• Today is: Friday, March 29, 2024

သားကောင်ဖြစ်သွားကြတဲ့ အနာဂတ်ရှာ လူငယ်များ

ဓါတ်ပုံ – Wa Channel (Credit)

သားကောင်ဖြစ်သွားကြတဲ့ အနာဂတ်ရှာ လူငယ်များ

အားမီ | သတင်းနှင့် မီဒီယာကွန်ရက်။

သီပေါက သုံးယောက်ထဲမှာ ကျနော့်ညီလေးလည်း ပါသွားတာပါ။ အားလုံးက တော့ ၁၉ ယောက်ပေါ့နော်။ ကူညီဆောင်ရွက်ပေးဖို့ အစိုးရကိုရော အားလုံးကို တောင်းဆိုထားပေမယ့် ဘာမှ မထူးလာသေးတော့ စိတ်ပူနေရ တယ်ဗျ ဟု ဆိုလာသူမှာ “ဝ” ဒေသခံ ရောင်းစားလိုက်ရသည့် သီပေါမြို့က လူငယ်တစ်ဦး၏ အစ်ကိုတော်စပ် သူပါ။

“ဝ” ဒေသ မိုင်းပေါက်သို့ သွားရန်အတွက် ပထမအဆင့်အနေဖြင့် သီပေါမြို့ခံ ၃ ဦးကို ပွဲစားက ကားများ ချိတ် ဆက် လာကြိုခိုင်းကာ ထိုမှတဆင့် မိုင်းပေါက်သို့ ရောက်ချိန် နောက်ထပ် ပွဲစား ၅ ဦးက ကုမ္ပဏီ တစ်ခုနှင့် စာ ချုပ် ချုပ်ကာ ၁ ဦးလျှင် ကျပ်သိန်း ၆၀ ဖြင့် ရောင်းစားသွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြော သည်။

သီပေါမြို့က ရောင်းစားခံရသူ၏ မိသားစုဝင်တစ်ဦးက ရောင်းစားခံရတဲ့ ၁၉ ယောက်ထဲမှာ သီပေါသုံးယောက်၊ ကျောက်မဲသုံးယောက်။ ကျန်တာကတော့ တခြား ရန်ကုန်ဘက်တို့ ဗမာပြည်အောက်ပြည်ကတွေ ပါတယ်။ ကျနော်ညီလေးက ဒီလိုင်းပေါ်ကနေပဲ အလုပ်ခေါ်စာတွေ တွေ့တယ်။ အဲဒီအလုပ်ခေါ်စာ ပွဲစားတွေနဲ့ ချိတ်ဆက် ပြီး သွားလိုက်တယ် ဟု ပြောသည်။

ရောင်းစားခံရသည့် အခြားသူများ မှာ ရန်ကုန်၊ မကွေး၊ ပဲခူး၊ သာယာဝတီ၊ မန္တလေး၊ ဧရာဝတီတိုင်းထဲက မြန်အောင်နှင့် အင်္ဂပူမြို့တို့က ဖြစ်သည်ဟု ဆိုသည်။ သူတို့မှာ အသက် ၂၀ ကျော်ဝန်းကျင်အရွယ်များ ဖြစ်ကြပြီး အမျိုးသမီး ၆ ဦးလည်း ပါ သည်ဟု ဆိုသည်။

ရောင်းစားခံရသူတစ်ဦး၏ ဖခင်က သွားတာက သူတို့က အောက်တိုဘာကုန်ခါနီးလောက်က။ ၂၀၂၂ ပေါ့။ လိုင်း ပေါ်ကနေ အလုပ်ခေါ်စာတွေ့ ပြီး တော့ အလုပ်ခေါ်တဲ့ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီးတော့ အဲ့ဒီကို ရောက်သွားတာ။ ပွဲစားတင်ထားတဲ့ ပို့စ်ကနေ ဒီ Facebook မှာ ပွဲစားတင်ထားတဲ့ ပို့စ်ကနေ ဆက်သွယ်ပြီးသွားလိုက်တယ်။ ပွဲစား က လားရှိုးလာခဲ့တဲ့၊ လား ရှိုးကနေ ကျိုင်းတုံ၊ ကျိုင်းတုံကနေ မိုင်းပေါက်ပေါ့။ အဲ့ကိုရောက်ပြီးမှ ဟိုတယ်မှာ တပတ်လောက် အဲ့ဒီ ကွာရန်တင်း ဆိုပြီးထားတယ်။ တကယ်တော့ ကွာရန်တင်းမဟုတ်ဘဲ ပွဲစားမက အလုပ်ရှာ ပေးတာဆိုပြီး ကုမ္ပဏီမှာ တစ်ယောက်ကို သိန်း ၆၀ လောက်ရသွားတယ်တဲ့ဟု ပြောသည်။

