• Today is: Saturday, April 20, 2024

သီးသန့် ဆက်သွယ်မေးမြန်းခန်း။ ။

သီးသန့် ဆက်သွယ်မေးမြန်းခန်း။ ။

“ကျမတို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထဲမှာ မွန်ပြည် ကိုယ်ပိုင် ပြဌာန်းခွင့်၊ မွန်ပြည် ဖက်ဒရယ်ယူနစ်၊ မွန်ပြည်အစိုးရ ဖြစ်လာဖို့အတွက် မွန်ပြည်သူ ပြည်သားများနဲ့ မွန်ပြည်မှာ နေထိုင်ကြတဲ့ အခြားသော တိုင်းရင်းသားများ အခြားအစု အဖွဲ့များလည်း ပူးပေါင်းပါဝင်လာပြီး အတူတကွ စုပေါင်း တော်လှန်မှ သာ လိုချင်သော ပန်းတိုင်ရောက်မှာ ဖြစ်တယ်”

မိသုတဇဝ်

MSFC | ပြောရေးဆိုခွင့်ရှိသူ

——-

အသစ်ထပ်မံဖွဲ့စည်းလိုက်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ပတ်သက်ပြီး ဖက်ဒရယ်ဂျာနယ် မြန်မာက ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

——–

၁) မေး။ ။ အသစ်ထပ်မံဖွဲ့စည်းခဲ့သော မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) မှာ ဘယ်လို အင်အားစုတွေနဲ့ ဖွဲ့စည်း ထားလဲ။

ဖြေ။ ။ MSFC မှာ အများစုက MSICC မှာပါဝင်တဲ့ အစုအဖွဲ့အားလုံးအပြင် ပအို့ဝ် အစုအဖွဲ့တွေပိုလာပါတယ် MSICC မှာကိုက NUCC မှာ ကိုယ်စားပြုနေသော ကိုယ်စားလှယ် NUG ကိုယ်စားပြုနေသော ကိုယ်စားလှယ် ပြီးရင် နိုင်ငံရေးအစုအဖွဲ့ နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာတဲ့ အစုအဖွဲ့ ကျွန်မတို့ confidential ထားရမယ့် အမည်ဖော် လို့မရတဲ့ အဖွဲ့တွေရှိတာပေါ့နော် အရေးကြီးတဲ့ အစြအဖွဲ့ပါပဲ ဒါပင်မဲ့ လုံခြုံရေးအတွက်ကြောင့် အမည်ဖော်ဖို့ အဆင်မပြေသေးတဲ့ အစုအဖွဲ့ကြီးတွေလည်း ပါဝင်တယ်။

NUCC မှာ စုဖွဲ့တဲ့ ပုံစံအတိုင်း မွန်ပြည်နယ်မှာလည်းစုဖွဲ့ဖို့ ကြိုးစားကြတာပေါ့လေ MSICC သည် ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ လိုအပ်သောပူးပေါင်း ပြုလုပ်ပြီးမှ MSICC က နှစ်နှစ်တာ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်ပြီး ဖက်ဒရယ်ယူနစ်ကို တိုးချဲ့  ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

၂) မေး။ ။ အဖွဲ့အစည်းစုစုပေါင်း ဘယ်လောက်ရှိသလဲ။

ဖြေ။ ။ အစုအဖွဲ့ ၁၁ဖွဲ့ ရှိပါတယ်။

၃) မေး။ ။ မွန်ပြည်နယ်မှာ ရှိတဲ့ တော်လှန်ရေးလုပ်နေတဲ့ နိုင်ငံရေးပါတီ ဘယ်နှစ်ဖွဲ့လောက်ပါဝင်လဲ။

ဖြေ။ ။ ပါတီအနေနဲ့တော့ ပြည်နယ်နဲ့အခြေအနေက ပါတီကွဲသွားတာ ရှိတယ်။ မွန်ထဲမှာ ပါတီကွဲသွားတာလည်း ရှိသလို နိုင်ငံရေး အင်အားစုအနေနဲ့ ရပ်တည်နေတဲ့ အစုအဖွဲ့တွေလည်း ရှိပါတယ်။ ပါတီအနေနဲ့ ပြောရတာ ခက်ပါတယ်။ နိုင်ငံရေးအစုအဖွဲ့ အနေနဲ့ နိုင်ငံရေးပါတီက ပါဝင်နေတာတော့ ရှိပါတယ်။

၄) မေး။ ။ ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ MSFC ရဲ့ လုပ်ငန်းစဥ်တွေက ဘယ်လိုပုံစံရှိမလဲ။

ဖြေ။ ။ MSFC ရဲ့ အဓိက လုပ်ငန်းတာဝန်က ပြည်နယ် ဖက်ဒရယ်ယူနစ် NUCC နည်းတူ မွန်ပြည်ဖက်ဒရယ်ယူနစ် အနေနဲ့ အဓိက လြပ်ငန်းစဥ်က အုပ်ချုပ်ရေး ကော်မတီဖော်ဆောင်မှု ဥပဒေပြုရေး နဲ့ တရားစီရင်ရေး ကေည်မတီတွေဖော်ဆောင်ဖို့ဖြစ်ပြီး အုပ်ချုပ်ရေးကော်မတီရဲ့ အောက်မှာ ဌာန ၁၀ခု အနေနဲ့ စတင် အလုပ်လုပ်ဆောင်သွားနိုင်ဖို့ ညီလာခံမှာ အတည်ပြုထားပါတယ်။

