ရှိ သင်းအုပ်ဆရာ များကို စစ်ကောင်စီတပ် ကခေါ်ပြီး ယင်းဘုရားကျောင်းကို ပြင်ပေးရန်ပြောခဲ့ကြောင်းသိရပါတယ်။ ပျက်စီးသွား သော ဘုရားကျောင်းကို ပြန်ပြင်ပေး မည်ဟု သင်းအုပ်ဆရာများကလည်းပြောကြောင်း သိရပါတယ်။ စစ်ကောင်စီ ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ကောင်စီ စစ်သား ၂ ယောက် သေဆုံးတယ်လို့ ဒေသခံများက ပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းက စစ်ကောင်စီ နှင့် CDF-Matupi အကြားက တိုက်ပွဲကြောင့် CDF-Matupi ရဲဘော် တစ်ဦးနှင့် ပြည်သူ နှစ်ဦး ကျဆုံးခဲ့ပါတယ်။ ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦးကို စစ်ကောင်စီက လူနေအိမ်နဲ့အတူ မီးရှို့ခဲ့ပြီး နောက်ပြည်သူ တစ်ဦးကိုတော့ လက်နောက်ပြန်ကြိုးတုတ်ကာ စစ်တပ်ကလည်လှီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ် အလောင်း ၄ လောင်းကိုလည်းတွေ့ရသောကြောင့် ထိုအလောင်းများဟာ သေဆုံးသွားသော စစ်ကောင်စီ အလောင်း များ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောပါတယ်။ မတူပီမြို့နယ်ကို စစ်တပ်က ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပိုက်ဆံပေးသုံးရသော Wifi ကိုလည်း စကစ က လာဖြုတ်သိမ်းသွားသော ကြောင့် လက်ရှိအချိန်တွင် မတူပီမြို့ဟာ ဖြတ်လေးဖြတ် ဖြတ်တောက်ခံထားရသော မြို့ဖြစ်ပါတယ်။ https://zalen.info/%e1 %80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bd%

၁၆။ တောင်ယာအပြန် စစ်ရှောင်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဘယ်ခြေထောက်ဆုံးရှုံးခဲ့
January 31, 2023

ကရင်နီပြည် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း ဒေါတဟေးကျေးရွာမှာ စစ်ရှောင်နေတဲ့ အမျိုးသားတစ်ဦး ယမန်နေ့က တောင်ယာကအပြန် မိုင်းနင်းမိပြီး ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ရွှေလွိုင်ကော် ပရဟိတ အသင်းဝင်တစ်ဦးက ပြောပါတယ်။ “မနေ့က ပဲစဉ်းငုံသွားခူးတာ ဒေါတဟေးရွာအရှေ့ဘက်မှာ ပဲစေးငုံသွားခူး ပြီးတော့ ည ၆ နာရီ လောက်မှာ ပြန်လာတာ ပြန်လာတဲ့အချိန်မှာ လမ်းမှာ နင်းမိတာပေါ့။ နင်းမိပြီးတော့ အဲဒီရွာမှာ ဆရာမတွေလည်းရှိတဲ့အခါတော့ သူတို့ ကျနော်တို့ကို အကြောင်းကြားလာတာကတော့ ည ၁၂ နာရီလောက်မှ အကြောင်းကြားလာတာ။ အသက်အန္တာရာယ် လည်းမစိုးရိမ်ရလောက်ဘူး။ ဒါပေမယ့် ဘယ်ခြေကတော့ ပြတ်သွား တယ်။ ညာခြေကလည်း ယမ်းစတွေထိသွားတယ်။” လို့ သူက ပြောပါတယ်။ လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါ တယ်။ သူဟာ အသက် ၂၃ နှစ်အရွယ် မောင်ဆော်ရယ် ဖြစ်ပြီး လွိုင်ကော်မြို့ ဒေါတချားကျေးရွာကနေ ဒေါတဟေးကျေးရွာဘက်ကို စစ်ရှောင်ရင်း တောင်ယာ အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

လွိုင်ကော်မြို့ ထီးစဲခါးကျေးရွာအုပ်စုရှိ ဒေါတဟေးကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျရောက်တာတွေလည်း ရှိခဲ့ဖူးပါတယ်။ ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ စစ်ကောင်စီတပ်စွဲခဲ့တဲ့နေရာတွေမှာ အရပ်သားပြည်သူတွေပြန် လည်နေထိုင်ရင်း မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရသူတွေရှိနေသလို၊ အသက်သေဆုံးတာတွေလည်း ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80

၁၇။ ရေးမြို့နယ်တွင် အမျိုးသား ၁ ဦး မြေမြုပ်မိုင်းနင်းမိ
January 31, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးမှာ ဇန်နဝါရီ ၃၀ ရက် မနက် ၁၀ နာရီလောက်က အမျိုးသားတယောက် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အသက် ၆၀ ကျော်အရွယ် နိုင်ကိုးမိုင်ဟာ ကြိုးတံတားချောင်းနားက သူ့ရဲ့ဥယျာဉ်ခြံမှာ ရေပိုက်လာ ပြင်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ တာကြောင့် ဘယ်ခြေထောက် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ နိုင်ကိုးမိုင်ကို လမိုင်းဆေးရုံကနေ မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံဆီ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။ နိုင်ကိုးမိုင် မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ကြိုးတံတား ချောင်းမှာ စစ်ကောင်စီတပ်က ကင်းစခန်းချပြီး တပ်စွဲနေထိုင်နေတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကောင်စီတပ် ကင်းစခန်းချထားတဲ့ နေရာနားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတဦး မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် လူအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ ဆိုင်ကယ်တစီးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါ တယ်။ https://burmese.dvb.no/archives/576313

၁၈။ KDHW ၏ အပတ်စဉ် (၁၀) Medic Training မှ ဆေးမှူး ၂၅ ဦး သင်တန်းဆင်း
January 30, 2023

ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW မှ ဖွင့်လှစ်ပေးသော အပတ်စဉ် (၁၀) Medic Training မှ ဆေးမှူး ၂၅ ဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့သည်။ ကရင်ဒေသအတွင်း လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပြီး CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု ပါဝင်သူ)ဆရာဝန်များ၏ ကူညီသင်ကြားပေးမှုဖြင့် အဆိုပါ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီး နယ်ပယ်အသီးသီးမှ သင်တန်းသူ၊ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ပြီးနောက် ယနေ့ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပေးခြင်း ဖြစ်သည်။ သင်တန်းအောင်မြင်ခဲ့သူ နော်ကပေါ်ဝါးက “ပြည်သူတွေကို ကူညီချင်တဲ့ စိတ်ကရှိတော့ ကိုယ်စိတ်အား ထက်သန်တဲ့ ဒီဆေးပညာရပ်ကို သင်ယူဖို့ ဒီကျောင်းကို လာတက် ဖြစ်တာပေါ့။ ရှေ့ဆက်ပြီးတော့လည်း ကျမ စွမ်းနိုင်သလောက် သင်တန်း တွေ ကျောင်းတွေ ဆက်တက်မယ်။ ပြီးရင် ကျမပြည်သူတွေကို အကောင်းဆုံး ကျန်းမာရေး ဝန်ဆောင်မှု ပြန်ပေးနိုင်ဖို့ရည်ရွယ် ထားတယ်” ဟု ပြောသည်။

ထိုသင်တန်းကို အခြေခံဆေးပညာ သင်ယူအောင်မြင်ထားသူများအား Anatomy (ခန္ဓာဗေဒ) Physiology (ဇီဝကမ္မ ဗေဒ) ၊ Disease (အနာရောဂါဆိုင်ရာ) တို့ကို အဆင့် ၃ ခုခွဲ၍ စာတွေ့၊ လက်တွေ့ ၁၀ လတာသင်ကြားပေးပြီးနောက် သက်ဆိုင် ရာဆေးရုံ ဆေးခန်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ သင်တန်းဆင်းပွဲ သို့ KDHW ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်၊ KNU အထွေထွေ အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ် နှင့် အမျိုးသားညီညွတ်ရေး အစိုးရ-NUG ကျန်းမာရေး ဌာနတာဝန်ရှိသူအပြင် သင်တန်းဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း သားမိသားစုဝင်များ တက်ရောက်ခဲ့ကြ သည်။ သင်တန်းပြီးမြောက်အောင်မြင်သူ စောကော်ဂေဒို့ ကလည်း “ကျနော့် ကွန်မြူနတီမှာ ကျန်းမာရေး အသိပညာ အားနည်း တာတွေ အများကြီးတွေ့ရတယ်။ ဒါတွေကို ကျနော် ကူညီပေးချင်တယ်။ ဒီသင်တန်းကို အောင်မြင်သွားလို့လည်း အရမ်းပျော် တယ်။ မိဘတွေရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ အနာဂတ်မှာလည်း ကျနော့်လူထုတွေအတွက် ကျနော့် ပတ်ဝန်း ကျင်အတွက် ကျန်းမာစေဖို့ တတ်စွမ်း သလောက် ပေးဆပ်လုပ်ဆောင်ပေးသွားမယ်”ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကလည်း KDHW ၏ အပတ်စဉ် ၈ နှင့် အပတ်စဉ် ၉ Medic သင်တန်းဆင်းပွဲကို ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့ရာ ဆေးမှူး ၄၁ ဦး သင်တန်းဆင်းခဲ့သည်။ https://kicnews.org/2023/01/kdhw-%e1%81% 8f-%e1%80%a1%e1%80%95%e1%80%90%e1%80%ba%e1%80%85%e1%80%89%e1%80%ba