အဆိုပါ လူငယ်များသည် အွန်လိုင်းအလုပ်ကြော်ငြာများမှ တဆင့် ဆက်သွယ် အလုပ်ရှာခဲ့ကြခြင်း ဖြစ်သည်။ လူငယ် ၁၉ ဦးမှာ မိုင်းပေါက်ရှိ ဟိုတယ်တခုတွင် ဆုံပြီးနောက် ပွဲစားများ ၏ ရောင်းစားခြင်းကို ခံလိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။

လူငယ် ၁၉ ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာကတည်းက ပွဲစားများ၏ ချိတ်ဆက်ပေးမှုကြောင့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့သို့ အလုပ်လုပ်ရန် သွားခဲ့ကြခြင်း ဖြစ်သည်။

၁။ မိုင်းပေါက်မှ လူကုန်ကူးပွဲစားများ

ပွဲစားများသည် တစ်ဦးတစ်ယောက်ချင်းစီ အလုပ်လုပ်ကိုင်နေခြင်းမျိုး မဟုတ်ဘဲ အုပ်စုလိုက် ဆက်သွယ်ကာ အလုပ်လုပ်ကိုင်နေသည်ဟု ဆိုသည်။

သီပေါမြို့က လူငယ်တစ်ဦး၏ အစ်ကိုတော်စပ်သူက ပွဲစားက သူတို့ အုပ်စုလိုက် အလုပ်လုပ်တာတဲ့။ ၅ ယောက် လောက်ရှိတယ်လို့ ပြောတယ်။ ဒီအဖွဲ့ရဲ့ ထိပ်ခေါင်း ဆောင်က ပွဲစားမဖြူတဲ့။ သူနဲ့တော့ ဒါရိုက်မတွေ့ရဘူးတဲ့။ သူက လိုင်းပေါ်ကနေ အလုပ်လုပ်တာတဲ့။ ဒီ လုပ်ဖော် ကိုင် ဖက်တွေကနဲ့ လုပ်တာ ဟု ပြောသည်။

လူကုန်ကူးပွဲစားများသည် Facebook လူမှုကွန်ရက်စာမျက်နှာ၊ တရုတ်နှင့် တရုတ်နယ်စပ်က လူများအကြား ခေတ်စားသည့် လူမှု မီဒီယာ ဖြစ်သော Wechat၊ နှင့် တယ်လီဂရန်ချယ်နယ်များရှိ အလုပ် အကိုင်ရှာဖွေရေး Group များမှတစ်ဆင့် လူငယ်များကို တရုတ်-မြန်မာနယ်စပ်ရှိ “ဝ”ဒေသ၊ လောက်ကိုင်၊ ကိုးကန့်တို့အပြင် အခြားသော နယ်စပ်မြို့များတွင် online game လုပ်ငန်းများ၊ online marketing လုပ်ငန်း၊ ဟိုတယ်နှင့် ကာစီနို ဝိုင်းများတွင် လုပ်ခလစာများများနှင့် အလုပ်လုပ်ရန် လူလိုသည်ဟု  ပြောဆိုစည်းရုံး လေ့ရှိသည်။

လူငယ်များကို အဓိက ပြစ်မှတ်ထား၍ စည်းရုံးကာ တရုတ်နှင့် အင်္ဂလိပ်စာ-စကားအပြင် အရေးပါကျွမ်းကျင် သူ များ၊ ကွန်ပြူတာကျွမ်းကျင်သူများကို ဦးစားပေးခေါ်လေ့ရှိသည်။ အဆိုပါ အလုပ်ရှာဖွေရေးကြော်ငြာများတွင် လစာအနေဖြင့် မြန်မာငွေ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကြားအထိ ရမည်ဟုဆိုကာ အလုပ်ခေါ်လေ့ရှိသည်။ တရုတ် ဘာသာ စာရေး၊ ဖတ်၊ ပြော ကျွမ်းကျင်သူများကို သိန်း ၃၀ ကျော်အထိပင် ပေး၍ အလုပ်ခေါ်လေ့ရှိသည်။

