• Today is: Thursday, March 28, 2024

ဖက်ဒရယ်နှင့် ဒီမိုကရေစီလိုလားတဲ့ အဖွဲအစည်းများနှင့် လက်တွဲမယ်လို့ SSPP ပြော

ဓါတ်ပုံ – SSPP 
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၃
 
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် ဖက်ဒရယ်နှင့် ဒီမိုကရေစီ လိုလားသော အင်အားစုနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ SSPP က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
 
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လက်ရှိနိုင်ငံရေး အကြပ်အတည်းများကို အဖြေရှာ ကျော်လွား နိုင်ရေးနှင့် အနာဂတ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ လူတစ်စု၊ လူမျိုးတစ်မျိုး တည်း၏မူပိုင်အရေးမဟုတ်ပဲ လူမျိုးဘာသာမရွေး ပြည်ထောင်စုသား တိုင်းရင်းသား လူမျိုးတိုင်း၏ သမိုင်းပေး တာဝန်ဖြစ်လို့ စုပေါင်းတာဝန်ယူ ဖြေရှင်းကြရပါမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးသောအရာဟာလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းရေးဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်တယ်လို့ ဆိုပါတယ်။
 
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ထုတ်ပြန်ကြေညာချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ မှ ဖေဖော်ဝါရီ ၁ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီ(နှစ်ချုပ်) အစည်းအဝေးအပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။