၁၉။ တနင်္သာရီမှာ တစ်ပတ်အတွင်း လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရတဲ့ ဒေသခံ ၁၇ ဦးထက်မနည်းရှိလာ
January 30, 2023

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တနင်္သာရီမြို့နယ်မှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံ အရေအတွက်ဟာ တစ်ပတ်အတွင်းမှာ ၁၇ ဦးထက်မနည်း ရှိပါတယ်။ ၎င်းတို့ဟာ အခုလ ၂၃ ရက်နေ့ကနေ မနေ့ကညနေပိုင်းအထိ ထိခိုက်ခဲ့သူတွေ စာရင်းပါ။ အဆိုပါ ရက်တွေမှာ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကတော့ လက်နက်ကြီး အလွန်အကျွံအသုံးပြု ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်နက်ကြီးကျည်ထိမှန်ခဲ့ သူ တွေကတော့ ဘန်းလမွတ်ရွာက ဒေသခံ ၅ ဦး၊ ဘောဓိကမ်းရွာက ဒေသခံ ၄ ဦး၊ မော်တုန်းရွာ ၃ ဦး၊ ဥယျာဥ်ကမ်းကျေးရွာက ၃ ဦး နဲ့ သမုတ်ချုံးရွာက ၂ ဦး အနည်းဆုံး ထိခိုက်၊ ဒဏ်ရာရခဲ့ကြတာပဲ ဖြစ်ပါတယ်။ ” ပထမနှစ်ရက်လောက်ကဆို တနေကုန် ညဘက် တွေအထိ နေရာအစုံကလက်နက်ကြီးပစ်ခဲ့တာ။ ခဲယမ်းတွေ အလကားရနေသလိုပါပဲ”လို့ တနင်္သာရီမြို့နယ်က ပြည်သူ့ကာကွယ် ရေးတပ်သားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားချိန်အပြင် သာမာန်အချိန်တွေမှာပါ တနင်္သာရီအခြေစိုက် ခမရ (၅၅၆)၊ ခမရ (၅၅၇)၊ ခမရ (၅၅၈)နဲ့ အမြောက်တပ် (၃၀၆) တို့ကနေ လူနေအိမ်တွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တာပါ။ လက်နက် ကြီးထိမှန်တာကြောင့် ဥယျာဥ်ကမ်းကျေးရွာက အသက် ၉၀ အရွယ် ဒေါ်သိန်းခင် ဆိုသူနဲ့ နောက်ထပ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီလက်နက်ကြီးပစ်ခ‌တ်မှုက ဒေသခံတွေ ထိခိုက်၊ ဒဏ်ရာရတာ အပြင် သမုတ်ချုံးရွာနဲ့ ဘန်းလမွတ် ကျေးရွာက နေအိမ် ၂ ဆောင်ထိမှန်ပျက်စီးခဲ့ပြီး ဘန်းလမွတ်ကျေးရွာက နောက်ထပ်နေအိမ် ၂ ဆောင် မီးလောင်ပျက်စီးခဲ့ပါ တယ်။ မရင်းကြီး၊ ဘန်းလမွတ်၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ ဗောဓိကမ်း၊ ဥယျာဉ်ကမ်း၊ အောက်ကင်း၊ မော်တုန်း၊ သမုတ်ချုံး၊ ဘန်လောအနောက်ရွာနဲ့ အနီးအနားကကျေးရွာတွေကတော့ စစ်ဘေးရှောင်နေရပါတယ်။ စုစုပေါင်းစစ်ဘေးရှောင်အရေအတွက် ကတော့ ၄၀၀၀ ဝန်းကျင်အထိရှိလာခဲ့ပြီလို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်ကပြောဆိုထားပါတယ်။ https://www.faceb ook.com/photo/?fbid=224002120017545&set=a.196212682796489

၂၀။ ကွတ်ခိုင်တွင် သေနတ်ကိုင်ဆောင်ထားသည့် လူတစ်စုက ဓားပြတိုက်၊ သိန်း ၂၀၀ ကျော်ခန့် လုယက်ခံရ
January 29, 2023

တရုတ်စကားပြောသည့် လက်နက်ကိုင်လူတစ်စုက အကြမ်းဖက်ဓားပြတိုက်မှုတစ်ခု ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈) ရှိ အိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သည်။ လက်နက်များကိုင်ဆောင်ထားသည့် အမည်မသိလူ ခြောက်ဦးက ဇန်နဝါရီလ ၂၇ ရက်နေ့ည ၇ နာရီခန့်က အိမ်စီးကားတစ်စီး၊ ဖုန်းနှင့် ငွေသားကျပ်သိန်း (၂၀၀) တို့ကို ဓါးပြတိုက် ယူသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကားနှစ်စီးနဲ့ ရောက်လာတာ တစ်ဖွဲ့က အိမ်ပြင်မှာစောင့်တယ် တစ်ဖွဲ့က အိမ်ထဲဝင်ပြီး ပိုက်ဆံယူတယ်။ အားလုံးနီးပါး လက်ထဲမှာ ပစ္စတိုသေနတ်ပါတယ်။ သူတို့အချင်းချင်းတရုတ်စကားပြောကြတယ်။ အိမ်ရှင်တွေ ကိုတော့ ထိခိုက်အောင်လုပ်သွားတာမရှိဘူး။ ဖုန်းနှစ်လုံးလည်းပါသွားတယ်” ဟုပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ကွတ်ခိုင်မြို့ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အိမ်နှင့်ရပ်ကွက်အတွင်းရှိလမ်းများတွင် ပတ်ကင်း လှည့်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ဖြစ်ပြီးတော့ သိပ်မကြာဘူး ရဲတွေရောက် လာတယ်။ ဓါးပြတိုက်ခံရတဲ့ အိမ်နဲ့လမ်းကြားတွေမှာခဏလှည့်ပတ်ကြည့်ပြီးပြန်သွားကြတယ်။ ရဲတွေလည်းကြောက် တယ်ထင်တယ်။ ဓါးပြအဖွဲ့က သေနတ် တွေပါတယ်ဆိုတော့”ဟုပြောသည်။ လက်ရှိအချိန်ထိ ဓါးပြတိုက်ရာတွင် ပါဝင်သူများအားကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ သက်ဆိုင်ရာသို့လည်း တိုင်ကြားထားခြင်းမရှိကြောင်း နီးစပ်သူများထံ ကသိရသည်။ ကွတ်ခိုင်မြို့တွင် စစ်တပ်အားဏာသိမ်းပြီး နောက် ခိုးဆိုးလုယက်မှုများပိုမို အဖြစ်များလာပြီး လွန်ခဲ့သောရက်သတ္တပတ်တွင်လည်း ကွတ်ခိုင်ရေထွက်ဦးပန်းခြံတွင် အမျိုးသားတစ်ဦး ကားလုယက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။ https://www.facebook.com/The74Media/phot os/a. 116371983215665/736 394634546727/