လူငယ် ၁၉ ဦး လွတ်မြောက်ရေး လိုက်လံဆောင်ရွက်ပေးနေသူ တစ်ဦးက ရောင်းစားခံရတဲ့ ကလေးတွေက သူတို့ရောင်းစားခံရမှန်းကို အစက မသိတာ။ ပွဲစားတွေက ကုမ္ပဏီမှာ အပ်လိုက်တာလေ။ အဲ့နောက်မှာ ပွဲစား တွေက တရုတ်သူဌေးတွေဆီကနေ တစ်ယောက်ကို သိန်း ၆၀ စီရသွားတာ။ ၁၉ ယောက်ဆိုတော့ သိန်း တစ် ထောင့် တစ်ရာကျော်ရသွားတာ။ သူတို့က ကလေးတွေကိုလည်း လိမ်ပြီးတော့ စာချုပ်မှာ လက်မှတ်ထိုး ခိုင်း တာ။ စာချုပ်ထဲမှာ ၉ လ အလုပ်လုပ်ရမယ်ပေါ့ ပထမလမှာ ယွမ်ငွေ ၅၀၀၀ ရမယ်၊ ဒုတိယလမှာတော့ ၃၅၀၀ ပဲ၊ ပြီး တော့ တဖြည်းဖြည်းနဲ့ လျော့သွားတာ။ စာချုပ်ထဲမှာ ကုမ္ပဏီတွေ ဘာတွေလည်း မပြောင်းရဘူး အဲ့ဒါတွေလည်း ပါတယ်တဲ့ဟု ပြောသည်။

ထို့အပြင် စာချုပ်ထဲမှာ ကလေးတွေကို မနှိပ်စက်ရဘူး။ ကုမ္ပဏီတွေလည်း မပြောင်းရဘူး။ အဲ့ စာချုပ်ထဲပါ တယ်။ ပွဲစားတွေက ကလေးတွေကို ၅ ရက် အစမ်းခန့် လက်မှတ်ထိုးလိုက်တယ်တဲ့။ အလုပ်မလုပ်နိုင်ရင် ပြန် ပြောလာခဲ့ လာခေါ်မယ်။ ၅ ရက်မြောက်တော့ ကလေးတွေက ပွဲစားကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းတာ သူတို့က လာမခေါ်တော့ဘူး နင်တို့ဟာ နင်တို့ထွက်လာလိုက်။ မင်းတို့နည်း မင်းတို့ဟန်နဲ့ ထွက်နိုင်အောင်ပဲ လုပ်လိုက် တော့ ငါတို့တော့ ဘာမှ မလုပ်နိုင်တော့ဘူးဆိုပြီး ပစ်သွားတာတဲ့။ အဲ့ခါမှ သူတို့ရောင်းစားခံရမှန်းသိပြီး မိသားစု ကို ပြန်ဆက်သွယ်လာတာ ဟု ကူညီဆောင်ရွက်ပေးနေသူကဆက် ပြောသည်။

အလုပ်ကြော်ငြာဂရုများတွင် အင်္ဂလိပ်စာ အရေး၊ အပြော ကျွမ်းကျင်ရန်နှင့် ကွန်ပြူတာကျွမ်းကျင်ရမည်ဟု ရေး သားထားသောကြောင့် လူငယ်အများစုမှာ ဟိုတယ်ဝန်ဆောင်မှုများ၊ ကုမ္ပဏီလုပ်ငန်းအလုပ်၊ စျေးရောင်း စျေး ဝယ်၊ ဘာသာပြန်၊ ရုံးအလုပ်နှင့် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဟု ထင်ကာ သွားလုပ်ကြခြင်းဖြစ်သည်ဟု​ ထိုနေရာများတွင် အလုပ်သွားလုပ်ပြီး ပြန်လာသူများက ပြောသည်။

သို့သော် ၎င်းတို့ ထင်မြင်တွေးထားသည်နှင့် မြေပြင်တွင် အကွာကြီးကွာခြားနေသည်ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်၊ လောက်ကိုင်၊ “ဝ”ဒေသ၊ ကိုးကန့်၊ ချင်းရွှေဟော်တို့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်၊ မြဝတီတို့ အပြင် လာအိုနယ်စပ်မြို့များတွင်ပါ မြန်မာလူငယ်များ ရောင်းစားခံနေရသည်ဟု လားရှိုး မြို့က လူကုန်ခံရမှုများ နှင့် ပတ်သက်၍ လိုက်လံဆောင်ရွက်ပေးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်းတွင် အဆိုပါ ငွေလိမ်ဂိုဏ်းများ ပိုမိုများပြားလာသည်ဟု ရှမ်းမြောက်ဒေသက လူကုန်ကူးမှုအရေး စောင့်ကြည့်ကာ ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