၅) မေး။ ။ ကော်မတီဘယ်နှစ်ခုလောက်ကို ဖွဲ့စည်းထားနိုင်ပြီလဲ။

ဖြေ။ ။ ကော်မတီ ၃ခုကို အတည်ပြုဖွဲ့စည်းထားပြီးပါပြီး လူရွေးချယ်မှုကိုတော့မလုပ်ရသေးဘူး ကောင်စီဝင် ရွေးချယ်မှုကိုပဲ ညီလာခံမှာ ရွေးချယ်နိုင်ခဲ့တယ်။ ကောင်စီဝင်ကို ၃၉ နဲ့ အတည်ပြုနိုင်ခဲ့တယ်။ ၃၉ ဦး ထဲမှာမှ ၂၅ ဦးကို အမည်ပေးတင်မြောက်လာနိုင်ပြီ။

၆) မေး။ ။ နောက်တစ်ကြိမ် ညီလာခံမှာ ကော်မတီ ၃ခုအတွက် လူရွေးဖို့ရှိလား။

ဖြေ။ ။ ကျမတို့ ရွေးချယ် ထားပြီးပြီး ကျန်တဲ့ အမည်စာရင်းကို အမြန်ဆုံးပေးပို့ပြီး ကောင်စီ အစည်းအဝေးကို စတင်ခေါ်ပြီးလို့ရှိရင်တော့ ကောင်စီ အစည်းအဝေးမှည အစုအဖွဲ့မှာ အုပ်ချုပ်ရေး ဥပဒေပြုရေစ တရားစီရင်ရေး ဥက္ကဋ္ဌ အနေနဲ့ ဥိးဆောင်နိုင်မယ့်သူများကို ကောင်စိမှာ အတည်ပြုသွားဖို့ ရှိပါတယ်။

၇) မေး။ ။ ထုတ်ပြန်ချက်ထဲမှာ ဖွဲ့စည်းပုံ ဆိုတာ ဘယ်လိုမျိုးလဲ။ MSFC ကိုဘယ်လို အစုအဖွဲ့တွေစုဖွဲ့ကြမလဲ၊ MSFC ရဲ့ လုပ်ငန်းတွေက ဘာတွေလဲ။

ဖြေ။ ။ MSFC ဖွဲ့စည်းပုံ ကို constitution လုပ်ဆောင်လာတာ ၆လကျော်ရှိပြီး ဆိုတော့ ရှိတဲ့ အစုအဖွဲ့တွေနဲ့ ကျမတို့ ဘယ်လိုအကောင် အထည်ဖော် သွားမလဲဆိုတာကို ဖွဲ့စည်းအုပ်ချုပ်ပုံနည်းတူရေးဆွဲထားတာဖြစ်ပါတယ်။

၈) မေး။ ။လက်နက်ကိုင်တော်လှန်ရေးအင်အားစု ဘယ်နှစ်ခုလောက်ပါဝင်တာရှိလဲ။

ဖြေ။ ။ MSFC ရဲ့ အပ်ချုပ်ရေး ကော်မတီအောက် ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနကို MSFC ရဲ့ အုပ်ချုပ်ရေး ကော်မတီ အောက်မှာ အကောင်ထည်ဖော်ဖို့ ညီလာခံမှာ အတည်ပြုထားတာပါ အုပ်ချုပ်ရေးကော်မတီပေါ်လာပြီးမှ မွန်ပြည်နယ်မှာ ရှိတဲ့ တော်လှန်ရေးဘက်တော်သားများနဲ့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေနဲ့ အတည်တကျ ဆွေးနွေးအတည်ပြုမှုတွေ လုပ်ငန်းအကောင်ထည်ဖော်မှုကို ဆက်လုပ်သွားမယ်လို့ သဘောတူထားတယ်။  ညီလာခံ မတိုင်ခင်မှာတော့ လနက အဖွဲ့အစည်းများနဲ့ စကားပြောမှုတွေရှိခဲ့ပါတယ်

၉) မေး။ ။ MSFC ပြန်လည်ဖွဲ့စည်းမှုအပေါ်မှာ မွန်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော ဆွေးနွေးမှု တွေ ရှိလား။

ဖြေ။ ။ ဟုတ်ကဲ့ ရှိပါတယ်ရှင့်။ MSFC ညီမလာခံကျင်းပရေး ကော်မတီတို့က MSFC ဖွဲ့စည်းအုပ်ချုပ်ပုံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဆွေးနွေးမှုလုပ်တဲ့နေရာမှာ လက်နက်ကိုင် အဖွဲ့တွေထံကို ရှင်းပြခဲ့တယ်။ အိုင်ဒီယာ (အကြံပြုချက်) တွေယူခဲ့တယ်၊ ဆွေးနွေးခဲ့တယ်၊ MSFC ရဲ့ အုပ်ချုပ်ရေး ကော်မတီနဲ့ လက်တွဲသွားဖို့ကိုလည်း အလွတ်သဘော သဘောတူညီခဲ့ကြတယ်။