၂၁။ မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရ
January 30, 2023

မြစ်ကြီးနားမြို့ သီတာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ယနေ့ မွန်းလွှဲ ၂နာရီခန့်က ကျယ်လောင်သည့် ပေါက်ကွဲသံထွက် ပေါ်လာပြီးနောက် အမည်မသိ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်လူငယ်နှစ်ဦးကို ရိုက်နှက်စစ်ဆေးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “သီတာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အရင်သွားပစ်တာ ဖောင်းဖောင်း ဆိုပြီး အသံအရင်ထွက်လာတာ သေနတ်သံလိုပဲ။ ပြီးမှ အုပ်ချုပ်ရေး မှူးရုံးရဲ့အနောက်ဘက်လမ်းကြားကနေ ပစ်ပြီးပြေးသွားတာ။ တစ်စီးမှာ သုံးယောက်၊ တစ်စီးမှာ တစ်ယောက်။ သုံးယောက်စီးတဲ့ ထဲက နှစ်ယောက်က ပြေးသွားတယ်။ တစ်ယောက်တော့ မိသွားတယ်။ မိတဲ့တစ်ယောက်ကို ဘယ်နားပြေးသွားတာလဲလို့ ရဲ တစ်ယောက်က မေးနေတာ။ မိလို့ကတော့ ပစ်သတ်ပစ်မယ်လို့ပြောနေတာ”ဟုပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွားသည်ဟု အခြားသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ “လူအများကြီးအုံနေတာတွေ့တယ်။ သေနတ်တွေနဲ့။ ရဲဘောင်းဘီလည်းဝတ်ထားတယ်။ နှစ်ယောက်ကို လက်ထိပ်ခတ်ပြီးကားပေါ်တင်လိုက်တယ်။ ဆိုင်ကယ် 125 နှစ်စီးလည်း လှဲနေတယ်”ဟုပြောသည်။ အဆိုပါ လူငယ်အမျိုးသား နှစ်ဦး မည်သူမည်ဝါဖြစ်သည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင် KPDF လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ https://www.facebook.c om/The74Media/photos/a.116 371983215665/737139234472267/

၂၂။ စစ်ရှောင်လူဦးရေ ထပ်မံတိုးလာတာကြောင့် ရေအခက်အခဲကြုံတွေ့နေရ
January 29, 2023

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်လောက်ကစပြီး လူဦးရေ သုံးထောင် ငါးရာ ဝန်းကျင်လောက်ဟာ ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် လက်ရှိမှာ ရေရှားပါးမှုပြသာနာနဲ့ ကြုံတွေ့နေ ကြရပါ တယ်။ ယခင်ရှိပြီးသား စစ်ရှောင်စခန်းအများစုမှာလည်း ရေကိုမျှဝေသုံးစွဲနေကြရပြီး ယခုလို စစ်ရှောင် လူဦးရေ ထပ်မံတိုးပွားလာ တာကြောင့် ရေရှည်မှာ ခက်ခဲလာနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညား က ပြောပါတယ်။ “အခု လောလောဆယ် ရှောင်တဲ့နေရာတွေအားလုံးကိုပြန်ပြီး ကြည့်လိုက်တော့ ရေတော်တော်ရှားတဲ့ရွာတွေဖြစ်တာပေါ့နော်။ ရေထွက် ပေါက်ကို တချို့ရွာတွေမှာတောင်မှ မရှိတဲ့ဟာမျိုးပေါ့။ အရင်တုန်းက စစ်ရှောင်တွေ ရက်တန်းတောင်မှ ဒါတောင်မှ အရင် တစ်လ နှစ်လက ရာသီဥတုက အေးမြသေးတာ ပေါ့နော်။ ဒါတောင်မှ ရေက တစ်ရက်ကို တချို့ ရွာမှာဆို တစ်ရက်ကို တစ်ပုံး နှစ်ပုံးပဲပေါ့ နော်။ မိသားစု အကြီးအသေး မဟုတ်ပဲနဲ့ မိသားစုအလိုက်ပေါ့နော်။ တစ်ရက်ကို နှစ်ပုံးလောက်ပဲ ခပ်ခွင့်ရှိတဲ့နေရာတွေမှာ အခုက နောက်ထပ် လူဦးရေ ထပ်တိုးလာတော့ ကျနော်ထင်တာတော့ တော်တော်လေး ခက်ခဲလာနိုင်တဲ့ အခြေအနေရှိတယ်”လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညား က ပြောပါတယ်။

ကျေးရွာတစ်ရွာမှာ လာရောက်စစ်ရှောင်နေတဲ့ အိမ်ခြေ ၂၀၀ ဝန်းကျင် ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုကတော့ ယခင်ရှိနေ ပြီးသား စစ်ရှောင်တွေတောင်မှ ရေကို လုံလုံလောက်လောက် မသုံးစွဲရပဲ ရေအလှူရှင်တွေကိုသာ မျော်ကိုးနေကြရ တယ်လို့ သိရပါ တယ်။ “အခုလက်ရှိ ကျနော်တို့ဒီမှာ ရေကားတွေနဲ့ ကျနော်တို့ကို လှူပေးမယ်ဆိုရင်တော့ ပြီးတဲ့အထိ တော့ အဆင်ပြေမှာပေါ။ ဒါပေမယ့် မလှူပေးနိုင်ဘူးဆိုရင်တော့ နောက်လတော့ အဆင်မပြေလောက်တော့ဘူး။ အားလုံးကျနော်တို့ ဒီရေကန်ကိုပဲ သုံးနေ မယ်ဆိုရင် နောက်လလောက်ဆို အဆင်မပြေတော့ဘူး။ ရေက တော်တော် လေး ခမ်းသွားပြီ။ ပြီးရင် ညနေပိုင်း ရောက်ပြီဆိုရင် လူတွေက တအားလာခပ်ရင် ရေနောက်ကုန်ပြီ။ အ့လိုမျိုးတွေ ဖြစ်ကုန်ပြီ။ ဒီကန်ထဲမှာပေါ့နော်” လို့ ကျေးရွာတာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။ လက်ရှိ ကရင်နီပြည် အရှေ့ဖက် ခြမ်းမှာ စစ်ရှောင်စခန်း ၁၀ ခု ကျော်နဲ့ စာသင်ကျောင်းပေါင်း (၂၈)ကျောင်း ရှိပြီး အများစုမှာ ရေရှားပါးမှု ပြဿာနာကို ကြုံတွေ့နေကြရပါတယ်။ အလားတူ ကျေးရွာတွေမှာလည်း ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရပြီး ရေအလှူရှင်ကို အားကိုးနေရပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80% 85%e1%80%ba%e1%80%9b%e1%80%be%e1%80

၂၃။ ကရင်မရေထွက်အနီးရှိတပ်မြေအတွင်း လူနေဆိုင်ခန်းများကို စစ်တပ်ကရှင်းလင်းဖယ်ရှား
January 29, 2023

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကရင်မရေထွက်အနီးရှိ တပ်ပိုင်မြေအတွင်းလူနေ ဆိုင်ခန်းများကိုစစ်တပ်က ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အကုန်ဖျက်ဆီးရှင်းလင်းဖယ်ရှားလိုက်ကြောင်းသိရသည်။ ၎င်းဆိုင်ခံများကို အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်ပိုင် ဆိုင်ခန်းနေရာ အပါအဝင် အမှတ်(၂) စစ်မြေပြင်ဆေးတပ်ရင်း၊ GE တပ်၊ အမှတ်(၉၅၆) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) အမှတ် (၃) တပ်ဆွယ်၊ တပ်မတော်စစ်သားစု ဆောင်းရေးတပ်ဖွဲ့ရုံး (တောင်ကြီး)၊ အမှတ် (၂၆၂) တပ်ထိန်းပိုင် နေရာများတွင် ယနေ့အချိန်အထိ ဆိုင်ခန်းပေါင်း (၅၁၁)ခန်းရှိရာတွင် အဆိုပါ ဆိုင်ခန်းများပေါ်တွင် မှီတင်းနေထိုင်ကြသည့် အိမ်ထောင်စု စုစုပေါင်း (၄၀၀)ကျော်ရှိကြောင်း သိရသည်။ “ဒီကိစ္စက အသိပေးထားတာတော့ကြာပြီ ၂၀၁၉ တုန်း ကတည်းကပါ ဒါပေမယ့် ရုတ်တရက် ဗြုန်းခနနဲ့လာဖျက်တော့ အချိန်မရဘူးပေါ့ဗျာ ပြောင်းနေခိုင်းတာတို့မရှိဘူး ဘာတာဝန်ခံမှုမရှိခု ခုဖျက်ခု ထွက်ပဲ ဖြိုဖျက်ပြီး ခြံစည်းရိုးတွေ ဆိုင်းပုတ်တွေတပ်ထားပြီ တပ်ပိုင်မြေ မကျူးကျော်ရ ဆိုပြီးတော့ပေါ့ဗျာ”ဟု အနီးရှိသူ တောင်ကြီးမြို့ခံအမျိုးသား တစ်ဦးက ပြောသည်။ ၎င်းနေရာများရှိ ဆိုင်ခန်းများ ဖြိုဖျက်ရှင်းလင်းဖယ်ရှားရာတွင် အေးသာယာ အတက်မြေပုံဂိတ်၊ ပလီလင်းဂိတ်တို့တွင်ဖြတ်တန်းခွင့်မပေးတော့သည့်အပြင် ကရင်မရေထွက်နှင့် ဆင်နှစ်ကောင်ရှိ ဖြတ်လမ်း များကိုလည်း ဂိတ်စောင့်ပိတ်ချခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