၂။ (ကျားဖျံ/ကျားဖြန့်) မြန်မာလူငယ်များ ရောင်းစားခံရသည့် ငွေလိမ်ဂိုဏ်များ

မိုးကုတ်မြို့က လေလေး (အမည်လွှဲ) ဆိုသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးမှာ မြန်မာစာ စကားကို ကောင်း မွန်ကျွမ်းကျင်စွာ မတတ်သော်လည်း တရုတ်စာ စကား အရေး အပြော ကျွမ်းကျင်သူပါ။ သူ့အတွက် မြန်မာ ကျပ်ငွေ ၂၅ သိန်း အထက်ရမည့် အလုပ်ကို သူမ၏ မိခင်ဖြစ်သူ အသိမှတဆင့် အဆက်သွယ်ရခဲ့ခြင်း ဖြစ်သည်။

ညီမက ဗမာစာလည်း ကောင်းကောင်းမတတ်ဘူး။ ရွာမှာဆို အမေနဲ့ ခေါက်ဆွဲရောင်းတယ်။ အိမ်မှာ ကြက် မွေးတယ်နော်။ တခါခါ ကြက်နာကျရင် အကုန်ရှုံးတယ်။ အလုပ်ကို အသေလုပ်လည်း ပိုက်ဆံ မရဘူးနော်။ အခု ဒီအ လုပ်က အမေရဲ့ သူငယ်ချင်း ဆိုင်မှာလာပြောပြတော့ တအိမ်လုံးအရမ်းပျော်သွားတာ။ အဲ့ဒါနဲ့ သိပ်မစဉ်း စားတော့ပဲ တခါတည်းသွားမယ်လို့ ဆုံးဖြတ်ပြီး သွားလုပ်လိုက်တာ။ ဘာသာပြန်အလုပ်လို့ပဲ ပြောတာနော်။ ကျမတို့ ဒီဘက်ဆို သတ္ထုတူးတာတို့၊ ကျောက်တူးတာတို့ရှိတယ် အဲ့လိုမျိုးမှာ ဘာသာပြန်ရမယ်ထင်တာ ဟိုမှာ ရောက်တော့ အဲ့လိုမဟုတ်ဘူးလေ။

မိုးကုတ်မြို့မှ လေလေး ဆိုသူ အမျိုးသမီးငယ်မှာ တရုတ်-လီဆူစပ် ကပြားမလေးတစ်ဦးဖြစ်သည်။ ယခုအခါ တရုတ်-မြန်မာနယ်စပ်အပြင် မြန်မာ-ထိုင်းနယ်စပ်နှင့် လာအိုနယ်စပ်အထိ အလုပ်သွားရောက် လုပ်ကိုင် နေရသည်ဟု ဆိုသည်။ လက်ရှိ လေလေး၏ ဝင်ငွေမှာ တစ်လလျှင် ကျပ် ၃၅ သိန်းမှ ၄၀ ကြားရနေသည်။

ညီမက အိမ်မှာ အကြီးဆုံး အဖေရော အမေရော အရမ်းအသက်ကြီးပြီ။ ဒီအလုပ်မလုပ်ရင်လည်း ဘာလုပ်ရ မှာ လဲနော်။ ဗမာစကားလည်း ကောင်းကောင်းမတ်ဘူး။ လီဆူလိုတတ်တယ်၊ တရုတ်လိုတတ်တယ်။ အဖွားရဲ့ ကျေး ဇူးကြောင့် တရုတ်စာသင်ခဲ့ရလို့ အခု အလုပ်ကောင်းတာ။ ညီမက အခုဆိုရင် မိုးကုတ်မှာ အိမ်လည်း ဝယ် ထားပြီ။ အခု နောက်ထပ် နှစ်နှစ်လောက်လုပ်ပြီးရင်တော့ ထွက်မယ်လို့ စဉ်းစားထားတယ်။ တခါခါ လူတွေကို လိမ်ရ တာ သိပ်စိတ်ထဲမှာ မပျော်လို့လေ။ ညီမအခုလုပ်တဲ့အလုပ်က ဒီ ကျားဖျံပေါ့ တရုတ်လို၊ တကယ်တော့ ငွေလိမ်ရတဲ့ ဟာပေါ့။

