• Today is: Thursday, March 30, 2023

ကရင်နီပြည်က အာဏာသိမ်းမှုအလွန် အခြေအနေ PKPF ထုတ်ပြန်

PKPF – ထုတ်ပြန်ချက်
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၃
 
ကရင်နီပြည်က အာဏာသိမ်းမှုအလွန် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ခုနှစ် ဇန်နာဝါရီလ(၃၁) ရက်နေ့ထိ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး အချိုးဖောက်ခံရမှုများ အရေအတွက်များကို သုတေသနပြုစုနေတဲ့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)က သတင်း ထုတ်ပြန်ပါတယ်။
 
တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)၏ ထုတ်ပြန်ချက်အရ
 
• အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ – ( ၃၀၂ ) ဦး
• စစ်ရှောင်သေဆုံးသူ – ( ၁၂၈ )ဦး
• KNDF/PDF/KA ကျဆုံးသူ – (၂၁၉ ) ဦး
• တိုက်ပွဲအကြိမ်အရေ – ( ၅၆၂ ) ကြိမ်
• လေကြောင်းတိုက်ခိုက်မှု – (၁၉၀ )ကြိမ်
• ဘာသာရေးအဆောက်အုံးပျက်စီးခံမှု – (၂၈)လုံး
• ပျက်စီးသွားသည့်အိမ် – (၁၃၁၇) လုံး
• စကစသေဆုံးသူ – (၁၅၈၁) ဦး
• စကစယာဥ်တန်ပျက်စီးမှု – (၅၈) စီး
• မတရားဖမ်းဆီးခံရသူ – (၂၇၉) ဦး
 
မှတ်ချက်။ ရဲဘော်သေဆုံးမှုစာရင်းသည် PKPFမှ လက်လှမ်းမီသလောက်ပြုစုခြင်းသာဖြစ်ပြီး၊ သက်ဆိုင်ရာ EAOs နှင့် L-PDF တို့၏ မှတ်တမ်းစာရင်းများနှင့် အနည်းငယ် ကွဲလွဲနိုင်ကြောင်း ပြောထားပါတယ်။