ဆိုင်ခန်းပေါင်း (၅၁၁)ခန်း၏ နေရာများတွင် မှီတင်းနေထိုင်ကြသည့် အိမ်ထောင်စု (၄၀၀) ကျော်တွင် အငြိမ်းစား ဝန်ထမ်းများနှင့် လစာနည်း ဝန်ထမ်းများအပါအဝင် လက်လုပ်လက်စား မိသားစုဝင်များနှင့် ဆင်းရဲနွမ်းပါးသူ အများစု ပါဝင်သလို ကျောင်းသား ကျောင်းသူများလည်း (၁၀၀) ကျော် ပါဝင်ကြောင်းသိရသည်။ ဆိုင်ဖျက်ဆီး ခံရသည့် အမျိုးသားတစ်ဦးကလည်း “ဆိုင်ခန်းတွေအကုန်ဖျက်ပါပြီ သူတို့တပ်မြေဆိုတော့လည်း မနေစေချင်တော့တာဖြစ်မယ် ဒါမဲ့ဗြုန်းခနဲလာဖြတ်သွားတော့ အချိန် မရဘူး အခက်ခဲဖြစ်တာပေါ့ ဒါပါပဲအမှန်တော့မကောင်းဘူးပေါ့ဗျာ”ဟု ပြောသည်။ ၁၉၉၄ ခုနှစ် ဝန်းကျင်ကတည်းက စစ်တပ်က ရန်ပုံငွေရရှိရေးအတွက် ဒေသခံများကို စာချုပ်စာတန်း များဖြင့် မြေအငှားချပေးပြီး ဆိုင်ခန်းများဆောက်လုပ်ခွင့်ပြုကာ ဈေးများ ရောင်းချခွင့်ပြုထားရာမှ နှစ်ပေါင်း (၂၀) ကျော်လာပြီးနောက် စာချုပ်သက်တမ်းပြည့်သွားပြီဟုဆိုကာ ဖယ်ရှားခိုင်း ခြင်းဖြစ်သည် ဟု သိရသည်။ https://www.facebook.com/KhamSarNgor/photos/pcb.2259934147509828/2259933750

၂၄။ စစ်အာဏာသိမ်းနှစ်နှစ်ပြည့် အသံတိတ်သပိတ်ဆင်နွှဲဖို့ ဒီမိုကရေစီအင်အားစုတွေ နှိုးဆော်
January 30, 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဒီမိုကရေစီအစိုးရကို လက်နက်အားကိုးနဲ့ဖယ်ရှားပြီး အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်မှာ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ မြန်မာတစ်နိုင်ငံလုံး ပြည်သူတွေ အိမ်ပြင် လမ်းမပေါ်မထွက်ကြဖို့ အိမ်ပြင်မထွက် ကြဖို့ ဒီမိုကရေစီ အင်အားစုတွေက နှိုးဆော်နေပါတယ်။ အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူလူထုရဲ့ ငြိမ်သက်စွာ ဆန္ဒပြမှုတွေကို စစ်တပ်က ရက်ရက်စက်စက်ဖြိုခွဲနှိမ်နင်းခဲ့တဲ့အတွက် ပြည်သူတွေ အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေဟာ ခုခံစစ်ကို ဆင်နွှဲခဲ့ကြတာဖြစ် တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ဝင် ကိုမိုဃ်းသွေး ကပြောပါတယ်။ “တောတွင်းထဲမှာ သွားပြီး တော့မှ လက်နက်ကိုင်သင်တန်းတွေ တက်ရောက်တယ်။ PDF လိုမျိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့တယ်။ သို့သော် ငြားလည်း တစ်ဖက်မှာလည်း အခွင့်သင့်တဲ့နေရာတွေ အားလုံးမှာ လူငယ်တွေ ကျောင်းသားတွေဟာ ပြောက်ကျား သပိတ်တွေ ဆင်နွှဲပြီးတော့မှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသာ လိုလားကြောင်း ကို တောက်လျှောက်ပြသနေခဲ့ ကြတာဖြစ်တယ်။ အခါအားလျော်စွာ လူငယ်ကျောင်းသားတွေ သပိတ်ကော်မတီတွေသည် ပြည်သူ လူထုနဲ့ ပူးပေါင်းပြီးတော့မှ နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုတွေကို ဆက်လက်ပြီး ဦးဆောင်နေခဲ့တယ်။ ဥပမာ- ကျွန်တော်တို့ ပြောမယ် ဆိုရင် ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသပိတ်ဆိုပြီး လူထူတွေက သူတို့ရဲ့ ဆန္ဒ

တွေကို ပန်းတွေပန်ပြီးတော့မှ ထုတ်ဖော်ပြသတဲ့ လှုပ်ရှားမှုတွေရှိတယ်။ နောက်ပြီးတော့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ နေရာ ဆက်လက်ပြီး ရရှိဖို့အတွက် လှုပ်ရှားမှု လုပ်ခဲ့ကြတာရှိတယ်။ အဲ့ဒါဆိုရင်လည်း ပရိုဖိုင်းကမ်ပိန်း ဆိုပြီး ဖေ့စ်ဘုတ်ခ်ပရိုဖိုင်း တွေ ချိန်းပြီးတော့မှ လှုပ်ရှားပြသခဲ့တာတွေရှိတယ်” မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကလည်း မြို့ပြ ကျေးလက်နေရာအသီးသီးက ပုံသဏ္ဍာန်မျိုးစုံနဲ့ပါဝင်တဲ့ တော်လှန်ရေး အင်အားစုတွေ ပိုမိုဟန်ချက်ညီ အားကောင်းလာတာနဲ့ အမျှ အာဏာရှင်စစ်တပ်ကို ပိုမိုလျင်မြန်စွာ ဖယ်ရှားနိုင်မှာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက သူတို့တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကလည်း ပြည်တွင်းအင်အားစုတွေနဲ့ တညီတညွတ်တည်း ရှိနေပါတယ်လို့ ထောက်ခံပြောကြားပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ တစ်နိုင်ငံလုံးဆိုင်ရာ တိတ်ဆိတ်ငြိမ်သက် ခြင်းသပိတ်မှာ ပြည်သူအားလုံး ပါဝင်အင်အားပြကြဖို့ ဒီမိုကရေစီ အင်အားစုတွေက အခုလို နှိုးဆော်နေကြချိန်မှာပဲ ပြည်ပနိုင်ငံတွေရောက် မြန်မာနိုငိငံ ဒီမိုကရေစီ ရရှိရေးလှုပ်ရှားတဲ့ အင်အားစုတွေကလည်း သက်ဆိုင်ရာနိုင်ငံ အသီးသီးက မြန်မာစစ်ကောင်စီ သံရုံးရှေ့ ကို သွားရောက်ပြီး ဆန္ဒပြကြဖို့ နှိုးဆော် စီစဉ်လျှက်ရှိပါတယ်။ တစ်ဖက်မှာ လည်း အသံတိတ်သပိတ်ကို တန်ပြန်တဲ့အနေနဲ့ စစ်အုပ်စုဘက်က အာဏာသိမ်း နှစ်ပတ်လည်ထောက်ခံပွဲတွေကို ကျင်းပဖို့စီစဉ်ထားသလို သပိတ်ကို လှုံ့ဆာ်သူတွေကို ဖမ်းဆီး မယ်လို့ လှုမှုကွန်ရက်ကနေ ခြိမ်းခြောက်မှုတွေ ပေါ်ထွက်နေပါတယ်။ https://www.rfa.org/burmese/program_2/military-coup-2023-01302023134904.html

၂၅။ တန့်ယန်းမြို့နယ်တွင်း ဆယ်ကျော်သက် ကလေးများပါ လောင်းကစားဝိုင်းကစားနေ
January 30, 2023

သျှမ်းပြည်၊ တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် ဆယ်ကျော်သက် ကလေးများ လောင်းကစားဝိုင်းတွင်းသို့ ဝင်ရောက် ဆော့ကစားနေကြောင်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးပွဲဟု အကြောင်းပြပြီး တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာ ထဲ ချယ်ရီတောင်အောက်ဘက်တွင် လောင်းကစားဝိုင်းကို ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက် ကလေးများပါ ဝင်ရောက်ကစားနေ ကြောင်း သိရသည်။ “ အဲ့ဒီ လောင်းကစားဝိုင်းက ချယ်ရီတောနားမှာပဲရှိတာ။ ကလေးတွေ ကိုယ်တိုင်ကတော့ လောင်းကစားဝိုင်း ဆော့နေတာပါ။ ဒီမှာက လောင်းကစားဝိုင်းကို ထမင်းစား ရေသောက်သလို ဆော့နေကြတာပဲ။ ကလေးအဖေကိုယ်တိုင်က သူ့တို့ ကလေးကို လောင်းစားဖို့ သင်ပေးနေတာ” ဟု တန့်ယန်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ ကလေးများ သည် လောင်းကစားဆော့ရာတွင်လည်း ကျပ်ငွေ ၁ သောင်း အထက် လောင်းနေကြကြောင်း သိရသည်။