ကျားဖျံ ဟုခေါ်သည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများတွင် လေလေးအပြင် အခြားသော မြန်မာနိုင်ငံအနှံ့က လူငယ် များ နေ့စဉ် လူကုန်ကူးရောင်းစားခံနေရသည်ဟု လားရှိုးမြို့က လူကုန်ခံရမှုများ နှင့် ပတ်သက်၍ လိုက်လံဆောင် ရွက်ပေးသူ အမျိုးသမီးက ပြောသည်။

ကျားဖျံဆိုတော့ ငွေလိမ်တဲ့လုပ်ငန်းပါ။ ဒီနိုင်ငံခြားသားတွေကို အွန်လိုင်းကနေ တဆင့် စီးပွားရေး အတုတွေက ပြောပြီးတော့ ငွေလွှဲခိုင်းတယ် အဲ့လိုမျိုးပေါ့။ ငွေလိမ်ရတာပေါ့။ ညပိုင်းဆိုရင် အနောက်တိုင်းက လူတွေကို လိမ်ရတယ်။ နေ့ပိုင်းဆိုရင်တော့ အာရှတိုက်ကလူတွေကို လိမ်ရတယ်။ သူဌေးတွေကို ပြစ်မှတ်ထား​​ပြီး လိမ်ရ တာ။ လိမ်တဲ့လူတွေက ကွန်ပြူတာကနေ ယောက်ကျားလေးတွေက မိန်းကလေးပုံစံလုပ်ပြီး ပြောင်းပြီး လိမ်ရ တာ။ သူတို့လိမ်ချင်တဲ့ ပုံစံပေါ့ တခြား အကောင့်တွေနဲ့ မိန်းကလေး ဟန်ဆောင်ပြီးတော့ လိမ်ရတာ။

ကျားဖျံဟု ဆိုသည့် ငွေလိမ်ဂိုဏ်း ကုမ္ပဏီများမှာ နိုင်ငံခြားသား သူဌေးများထံ အွန်လိုင်းမှ ငွေလိမ်ယူရခြင်း ဖြစ်ပြီး မိန်းမငယ်လေးများ ပုံစံဖြင့် လိမ်လည်လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ထိုနေရာတွင် အလုပ်လုပ်နေ သူများက ပြောသည်။

အမျိုးသားများ အလုပ်သမားများကို အမျိုးသမီး အသွင်သဏ္ဍာန်ပြောင်း၍ ငွေလိမ်လည်ခိုင်းသည့်အပြင် အမျိုး သမီးငယ်များမှာလည်း တစ်ဖက်လိမ်ရမည့်သူကို Sex Chat ပေးရခြင်း၊ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများ ပြရခြင်း များပါ လုပ်ရသည်ဟု မိုးကုတ်မြို့က လေလေးက ပြောသည်။

အလုပ်သမားတစ်ဦးလျှင် အနည်းဆုံး ဖုန်း ၃ လုံးမှ ၅ လုံး၊ အချို့ဆိုလျှင် ၁၀ လုံးအထိ ကိုင်ရသည်ဟု ဆိုသည်။ ကွန်ပြူတာ တစ်လုံးပါပေးထားသည်ဟု ဆိုသည်။ စကားပြောစရာမလိုဘဲ အွန်လိုင်းမှာ အင်္ဂလိပ်စာ ရိုက်ထည့် ပြီး ငွေလိမ်ရခြင်း ဖြစ်သည်။

အလုပ်ချိန်မှာ နေ့ဆိုင်းနှင့် ညဆိုင်း နှစ်ဆိုင်းရှိသည်။ ဖုန်းပေါင်းမြောက်များစွာအပြင် ကွန်ပြူတာရှေ့တွင် နေ့စဉ် ရက်ဆက် နာရီပေါင်းများစွာ ငွေလိမ်လည်ရသည့် အလုပ်ကို အလုပ်သမားအများစုက မလုပ်ချင်ဘဲ လုပ်နေကြ ရသည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ထွက်ပြေး၍ လွှတ်မြောက်နိုင်မည့် လမ်းမရှိသောကြောင့် ဟု ဆို ကြသည်။