၁၀) မေး။ ။ MSFC အနေနဲ့ ပြည်ထောင်စု ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ဖို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ချက်မျိုးရှိလဲ။  

ဖြေ။ ။ MSFC ကနေ NUCC ကိုယ်စားလှယ် ၃ ဦးနဲ့စေလွလားသလို၊ အခြားကောင်စီဝင်တွေရော NUCC ရဲ့ JCC ဖက်ဒရယ် မှာရော တက်ရောက်ဆွေးနွေးနေတာရှိလို့ NUCC မှာ JCC မှာရော ကြားကာလ ဖွဲ့စည်းပုံရေး ဆွဲနိုင်ရေးမှာ ထည်ထည် ဝင်ဝင်ပါဝင်နေတဲ့ အတွက်ကို အမြန်ဆုံးပေါ်လာနိုင်ဖို့ကို ပူးပေါင်း လုပ်ဆောင်သွားဖို့ ကိုလည်း ကြိုးစားနေပါတယ်။  

၁၁) မေး။ ။ ပြည်နယ်အစိုးရ တစ်ရပ်ကိုဖန်တီးမယ်ဆိုရင် ကာကွယ်ရေး ကဏ္ဍကို ဘယ်လို ဖော်ဆောင်ဖို့ရှိလဲ။

ဖြေ။ ။ အုပ်ချုပ်ရေး ကော်မတီထဲမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကို ပထမဦးဆုံး အရေးကြောင်း ဖော်ဆောင်ဖို့ အလုပ်လုပ်ဖို့ ဦးစားပေးလုပ်ငန်းထဲမှ ပါဝင်ပြီးသားဖြစ်တယ်။ ထို့အတွက်ကြောင့်မို့လဲ ရှိပြီးသားအဖွဲ့တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ အရင်ရှိပြီးသား ညှိနှိုင်းပြီးသားအဖွဲ့တွေကိုလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဆောင်ဖို့ သဘောတူထား ကြပါတယ်။ 

၁၂) မေး။ ။ ကြားကာလ မွန်ပြည်နယ် အစိုးရဖြစ်ပေါ်လာရေးအတွက် ဘယ်လို လုပ်ဆောင်ဖို့ ရှိလဲ။

ဖြေ။ ။ ကြားကာလ မွန်ပြည်နယ်အစိုးရဖြစ်လာဖို့ကိုပဲ ကနဦးကြိုးစားတာဖြစ်ပါတယ်။ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အစုအဖွဲ့ ပါဝင်ရန်လိုအပ်တာကိုလည်းသိပါတယ်။ ဆက်လက်ပါဝင်ပြီး မွန်ပြည်နယ် အစိုးရရဲ့ ဝန်ဆောင်မှုမျိုး ရအောင် ဆောင်ရွက်သွားဖို့ ညီလာခံမှာ သဘောတူထားပါတယ်။

၁၃) မေး။ ။ တော်လှန်ရေးအင်အားစုတွေရော ပြည်သူတွေရော တော်လှန်ရေးအောင်မြင်ဖို့ ဖက်ဒရယ်အစိုးရ တစ်ရပ် ဖြစ်လာဖို့ အတွက် ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်လဲ။

ဖြေ။ ။ ကြေညာစာတမ်းမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုထားပေမယ့် ပြည့်စုံပြီးလို့ မခံယူပါဘူး။ လိုအပ် သော အင်အားစုများ မွန်ပြည်နယ်မှာ ရှိတဲ့ ပြည်သူလူထုတွေ ပါဝင်မှုများလာမှ တော်လှန်ရေး အောင်မြင်ဖို့ နီးလာမှာ ဖြစ်တဲ့ အတွက်ကြောင့်မို့ ကျမတို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထဲမှာ မွန်ပြည် ကိုယ်ပိုင် ပြဌာန်းခွင့်၊ မွန်ပြည်ဖက်ဒရယ်ယူနစ်၊ မွန်ပြည်အစိုးရ ဖြစ်လာဖို့အတွက် မွန်ပြည်သူ ပြည်သားများနဲ့ မွန်ပြည်မှာ နေထိုင်ကြတဲ့ အခြားသော တိုင်းရင်းသားများ အခြားအစု အဖွဲ့များလည်း ပူးပေါင်းပါဝင်လာပြီး အတူတကွ စုပေါင်း တော်လှန်မှသာ လိုချင်သော ပန်းတိုင်ရောက်မှာ ဖြစ်တဲ့အတွက် MSFC ရဲ့ သတ်မှတ် ထားတဲ့ လုပ်ငန်းစဉ် တွေမှာလည်း ဝိုင်းဝန်းပူးပေါင်းကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။