“ကလေးတွေ တစ်သောင်းတန်တွေနဲ့ ကိုင်ပြီးတော့ ထိုးနေကြတာ။ ကလေးပေါက်စလေးတွေပါ။ ကလေးတွေကတော့ တစ်သောင်းတန်လား တစ်ထောင်တန်လား နာမလည်တဲ့ အရွယ်တွေပါ။ ပြီးတော့ ချယ်ရီတောလည်း ဒီနှစ်သိပ်မပွင့်ဘူး။ တောင် ခြေအောက်မှာလည်း အမှိုက်တွေအများကြီးပဲ။ ပတ်ဝန်းကျင် ညစ်ညမ်းလို့ ဂေဟစနစ် ပျက်စီးနေတာလည်း ဖြစ်မယ်”ဟု ဒေသခံ အမျိုးသမီးက ပြောသည်။ လက်ရှိ တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် တရုတ်နှစ် သစ်ကူးကိုအကြောင်းပြပြီး လောင်းကစားဝိုင်းဖွင့်လှစ်ရာတွင် တစ်လရှိနေပြီဖြစ်ကြောင်းသိရသည်။ https://burmese.shannews.org/archives/32 799

၂၆။ စစ်ကောင်စီဘက် ပါဝင်တိုက်ခိုက်နေခြင်းမရှိကြောင်း KNU/KNLA-PC ရှင်းလင်းချက်ထုတ်ပြန်
January 30, 2023

စစ်ကောင်စီနှင့် ကော်သူးလေအာမီ-KTLA တို့အကြားဖြစ်ပွားနေသည့် ကရင်ပြည်နယ် ကျုံဒိုးမြို့အနီး တစ်ဝိုက် တိုက်ပွဲ အတွင်း ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ စစ်ကောင်စီဘက် ပါဝင်တိုက်ခိုက်နေခြင်းမရှိကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ရက်စွဲဖြင့် ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။ ကျုံဒိုးမြို့အနီးတစ်ဝိုက်တိုက်ပွဲအတွင်း တပ်မတော်နှင့်ပူးပေါင်း၍ တိုက်ခိုက်နေ ကြောင်း ဆိုရှယ် မီဒီယာတချို့၏ မှားယွင်းဖော်ပြ ချက်များနှင့်ပတ်သက်ပြီး KNU/KNLA-PC အနေဖြင့် ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ယခုလို ရှင်းလင်း ချက်ပါရှိသည့် သဘောထား ထုတ်ပြန် ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ KNU/KNLA-PC ၏ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ ပွင့်ပွင့်လင်းလင်းပြောရရင် ပူးပေါင်းတိုက်ခိုက်ဖို့ဆိုတာ တခါမှစိတ်ကူး မရှိခဲ့ဖူးဘူး။ ဒီလိုပူးပေါင်းတိုက်ခိုက်ဖို့ ဗဟိုရဲ့ဆုံးဖြတ်ချက်တွေ ညွှန်ကြားချက်တွေ ဘာတစ်ခုမှမရှိဘူး။ ဒီသတင်းထွက်ပေါ်လာတာက ဘယ်လိုမှားယွင်းမှု ကြောင့် လည်းတော့မသိဘူး။ ဒါပေမဲ့ PC အနေနဲ့ ဒီလိုပူးပေါင်းဖို့ဆိုတာက ဘာဆုံးဖြတ်ချက်မှ မရှိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျုံဒိုးမြို့ အနီးတစ်ဝိုက်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၅၄၅) နှင့် ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် KTLA ပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲများတွင် KTLA တပ်ဖွဲ့ဝင် များဘက်မှ သိမ်းဆည်းရမိ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျောပိုးအိတ်များတွင် KNU/KNLA-PC လက်မောင်းတံဆိပ်ပါဝင် သည့် ယူနီဖောင်များတွေ့ ရှိပြီး လူမျိုးရေးအရအချင်းချင်း သစ္စာဖောက်သူများအဖြစ် သုံးနှုန်းပြောဆို ကျိန်းမောင်းမှုပြု သည့် ရုပ်သံများလူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုလို ရှင်းလင်းထုတ်ပြန်ချက် ပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်။ ထိုသို့ အဖွဲ့အစည်း လက်မောင်းတံဆိပ်ပါဝင်သည့် စစ်အင်္ကျီတွေ့ရှိရုံဖြင့် လူမျိုးအချင်းချင်း ပြန်လည် တိုက်ခိုက်သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက် များသည် ၎င်းတို့ အဖွဲ့အစည်းပေါ် ကရင်လူထုများ အထင်အမြင်လွဲမှား စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း KNU/KNLA- PC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကာလအတွင်း နည်းလမ်း ပေါင်းစုံဖြင့် ထိုးဖောက်ဝင်ရောက်လာသော သပ်လျှိုထိုးဖောက်ဝင်ရောက်မှုများကို သတိထားစေလိုကြောင်းနှင့် ကရင်လူထုများ စစ်ဘေးဒဏ်မှ ကင်းဝေးစေလို သည့် ၎င်းတို့၏ ကြိုးပမ်းမှုများအပေါ် ဖျက်လိုဖျက်ဆီးသည့် လုပ်ရပ်များအပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်းလည်း KNU/KNLA- PC က ဆိုသည်။ https://kicnews.org/2023/01/%e1%80%85%e1%80%85%e1%80 %ba%e1%80%80%e1%80%b1%e1%80%ac%e1

၂၇။ ဖလမ်းမြို့နယ် ပညာရေးမှူးရုံးထဲက လစာ သိန်း ၈၀၀ ဝန်းကျင်ကို လက်နက်ကိုင်တွေကလုယူ
January 31, 2023

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ပညာရေးမှူးရုံးတွင် အမည်မသိပစ္စတိုသေနတ်ကိုင်ဆောင်တဲ့ အမျိုးသား ၄ ယောက်ဟာ ယနေ့ ဇန်နဝါရီ ၃၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ Non CDM တွေရဲ့လစာသိန်း ၈၀၀ ဝန်းကျင်ကို လုယူသွားကြ တယ်လို့ သတင်းရရှိပါတယ်။ မြို့နယ် ပညာရေးမှူးရုံးက Non CDM ဝန်ထမ်းများ ရုံးအတွင်း အစည်းအဝေးပြုလုပ်စဉ် လက်ထဲမှာ ပစ္စတို တစ်လက်စီကိုင်ဆောင်ထားတဲ့ လူလတ်ပိုင်း ၄ ဦးဝင်လာပြီး မြို့နယ်ပညာရေးမှူးကို အခန်းထဲခေါ် သွားကာ Non CDM တွေရဲ့ လစာသိန်း ၈၀၀ ဝန်းကျင်ကို စာလာအိတ်ဖြင့်ထည့်ကာ ယူသွားကြတယ်လို့ သတင်းရရှိပါ တယ်။ အခင်းဖြစ်ပွားပြီးမကြာခင်မှာပဲ ဖလမ်းမြို့မှာ MPT မှအပဖုန်းလိုင်းအားလုံးဖြတ်တောက်ကာ မြို့နယ်ပညာ ရေးမှူးထဲ ကဝန်ထမ်းအားလုံးကိုလည်း စစ်ကောင်စီ တပ်သားတွေက တစ်ယောက်ချင်းစစ်ဆေးကြတယ်လို့သိရတယ်။ https://www.facebook.com/zalen.info/photos/a.173 5229460031251/3545087099045469

၂၈။ မောင်တောခရိုင်နှင့် ပလက်ဝဖက်မှ ပညာရေးဝန်ထမ်းများ ၁လ စာ ခံစားခွင့်လျော့ချခံရ
January 31, 2023