၃။ နှိပ်စက်တတ်သော တရုတ်သူဌေးများ အဆိုပါ ငွေလိမ်ဂိုဏ်းများမှာ အွန်လိုင်းတွင် အကောင့်အတုများ ဖွင့်ပြီး အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ပြင်သစ်၊ ကာတာ၊ မလေးရှားတို့အပြင် အများစုမှာ ချမ်းသာသည့် နိုင်ငံများက လူများကို လုပ်ငန်းအတုများ ပြပြီး ငွေကြေးရင်းနှီးမြှုပ်နှံဖို့ လိမ်လည်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ငွေမလိမ်နိုင်ရင်လည်း အလုပ်ချိန်က ထပ်ထပ်တိုးတာတဲ့။ ဥပမာ အလုပ်ချိန် ၈ နာရီပေါ့နော်၊ သတ် မှတ်ချက် အတိုင်း ငွေမလိမ်နိုင်ရင် အလုပ်ချိန်ကို ၉ နာရီ၊ ၁၀ နာရီ၊ ၁၁၊ ၁၂ အဲ့လိုမျိုး တိုးတိုးသွားတာတဲ့။ လုံးဝ မလုပ်နိုင်တော့တဲ့ အခါဆိုရင်လည်း ကွင်းထဲမှာ ပတ်ပြေးခိုင်းတာတို့၊ ထိုင်ထ အခါ ၁၀၀ ကနေ ၃၀၀ အထိလုပ် ခိုင်းတာတို့၊ ပြီးရင် ဘာဆေးလည်းမသိဘူး တိုက်သေးတယ်တဲ့။ ဆေးက အရမ်းစပ်တယ်လို့ပြော တယ်။ အနံ့က ပိုး သတ်ဆေး အနံ့လိုမျိုးတဲ့ အဲ့ဒါတွေ စားခိုင်းတယ်တဲ့။ ထမင်းစားခွင့် ပိတ်ခံရတာတို့၊ ထမင်းစားကတ်တွေ သိမ်းခံရတာတို့ ရှိတယ်လို့လည်း ပြောတယ် လားရှိုးမြို့က လိုက်ပါဆောင် ရွက်ပေးသူ အမျိုးသမီးက ပြော သည်။

ငွေလိမ်ဂိုဏ်းများတွင် အလုပ်သမားများကို တိုက်သည့် ဆေးမှာ မည်သို့သော ဆေးဖြစ်သည်ကိုမူ ယနေ့အချိန်ထိ မသိသေးပေ။ ထို့ကြောင့် မည်သို့သော် သက်ရောက်မှုမျိုးရှိသည်ကိုလည်း မသိရသေးဘူးဟု ဆိုသည်။

အလုပ်ချိန် သတ်မှတ်ကာလ အတွင်း သတ်မှတ်ထားသည့် ငွေကြေးပမာဏမရရှိပါက အချို့ကို ပြစ်ဒဏ်ပေးခြင်း နှင့် နှိပ်စက်ခြင်းများလည်း ရှိသည်ဟု ဆိုကြသည်။

ဝ ဒေသ မိုင်းပေါက်တွင် ရောင်းစားခံရသူ ၁၉ ဦးအနက် တစ်ဦးမှာ အခု ရောင်းစားခံထားရတဲ့ အထဲမှာ မောင် ပြည့်စုံဦးဆိုတဲ့ တစ်ယောက်ပါတယ်။ အဲ့တစ်ယောက်က အရင်တုန်း က ဆိုင်ကယ်အက်စီးဒန့်ဖြစ်ပြီးတော့လေ ပေါင်ကျိုးထားတာပေါ့။ အဲ့ကောင်လေးက အခု ဒီကျားဖျံဆိုတဲ့ ငွေ လိမ်တဲ့လုပ်ငန်းမှာ ငွေမလိမ်နိုင်ဘူးပေါ့ မလုပ်ချင်ဘူးပေါ့ ထွက်ချင်တယ်လို့ပဲ ပြောတာနဲ့ ခဏခဏ ပြစ်ဒဏ် ပေးခံရတယ်လို့ ပြောတယ်။ ထထိုင်တွေ ရာချီလုပ်ရတယ်တဲ့။ အဲ့ဒါသူက ပေါင်ကျိုးထားတော့ အရမ်းနာတယ်လို့ ပြောတယ် သီပေါမြို့က လူငယ် တစ် ဦး၏ အစ်ကိုတော်စပ်သူက ပြောသည်။

