• Today is: Saturday, May 25, 2024

မြင်းမူမှာ စစ်ကောင်စီတပ်စခန်းတစ်ခု PDF ပူးပေါင်းတပ်များ စီးနင်းနိုင်ခဲ့

ဓါတ်ပုံ – CJ
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၃
 
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာထဲက စစ်အင်အား ၄၀ ခန့်ရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်မှာ PDF ဒေသကာကွယ်ရေး ပူးပေါင်း တပ်တို့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
 
ပြင်းထန်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲ ၂နာရီအကြာမှာတော့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပူးပေါင်းတပ်တို့က စီးနင်း တိုက်ခိုက်ကာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စီးနင်းခဲ့တဲ့ တပ်စခန်းကိုတော့ မီးရှို့ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီ စခန်းစီးနင်းမှု တိုက်ပွဲအတွင်း စစ်ကောင်စီဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး တိုက်ပွဲအတွင်း ဒေသကာကွယ်ရေး တပ်ဘက်ကလည်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Zero ပြောက်ကျား တပ်ဖွဲ့က တာဝန်ရှိသူ တဦး ကချင် သတင်းဌာန KNG ကို အတည်ပြု ပြောဆိုထားပါတယ်။
 
အလားတူ စစ်ကောင်စီဘက်မှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ထီးဆောင်းကျေးရွာ‌ဒေသခံ အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
 
အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း MA3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ 5.56 ကျည် ၁၈ တောင့်၊ Carbone တစ်လက်၊ ကျည်ဘောက်၃ခု၊ ကာဘိုင်ကျည်၁၀၄တောင့်၊ 9 ball ကိုးလုံးကျည် ၇၆ တောင့်၊ Jummerစက်၂လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်၊ စစ်ယူနီဖောင်း၂စုံ၊ စစ်ဖိနပ်၃ရံနှင့် စစ်ဦးထုပ် ၃ လုံးတို့ကို သိမ်းဆည်ရမိခဲ့တယ်လို့ ဆိုပါတယ်။
 
စခန်းစီးနင်း ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ် ဂျက်လေယာဉ် အနီးကပ်ပျံဝဲ တိုက်ခိုက်လာလို့ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကိုင်းတိုင်းက ခရိုင် ၄ ခုထဲက တပ်ရင်း ၄ ခု ဖြစ်တဲ့ တပ်ရင်း(၇) မြင်းခြံခရိုင်၊ ZERO ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၁၉) ရွှေဘိုခရိုင် တပ်ရင်း(၂)စစ်ကိုင်းခ ရိုင်၊တပ်ခွဲ(၂) GTR(မြင်းမူ) နှင့် တပ်ရင်း(၁) ကျောက်ဆည်ခရိုင်၊ နဂါးနီ(ကျောက်ဆည်) တို့မှ တပ်ရင်း(၄)ရင်း မဟာမိတ်ပူးပေါင်း စစ်ဆင်ရေး အဖြစ် ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထား ပါတယ်။
 
စီးနင်းခံခဲ့ရတဲ့ စစ်ကောင်စီစခန်းဟာ မြင်းမူမြို့၏အရှေ့ဘက် ၂မိုင် အကွာ မန္တလေးမုံရွာ လမ်းမကြီးပေါ်ရှိ ထီးဆောင်း ကျေးရွာမှာ တည်ရှိတာလို့ သိရပါတယ်။
 
စစ်ကောင်စီဟာ အာဏာ သက်တမ်း ၆ ပြန်လည်တိုးယူပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးထဲက အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်၊ မြောင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ရေဦးမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မြို့နယ်အဖြစ် ဖေဖော်ဝါရီ ၂ရက်နေ့က ကြေညာထားပါတယ်။