ရခိုင်ပြည်ရှိ မောင်တောခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝဖက်တို့မှ ပညာရေးဝန်ထမ်းများမှာ ၂ လစာ ရရှိနေရာကနေ့ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ၁ လစာသာ ရရှိတော့ကြောင်း သက်ဆိုင်ရာဝန်ထမ်းများမှ တစ်ဆင့်သိရသည်။ ရခိုင်ရှိ မောင်တောခရိုင်မှ ပညာရေးဝန်ထမ်းများကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ဒေသအခြေနေအရ ဝန်ထမ်းရှားပါးမှုကြောင့် ပုံမှန် လစာ၏ ၂ ဆကို ခံစားခွင့်ပေးထားခြင်းဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝတွင်လည်း ထိုနည်းတူစွာဖြစ်သည်။ လက်ရှိတွင် အဆိုပါ ခံစားခွင့်မှာ ယခုလအတွင်း၌ ရရှိခြင်းမရှိဘဲ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သေချာသိရှိ ခြင်းမရှိဟု ပလက်ဝမှ ပညာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။ “ဒီနေ့လစာထုတ်တာ လစာ ၂ ဆမရပါဘူး။ ၁ လ စာပဲရတော့တယ်။ ဘာကြောင့်လဲတော့ သေချာ မသိဘူး။ အရင်က လစာ ၂ ဆမရပေမယ့် ရှားပါးစရိတ်ပေးတယ်။ ခုအဲ့ဒါလည်းမရဘူး။ ဘာကြောင့်မှန်းလဲမသိဘူး” ဟု ပြော သည်။ ဘူးသီးတောင်မှ ပညာရေးဝန်ထမ်းတစ်ဦးကလည်း ယခုကဲ့သို့ ပုံမှန်ရနေကျလစာလျော့ချခံရမှုနှင့်ပတ်သက်၍ ရေရှည် အဆင်မပြေနိုင်ကြောင်း ဆိုသည်။ “ဒီလိုသာ ရေရှည်ဆိုရင်တော့ အဆင်တော့မပြေနိုင်ဘူး။ ခု ဘဏ်မှာငွေမရှိတာကြောင့်လို့ တော့ ကြားတယ်။ သေချာတော့ မပြောတတ်ဘူး။ အဲ့ဖက်ကိုကျတော့ အခြေနေအရ ဝန်ထမ်းအဖြစ်သွားနေမယ့်သူရှားတယ်လေ။ သွားနေတဲ့ ဝန်ထမ်းတွေအတွက်လည်း အခက်ခဲတွေအများကြီးရှိတယ်။ ဒါကြောင့် လစာ ၂ ဆကို ခံစားခွင့်ရကြတာ။ အခု ဒီလမရဘူး။ နောက်လတွေတော့ ဘယ်လိုနေမလဲ စောင့်ကြည့်ရတော့မှာပေါ့” ဟုပြောသည်။

မောင်တောခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝတွင် တာဝန်ထမ်းဆောင်လျှက်ရှိကြသည့် ပညာရေးဝန်ထမ်းများမှာ ဒေသ ဆိုင်ရာပြဿာနာများ၊ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဖက်ပဋိပက္ခများကြားတွင် နေထိုင်ရမှုတို့ရှိကြ သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလကလည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဖက် တိုက်ပွဲများကြား တွင် မောင်တောခရိုင်မှ ပညာရေးဝန်ထမ်းအချို့ တိုက်ပွဲအတွင်း ပိတ်မိနေမှုတို့လည်း ရှိခဲ့သည်။ https://www.facebook.com /westernnewsagency/photos/a.119286173211229/703709438102230/

၂၉။ ရွှေကူတွင် စစ်ကောင်စီနဲ့ပူးပေါင်းပြီးဖွင့်ထားသည့်လောင်းကစားဝိုင်း၌ဓားထိုးမှုဖြစ်ပြီး လူငယ်တစ်ဦးသေဆုံး
January 31, 2023

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့တွင် စစ်ကောင်စီနှင့်ပူးပေါင်းဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်း၌ ဓားထိုးမှု ဖြစ်ရာမှ လူငယ်တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများမှ သိရသည်။ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ရွှေကူမြို့ အခင်းစုရပ်ကွက်တွင်း စစ်တပ်လက်အောက်ခံ စရဖနှင့်ပူးပေါင်းဖွင့်ထားသည့် ဂျင်ဝိုင်း၊ ကြက်ဝိုင်း လောင်းကစားရုံတွင်းသို့ လူငယ်တစ်ဦးပြေးဝင်လာပြီး ကစားဝိုင်းအတွင်းထိုင်နေသည့် လူငယ်တစ်ဦးကို ဓားဖြင့် ဝင်ထိုးရာမှ သေဆုံးသွားကြောင်း ရွှေကူမြို့နေ အမျိုးသမီးတစ်ဦး က ပြောသည်။ ”ဓားထိုးမှုက ဂျင်ဝိုင်းမှာဖြစ်တာ လူငယ်တစ်ယောက်က ဂျင်ဝိုင်းမှာဝင်လာပြီး ထိုးသွားတာ မကျေနပ်တာရှိလို့နေမှာပေါ့။ ဝိုင်းထဲက ကောင်လေး တစ်ယောက် ကိုဓားထိုးပြီးထွက်ပြေးသွားတာ မမိလိုက်ဘူး ဓားထိုးခံရတဲ့ကလေးက ဗန်းမော်ဆေးရုံပို့တာ အချိန်မှီ မကုနိုင်တော့ဆုံးသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသွားသည့်လူငယ်မှာ ရွှေကူမြို့မှ မောင်သန်းမင်းနိုင် အသက် ၁၈ နှစ်ခန့်ဟုသိရပြီး ဓားထိုးမှုကျူးလွန်သည့် ကလေးမှာ ထွက်ပြေးလွတ်မြောက်‌သွားကြောင်း သိရသည်။ ကြက်ဝိုင်း၊ ဂျင်ဝိုင်းများဖြင့်စည်ကားနေသည့် ယင်းလောင်းကစားရုံ သည်လည်း ဓားထိုးမှုဖြစ်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေစဥ်အတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ အဆိုပါ လောင်းကစားရုံ သည် အာဏာသိမ်းသည့် နောက် ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ထားသည့် တစ်ခုတည်းသော လောင်းကစားရုံဖြစ်သည်။ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းသည့်နောက်ပိုင်း လောင်းကစား ဝိုင်းအပြင်၊ KTV၊ Bar၊ Club တို့ သိသိသာသာများပြား လာသည်။ https://www.facebook.com/theKachinNews/photos/a.480413718725043/5304354456330921/

၃၀။ RCSS ဖမ်းဆီးထားတဲ့ မိုင်းနောင်ဒေသခံ (၂၀)ဦးထဲက ၈ ဦး ပြန်လွတ်လာ
January 31, 2023

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ဖမ်းဆီးထားတဲ့ ရှမ်းတောင် မိုင်းနောင်ဒေသခံ (၂၀) ဦး ထဲမှ ၈ ဦး ပြန်လွတ်လာပါတယ်။ (၃၂)ရက်ကြာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှာ ပြန်လွတ်ပေးတာဖြစ် တယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ကို မူးယစ်ဆေးဝါး သုံးတယ်ဆိုပြီး တောင်ယာခြံမှာ လာဖမ်း သွားတယ်။ ကျနော်တို့ကို မြေအောက်အချုပ်ထဲမှာ ၂ ပတ်လောက် ချုပ်ထားပြီး ပြန်ထုတ် တယ်။ ကျနော်တို့ ပြစ်ဒဏ်အတွက် အိမ်သာကျင်း တူးခိုင်းတယ်။ တစ်တွင်းကို ၄ ယောက် တူးခိုင်းတယ်” နမ့်မောင်ရွာ ခံတစ်ဦးနဲ့ နောင်ဘာက်ရွာခံ ၇ ဦး ပြန်လွတ် လာတာဖြစ်ပြီး ကျန်ရှိနေတဲ့ (၁၂)ဦးကို ရှမ်းအရှေ့ မိုင်းပန်မြို့နယ်မှာ ခေါ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

RCSS ရဲ့ ဖမ်းဆီးမှုကြောင့် ဒေသခံလူထုတွေဟာ တောင်ယာခြံသို့ မသွားရဲကြတော့ဘူးလို့ နမ့်မောင်ရွာခံတစ်ဦးက ပြောပါတယ်။ “ဒီအချိန်မှာ တောင်ယာခြံတွေကို ရှင်းနေတဲ့အချိန်လည်း ရောက်နေပြီ။ ယောက်ျားတွေဆိုရင် ခြံလည်း မသွားရဲကြ သေးဘူး။ ဖမ်းခံရမှာကြောက်ကြတယ်။ အမျိုးသမီးတွေကိုပဲ သွားခိုင်းရတယ်” ရွာခံတွေ ဖမ်းဆီးခံရ ပြီးနောက် နောင်ဘာက် ကျေးရွာခံ (၅၀)ကျော် ထိုင်းနိုင်ငံဘက် ရွှေ့ပြောင်းပြီး အလုပ်သွားလုပ်ကြသူတွေ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ https://www .facebook.com/photo/?fbid=504206808553255&set=a.404503215190282