အဆိုပါ လူလိမ်ဂိုဏ်းကုမ္ပဏီများတွင် အလုပ်လုပ်ချင်၍ ထွက်ပြေးသူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း၊ ဒဏ်ခတ်ခြင်း၊ ကျဉ်စက်များဖြင့် ထိုး (တို့) ခြင်း၊ အစာမကျွေးဘဲ ထားခြင်း၊ တစ်နေရာမှ တစ်နေရာ အပြောင်း အရွှေ့တွင်လည်း ညအချိန်မတော် ပြောင်းရွှေ့ခြင်းများကို လုပ်လေ့ရှိသည်ဟု ဆိုသည်။

၄။ ဒေသ မိုင်းပေါက်တွင် ရောင်းစားခံလိုက်ရသည့် လူငယ် ၁၉ ဦး၏ နောက်ဆုံးအခြေအနေ


“ဝ” ဒေသအတွင်း ရောင်းစားခံထားရသည့် လူငယ် ၁၉ ဦးက နေရပ်ကို ပြန်လာနိုင်ရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု မိသားစုဝင်များက ပြောသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမကုန်ခင် ၁၅ ရက် လောက်မှာ သူတို့က သတင်းဌာတွေနဲ့လည်း ဆက်သွယ်တယ်၊ ဝ ဆက်ဆံရေးရုံးကိုလည်း ဆက်သွယ်တယ်။ အဲ့လိုမျိုးတွေ လုပ်လို့ဆိုပြီး အခု သူဌေးတွေက ကလေးတွေရဲ့ ဖုန်းတွေလည်း အကုန်သိမ်းသွားတယ်။ အဓိက သတင်းပေးတယ်ဆိုပြီး သိမ်းလိုက်သွားတာ။ အဲ့အချိန်ကနေ အဆက်သွယ်ပြတ်သွားတယ်။ ဒီ ဇန္နဝါရီလမှာ အဆက်အသွယ် ပြန်ရတယ်။ သူတို့ ဖုန်းပြန်ရလို့တော့ မဟုတ် ဘူး။ သူတို့ ကုမ္ပဏီထဲမှာရှိတဲ့ ဖုန်းနဲ့ဆက်လာတာဗျ။ တခြားဝန်ထမ်းတွေကိုတော့ ပေးကိုင်တယ်။ ဒီ ၁၉ ယောက် ကိုတော့ ပေးမကိုင်ဘူး။ တခုဒီတလော အဆက်အသွယ်ပြန် ပြတ်သွားပြန်ပြီ ဟု  ပြောသည်။

၎င်းလူငယ် ၁၉ ဦး အရောင်းစားခံရသည့် ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းက သတင်းဌာနများထံ သတင်းပေးခဲ့သည့်အပြင် ရဲစခန်းကိုလည်း ဖုန်းဆက် အကြောင်းကြားခဲ့သည့်အတွက် ကုမ္ပ ဏီဘက်က အဆိုပါလူငယ်များ၏ ဖုန်းများကို သိမ်းယူလိုက်သောကြောင့် အဆက်အသွယ် ပြတ်သွားခဲ့ သည်ဟု မိသားစုဝင်များက ပြောသည်။

ရောင်းစားခံရသူ တစ်ဦး၏ ဖခင်ကလည်း “မိဘတွေအနေနဲ့ စဉ်းစားမိတာ တစ်ခုက ဒီကုမ္ပဏီတွေက အာ ဏာပိုင်တွေနဲ့များ ချိတ်ဆက်ထားမလားပေါ့ နော်။ စိုးရိမ်တာပေါ့။ ကလေးတွေကလည်း အဲ့ဒါကို စိုးရိမ်တာ။ ထွက်ပြေးချင်တာလည်း မထွက်ပြေးရဲဘူးပေါ့၊ အဲ့အပိုင်းကို မစဉ်းစားသေးဘူးပေါ့နော်။ အခုက ကုမ္ပဏီက ၃ ခုရှိပြီ ပြောင်းခံရတာကဟု ဆက်ပြောသည်။