၃၁။ ကိုးကန့် (MNDAA) တပ်က တပ်သားသစ် စုဆောင်းနေသဖြင့် ကွတ်ခိုင်ဒေသခံ တရုတ်လူငယ်များ ထွက်ပြေးနေရ
January 30, 2023

ကိုးကန့် (MNDAA)တပ်ဖွဲ့က တပ်သားစုဆောင်းနေသည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ကွတ်ခိုင်ဒေသခံ တရုတ်လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ရပ်ကွက်တစ်ခုမှ လူငယ် ၁၀ ဦးခန့်ကို တပ်သားစု ဆောင်း ရေးအတွက် ခေါ်ယူမည်ဟုဆိုကာ မြို့အတွင်း အမည်စာရင်း လိုက်လံကောက်ခံနေသောကြောင့် ထွက်ပြေး တိမ်းရှောင်နေကြ ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ တရုတ်လူငယ်တစ်ဦးက ပြောသည်။ “အခုရက်ပိုင်း ငါတို့ရပ်ကွက်မှာ စာရင်းကောက်နေတယ်။ ရက်ကွက်တစ်ခုက လူငယ်ဆယ်ယောက်ထွက်လာ ရမယ်လို့ပြောတယ်။ အခုစာရင်း ကောက်တဲ့အချိန်လာရင်လာ၊ မလာရင် နောက်မှသူတို့ကိုယ်တိုင်လာခေါ်ရင် မလွယ်ဘူးလို့ပြောလာတယ်။ အဲ့တာကြောင့် အခုဆို ငါတို့တရုတ်လူငယ်တွေ ကွတ်ခိုင် မှာ သိပ်မနေတော့ဘူး တခြားကိုထွက်ပြေးကုန်ပြီ” ဟု ပြောသည်။ စစ်မှုထမ်းရန်ဆင့်ခေါ်သည်ကို ငြင်းဆန်ရန် မည်သို့သော အကြောင်း ပြချက်များကိုမှ လက်ခံမည် မဟုတ်ကြောင်း သိရပြီး အချိန်မည်မျှတာဝန် ထမ်းဆောင်ရမည်ကို အတိအကျမသိ ကြောင်း မြို့ခံအခြား တရုတ် လူငယ်တစ်ဦးကပြောသည်။ “စစ်သားမလုပ်ချင်လို့ ပိုက်ဆံပေးမယ် ဒဏ်ကြေးဆောင်မယ် အဲ့လို လည်းမရဘူး။ ပိုက်ဆံကပေါနေတယ် လူပဲလိုချင်တယ် အဲ့လိုပြောလာတယ်။ ဘယ်လိုမျိုး စစ်သားလုပ်ရမယ်ဆိုတာ ကို တော့ ငါတို့လည်း သေချာမသိဘူး။ ငါတို့တော့စစ်သားသွားမလုပ်ချင်ဘူး ကိုယ့်စီးပွားရေးပဲကိုယ် အေးအေးဆေးဆေး လုပ်ချင်တယ်” ဟု ပြောသည်။

လစာငွေအဖြစ် ငွေကျပ်လေး၊ ငါးသိန်းရရှိပါက ကိုးကန့် (MNDAA) စစ်သား ပြုလုပ်လိုသူအချို့ရှိနိုင်ပြီး တပ်သားစု ဆောင်းရေးအတွက် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများကိုလည်း တာဝန်ပေးထားကြောင်း သူကဆက်ပြောသည်။ “ငါတို့ တရုတ်မှာလည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူး အဲ့လိုဖွဲ့ထားတာရှိတယ်လေ။ သူတို့ကတာဝန်ယူပြီး ခေါ်လာပေးရ မယ်တဲ့။ ဒါပေမဲ့ ရာအိမ်မှူးတွေက သဘောမတူဘူး။ စာရင်းတော့ကောက်ပေးမယ် လူတွေကိုတော့ မပို့ပေးနိုင်ဘူးလို့ ပြောထားတယ်လို့ ကြား တယ်” ဟုပြောသည်။ ကွတ်ခိုင်မြို့ပေါ်တွင် ကိုးကန့် (MNDAA) ၏တပ်သားစုဆောင်းခြင်း သည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရုတ် လူငယ်များကိုသာ သီးသန့်ခေါ်ယူနေခြင်းကြောင်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် လွန်ခဲ့သော ၂၀၂၁ နှစ်ကုန်ပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့နယ် အနောက်တောင်ဘက် (၁၂‌) မိုင်အကွာ တွင်တည်ရှိသော ကာလိုင်ကျေးရွာအတွင်းရှိ စစ်ရှောင်စခန်း အနီးတွင် လာရောက်တပ်စွဲထားကြောင်းရသည်။ https://www.facebook.com/The74Media/photos/a.11637198321566 5/737157031137154/

၃၂။ ကျောက်တော်ရှိ မဟာမုနိဘုရားတွင် စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်မှု ဆက်ရှိနေဆဲ
January 31, 2023

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ လက်ရှိတွင် တိုက်ပွဲများရပ်တန့်နေသော်လည်း ရခိုင်ပြည်အတွင်း အထင်ကရ စေတီပုထိုးနှင့် ဘာသာရေး အဆောက်အုံများတွင် စစ်တပ်က တပ်စွဲနေရာယူထားမှုမှာ ဆက်လက်ရှိ နေသေးကြောင်း ဒေသခံ များက ပြောသည်။ ရခိုင်ပြည် ကျောက်တော်မြို့ရှိ အထင်ကရဘုရားတစ်ဆူဖြစ်သည့် မဟာမုနိဘုရားတွင် စစ်ကောင်စီဖက်မှ တပ်စွဲနေထိုင်မှု ဆက်ရှိနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလလောက်မှ စတင်၍ လက်ရှိအချိန်အထိ ၁၀ လနီးပါးခန့်ရှိ လာပြီဖြစ်သည်။ လက်ရှိရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အပစ်ခတ်ရပ်ထားမှုကြောင့် ဘုရားဖူးဧည့်သည်များမှာ လည်း ပွင့်လင်းရာသီ ရောက်လာခြင်းနှင့်အတူ ပုံမှန် လာရောက်နေသော်လည်း အဆိုပါတောင်တွင် စစ်ကောင်စီ တပ်စွဲနေရာ ယူရှိနေသေးကြောင်း မဟာမုနိအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။ “သူတို့(စစ်ကောင်စီ) ကတော့ ဆက်ရှိနေတုန်းပဲ။ ဒါပေမဲ့ ဘုရားဖူတွေတော့ ဟိုအရင်တုန်းကလိုပဲ။ လောလောစဥ်ကလည်း အပစ်ခတ်ရပ်ထားတော့ ပုံမှန်ပဲသွားလာနေကြတယ်။ စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ ဆက်ရှိနေဆဲပါပဲ”ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော် AA တို့ နှစ်ဖက်နားလည်းမှုဖြင့် အပစ်ခတ် ရပ်စဲ လိုက်ပြီးနောက် ကျောက်တော် မဟာမုနိ ဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လူစိမ်းဝင်လာသည်ဟု ဆိုကာ အနီးအနားရှိ စစ်ဘေးရှောင်စခန်းကို သေနတ်ဖောက်၍ ဝင်ရောက်စစ်ဆေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဘုရားပေါ်ရှိ စစ်ကောင်စီတပ်သားများမှာ တိုက်ပွဲဖြစ်စဥ်ကကဲ့သို့ လုံခြုံရေးယူထားမှုများမရှိသော်လည်း ညအချိန်ကင်းလှည့်မှုတို့ ရှိနေဆဲဖြစ် သည်ဟု အနီးနားနေထိုင်သူများကဆိုသည်။ မဟာမုနိသို့ ယခုရက်ပိုင်းအတွင်း ဘုရားဖူးသွားရောက်ခဲ့သူ တစ်ဦးက “အစစ်ဆေး တော့မရှိဘူး။ ဘုရားဖူးတွေလည်း အတော်များများတွေခဲ့တယ်။ စစ်သားတွေရှိတယ်ဆိုပေမယ့်။ ထင်ထင်ရှားရှားနေကြတာမျိုး မရှိဘူး” ဟုပြောသည်။ ကျောက်တော်မြို့နယ်တွင် မဟာမုနိဘုရားအပြင် ကျောက်တော်တောင်တွင်လည်း စစ်ကောင်စီတပ်မှ ဆက်ရှိနေပြီး ယခင်ကဲ့သို့ အတွင်းအပြင်နေ ထိုင်မှုများမရှိတော့လည်း တောင်ပေါ်နေရာတစ်ချို့တွင် နေထိုင်နေကြဆဲဖြစ် သည် ဟု ဘုရားဖူးသွားခဲ့သူများက ပြောသည်။ စစ်ကောင်စီမှ တပ်စွဲနေရာယူထားမှုတို့မှာ ရခိုင်မှ မြို့နယ်အနှံ့ရှိ အထင်ကရ သာ့သနာ နယ်မြေများတွင် ဆက်ရှိနေဆဲဖြစ်ပြီး အဓိကအနေဖြင့် မြောက်ဦးမှ သင်းကျိတ်တော်၊ ရွှေတောင်၊ မင်းပြားမှ ကျိန်းတောင်၊ ဘူးသီးတောင်မှ ၃၁ ဘုံဘုရား စသည်တို့တွင် ၄ နှစ်အကြာတပ်စွဲထားကြဆဲဖြစ်သည်။ https://www.facebook.com/weste rnnewsagency/photos/a.119286173211229/703671708106003/

၃၃။ လားရှိုး ရပ်ကွက် ၁၂ အတွင်း ၃ ညဆက်တိုက် လုယက်မှုဖြစ်ပွား
January 30, 2023

သျှမ်းပြည်၊ လားရှိုးမြို့ ရပ်ကွက် ၁၂ တွင်းတွင် သုံးညဆက်တိုက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့ သည့် ဇန်နဝါရီ ၂၇ ရက်မှစပြီး ဇန်နဝါရီ ၂၉ ရက်ထိ လားရှိုးမြို့ ရပ်ကွက် ၁၂၊ ဝမ်နားရွာတွင် နေထိုင်သည့် ဒေသခံများ သည် ၃ ည ဆက်တိုက် ဆိုင်ကယ်များ လုယက်ခံနေရကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ သူခိုး၊ ဓားပြက ညတိုင်းလိုလို သောင်းကျန်းနေတယ်။ ဟိုညက ဆိုင်ကယ်တစ်စီး ခိုးခံရတယ်။ အဲ့ဆိုင်ကယ် တစ်စီး ခိုးခံရပြီး ညကစပြီး နောက်နေ့ ၅ နာရီ ဈေးသွားရောင်းတဲ့ စိုင်းအောင်ဆိုတဲ့ တစ်ယောက်လည်း ပစ္စည်း လုယက်ခံရ တယ်။ လုယက်ခံရတုန်းက သူ့ သူငယ်ချင်းလာကယ်လို့ ဘာမှတော့ မပါသွားဘူး။ မနေ့ညကလည်း ကျနော်တို့ ရပ်ကွက်ထဲမှာ ကျပ်သိန်း ၂၀ တန်တဲ့ တစ်စီး ထပ်ခိုးခံရတယ် “ ဟု ၎င်းက ပြောသည်။ အဆိုပါ လုယက်မှုများနှင့် ပတ်သက်ပြီး လားရှိုးမြို့နယ် ရဲစခန်းက တာဝန်အရ သူခိုး၊ ဓားပြများကို တစ်ကြိမ်တစ်ခါမှ ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

လက်ရှိ လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်း နေထိုင်သည့် ဒေသခံများသည် မိမိပိုင်ဆိုင်ထားသော ပစ္စည်းများ ဘယ်ချိန်၊ ဘယ်ခါတွင် ခိုးခံရမည်ကို စိုးရိမ်နေကြောင်း ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။ “ ကိုယ့်မှာ ရွှေ၊ ငွေတွေ အနည်းကျဉ်းနဲ့ ကိုယ့်မိဘဆီမှာ အပ်ထားရင်တောင် စိတ်မချရတော့ဘူး။ ဆိုင်ကယ်၊ ကားတွေ ဘယ်ည အခိုးခံရမှာ လည်း အမြဲစိတ်ပူနေတယ်။ ကျနော်တို့ အိပ်နေချိန်မှာ သူခိုး၊ ဓားပြတွေက မအိပ်တော့ အမြဲတမ်းကို စိတ်ပူနေရတာ ပေါ့။ ရဲကိုသွားတိုင်ရင်လည်း ဘာမှကို အရေးမလုပ်ပေးဘူး “ ဟု ၎င်းက ပြောသည်။ https://burmese.shannews.org/archives/32806

၃၄။ တိုက်ပွဲကြောင့် တိမ်းရှောင်ရသည့် ကမ်းနီဒေသခံအချို့ နေရပ်ပြန်နေထိုင်သော်လည်း စိုးရိမ်ကြောက်ရွံ့ မှုများရှိနေဆဲ
January 30, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ် ကမ်းနီကျေးရွာတွင် ဇန်နဝါရီ (၂၂) ရက်မှ (၂၇) ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် အချို့ဒေသခံပြည်သူများသည် လက်ရှိတွင် နေရပ်ပြန် နေထိုင်မှုများ ရှိနေသော်လည်း စိုးရိမ်ကြောက်ရွံ့မှုများရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီ တပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲကြောင့် ကျုံဒိုးမြို့နယ်ခွဲ တစ်ဖက်ကမ်းရှိ မွန်တိုင်းရင်းသားကျေးရွာများဖြစ်သော ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့ လျှမ်း၊ ကော့ခိုက်၊ ကော့ကျိုက်၊ တံတားဦး၊ မိဂလုံနှင့် ကျောက်ဖျာကျေးရွာများမှ ဒေသခံ ၅,၀၀၀ ခန့်သည် နီးစပ်ရာ ကျေးရွာများနှင့် မြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယမန်နေ့မှစ၍ ဒေသခံ ပြည်သူအချို့ သည် နေရပ်ပြန်နေထိုင်လာကြပြီဟု ဒေသခံတစ်ဦး က ပြောသည်။ ၎င်းက “အခုငြိမ်သွားပြီး။ ပြီးခဲ့တဲ့ ရက်တွေကတော့ နီးစပ်ရာ ရွာတွေကိုပြေးလိုက်ရတယ်။ အခုတော့ လည်းတစ်ချို့ကျတော့လည်း ပြန်နေပြီးပေါ့။ တစ်ချို့ကျတော့လည်း ကလေးငယ်တွေ များတော့ ရွာထဲပြန်မဝင်သေး ဘူးပေါ့။ အစ်ကိုတောင်မှ အခုမှ မုဒုံကပြန်လာတယ်။ ကိုယ်တွေက အသံကြားပြီးတော့ လက်နက် ကြီးကျမှာစိုးလို့ ရှောင်လိုက်တာ။ စစ်ကြောင်းဘယ်တော့ထိုးမလဲဆိုတာ စိုးရိမ်နေတာပေါ့။ ရွာသားတွေတော့ ပြန်တော့လည် ပတ်နေပြီး”ဟု ပြောသည်။

တပတ်နီးပါးကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကျုံဒိုး-ကမ်းနီဒေသတိုက်ပွဲတွင် လူနေအိမ်အများအပြား မီးလောင်ပျက် စီးခဲ့ရသလို အရပ်သား ထိခိုက်ဒဏ်ရာရရှိခဲ့မှုများရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သထုံခရိုင်၊ မွန်ပြည်သစ်ပါတီ၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီလ (၂၄) ရက်နေ့ တွင် Lion Battalion Commando ပူးပေါင်း စစ်ကြောင်းမှ ကမ်းနီးကျေးရွာအတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များ နေထိုင်ရာနေ အိမ်များအား စတင်မီးရှို့ရာမှတဆင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၁ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်စဉ် ကြောင့် ညောင်ရိပ်ကျေးရွာတွင် နေအိမ် ၁၈ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ လက်ရှိ ကမ်းနီဒေသတွင် ပစ်ခတ်မှုများမရှိသော်လည်း ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း -ခလရ ၅၄၅/၅၄၆ များမှ ကျုံဒိုး-ဂျိုင်းမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာဘက်သို့ လက်နက်ကြီးများ ပြန်လည်ပစ်ခတ်မည်ကို စိုးရိမ်လျက်ရှိနေသည့်အတွက်ကြောင့် ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့လျှမ်း၊ ကော့ခိုက်၊ ကော့ကျိုက်၊ တံတားဦး၊ မိဂလုံ၊ ကျောက်ဖျာကျေးရွာများမှ တစ်ချို့ဒေသခံ အများစုမှာ ယခုအချိန်အထိနေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင် ကြရသည့် ကြာအင်းဆိပ်ကြီးမြို့နှင့်အနီးအနားကျေးရွာရှိ ဒေသခံပြည်သူအချို့လည်း ယခုရက်ပိုင်းတွင် နေရပ်ပြန်နေထိုင်လျက် ရှိနေကြသော်လည်း စိုးရိမ်ကြောက်လန့်မှုများဖြင့်သာ နေထိုင်ကြရကြောင်း ဒေသခံများက ပြောဆိုကြသည်။ https://kicnews. org/2023/01/%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။