ထို လူငယ် ၁၉ ဦးက “ဝ” ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့နယ်အတွင်း ရောင်းစားခံရသည်နှင့် ပတ် သက်၍ လားရှိုးမြို့ရှိ လူကုန်းကူးမှု တိုက်ဖျက်ရေးနှင့် ဌာနဆိုင်ရာများကို တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းမထူးလာခြင်းကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ကျနော်တို့ လားရှိုးက လူကုန်တားရော၊ ရဲစခန်းကိုရော တိုင်ထားတယ်။ နှစ်ခါရှိပြီ။ လွန်ခဲ့တဲ့ နိုင်ဝင်ဘာတုန်း ကလည်း တိုင်ထားတယ်။ ဒီ ဇန္နဝါရီလ ၅ ရက်နေ့မှာလည်း ထပ်တိုင်ထားတယ်။ ဆက်ဆံရေးရုံးကိုလည်း တိုင် ထားတယ်။ ရဲတပ်ဖွဲ့အနေနဲ့က အဲ့ဒီအထဲကို ဝင်ပြီး လုပ်လို့မရဘူးပေါ့၊ စာပို့ပြီး အကူအညီတောင်းပေးမယ် ပေါ့။ ဆက်ဆံရေးရုံးကတော့ မိုင်းပေါက်ရုံးကို ရောက်ပြီလို့ပဲ ပြောတယ်။ နောက်ထပ် နှစ်ရက် သုံးရက် နေရင် အကြောင်းထူးမယ်ပေါ့ ဒါပေမယ့် အခုထိ ဘာမှ အကြောင်းမကြားလာဘူးပေါ့နော် ဟု သီပေါမြို့က ရောင်းစားခံလိုက်ရသည့် လူငယ်၏အစ်ကိုဖြစ်သူက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးအခြေစိုက် “ဝ” ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပေ။

ထို့ကြောင့် အဆိုပါ လူငယ်များ ပြန်လည်လွတ်မြောက်လာနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန် ဆုံးကူညီပေးစေချင်သည်ဟု သီပေါမြို့က အရောင်းစားခံရသူများ၏ မိသားစုများက တောင်းဆိုနေ ကြသည်။

နယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းများမှာ လူမှောင်ခိုကူးမှုများနှင့် ဆက်စပ်နေသောကြောင့် ပြင်းပြင်းထန်ထန် တားမြစ်ထားသော်လည် စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်၍ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသည့် အပြင် လူကုန်ကူးခံရသူများ၏ စာရင်းများကို ကောက်ယူနိုင်ခြင်း၊ ကူညီဖြေရှင်းပေးခြင်းများလည်း တစ်စုံ တစ်ရာ မရှိတော့ ဟု လိုက်ပါကူညီပေးနေသူများက ပြောသည်။

၅။ အန္တရာယ်ကို ကြည့်ရှောင်ရမည့် လူငယ်များ

ယခုကဲ့သို့ အွန်လိုင်း လူလိမ်လုပ်ငန်းများမှာ တရုတ်နယ်စပ်တွင်သာမက ထိုင်းနယ်စပ် မြဝတီမြို့၊ ရွှေကုက္ကိုလ် မြို့များတွင်လည်း အကြီးအကျယ် လုပ်ကိုင်နေကြသည်ဟု သတင်းများက ဆိုပါသည်။ မလေးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေက လူငယ်တွေပါ အလိမ်ခံနေကြရသည်။

အနာဂတ်ရှာသော လူငယ်များအနေဖြင့် ငွေကြေးတစ်ခုထဲကိုသာ မကြည့်ပဲ လုပ်ငန်း သဘောသဘာဝနှင့် ပတ် ဝန်းကျင်ကို မျက်ခြေမပြတ်ကြရန် လိုပါလိမ့်မည်။ သို့မှသာ မိုင်းပေါက်ဒေသတွင် ရောင်းစားခံရသော လူငယ် များကဲ့သို့ အခြေအနေဆိုးများကို ရှောင်ရှားနိုင်ပါလိမ့်မည်။

ထိုလုပ်ငန်းများမှာ လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် ဆက်စပ်နေသည်ဖြစ်ရာ အခက်ကြုံလာပါက ကူညီကယ်တင်ရန် ခက်ခဲသည်ဟု ရောင်းစားခံရသော လူငယ်များကို ကူညီပေးနေသူ တစ်ဦး ပြောသည်။

“ကူညီဆောင်ရွက်ပေးဖို့ အစိုးရကိုရော အားလုံးကို တောင်းဆိုထားပေမယ့် ဘာမှ မထူးလာသေးတော့ စိတ်ပူနေရတယ်ဗျ။