• Today is: Wednesday, May 29, 2024

သီးသန့်တွေ့ဆုံမေးမြန်းခန်း

“စစ်ကောင်စီကျင်းပလာနိုင်မယ့် ရွေးကောက်ပွဲပေါ်အမြင်သဘောထား

 ရေဘဝဲ ၊ ဥက္ကဋ္ဌ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) နှင့် တွေ့ဆုံခြင်း

အယ်ဒီတာအဖွဲ့

(၁) မေး။ ။ စစ်ကောင်စီက ရွေးကောက်ပွဲကို ဘာကြောင့် ကျင်းပတာလဲ။

ဖြေ။ ။ စစ်ကောင်စီကရွေးကောက်ပွဲကျင်းပချင်နေတဲ့အချက်နှစ်ချက် ကတော့ (၁) အာဆီယံ နဲ့ နိုင်ငံတကာကို ဒီမိုကရေစီအယောင်ဆောင်နည်းလမ်းအရ ရွေးကောက်ပွဲလုပ်ပါတယ်ဆို တဲ့ဟန်ပြသရုပ်ဖော်ခြင်း၊ (၂) စစ်ကောင်စီသူပုန်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတ  ဖြစ်လိုခြင်း စတဲ့အချက် (၂) ကိုအခြေခံ ပြီးကျင်းပ ချင်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်ခင်ဗျာ။

(၂) မေး။ ။ စစ်ကောင်စီက ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ မြင်သလား။ ဘယ်လို အဖွဲ့အစည်းမျိုးတွေ အများဆုံး ပါဝင်လာမယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ အတုအယောင်ရွေးကောက်ပွဲဆိုတဲ့အတွက် အောင်မြင်နိုင်ချေ လုံးဝမရှိပါဘူးခင်ဗျာ။ ဒါကိုလည်း သူတို့ သိထားပြီးထားဖြစ်ပါတယ်။ အဲ့ဒီအတွက် မယုတ်မာရဲတာ မလုပ်ရဲတာမရှိဘူးဆိုတဲ့ မင်းအောင်လှိုင်ရဲ့ ဆောင်ပုဒ်နဲ့အညီ အခုဆိုအတင်းအကြပ် အကြိုလူဦးရေစာရင်းတွေကြိုတင်ကောက်ယူနေတာမျိုးကို ပြည်သူ တွေ နဖူးတွေ့ဒူးတွေ့ခံနေရပါတယ်ခင်ဗျာ။ အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး ထိန်းချုပ်နယ်မြေတွေမှာတော့ အောင်မြင်နိုင်ချေလုံးဝမရှိပေမဲ့ သူတို့အခုထိ ထိန်းချုပ် ထားတဲ့ မလွတ်မြောက်ဒေသ၊ မြို့ပြတွေမှာတော့ အခြေအနေကို ဆက်လက်စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဘယ်အဖွဲ့အစည်းတွေရွေးကောက်ပွဲဝင်ပြိုင်မလဲဆိုတော့ အာဏာသိမ်းပါလို့ မင်းအောင်လှိုင်ဆီကို လက်မှတ် ထိုးပြီးအစီအရင်ခံတဲ့ လက်ပါးစေပါတီတွေနဲ့ စစ်ကောင်စီလော်ဘီတွေကနေအသစ်ပေါက်ဖွားလာမဲ့ ပါတီအသစ်တွေပါဝင်နိုင်တယ်လို့သုံးသပ်မိပါတယ်ခင်ဗျာ။

(၃) မေး။ ။ ရွေးကောက်ပွဲ မဲရလဒ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဘယ်လို အသုံးချနိုင်လောက်မလဲ။

ဖြေ။ ။ အတုအယောက်ရွေးကောင်ပွဲရလဒ်က (၂)မျိုးပဲရှိပါတယ်ခင်ဗျာ။ (၁) ဘယ်ပါတီနိုင်နိုင် မင်းအောင်လှိုင်ကို သမ္မတခန့်ရန်။ (၂) အနိုင်ရပါတီမှ တင်မြောက်သည့် သမ္မတကို မင်းအောင်လှိုင်မှ ချုပ်ကိုင်ရန်။ အဲ့ရလဒ်ပေါ် မူတည်ပြီး နှစ်ပေါင်း ၂၅ နှစ်ကြာ အရပ်ဝတ်ပြောင်းထားတဲ့ စစ်ကောင်စီက နေဝင်း၊သန်းရွေတို့ထက် ကြောင်ချေးကျတဲ့အတွက်တွေနဲ့ ဆက်လက်အုပ်ချုပ် ပါလိမ့်မယ်ခင်ဗျာ။

(၄) မေး။ ။ ရွေးကောက်ပွဲ နဲ့ မဲရလဒ်ကို ပြည်တွင်း၊ ပြည်ပက အသိအမှတ်အောင် ဘယ်လို လုပ်လို့ ရနိုင်မလဲ။

ဖြေ။ ။ ပြည်တွင်းရော ပြည်ပရောက အရင်ကရော၊အခုရော၊နောင်ရော အသိအမှတ်မပြုပါဘူးခင်ဗျာ။ အသိအမှတ် မပြုတာကို ပြုပါတယ်ဆိုပြီး ဗြောင်လိမ်ဗြောင်ညစ်အကွက်ပဲ သူတို့သုံးမယ်လို့ သုံးသပ်မိ ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ပြည်သူတရပ်လုံး နှစ်ငါးလုံးသပိတ်ဆင်နွဲနေတဲ့ပုံရိပ်ကို ရွေတိဂုံစေတီတေယ်မြတ်ကြီးသို့ ဖူးမျှော်သူဘုရားဖူးများစည်ကားတယ်ဆိုပြီး မြ၀တီကလွှင့်သလိုပေါ့။

(၅) မေး။ ။ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းနဲ့ တော်လှန်ရေးက ဘယ်လို အကျိုးဆက်ဖြစ်လာနိုင်သလဲ။

ဖြေ။ ။ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိူင်တယ် မနိုင်ဘူးဆိုတာက နိုင်ငံရေးအတွက် နောက်ဆုံး ဇာတ်ဝင်ခန်းမ ဟုတ်သလို နွေဦးတော်လှန်ရေးအတွက် အဆုံးသတ်မဟုတ်ပါဘူးခင်ဗျာ။

(၇) မေး။ ။ စစ်ကောင်စီက ရွေးကောက်ပွဲကို မလုပ်နိုင်လို့ရှိရင် အခြား ဘာတွေကို လုပ်လာနိုင်ချေရှိသလဲ။

ဖြေ။ ။ မရှိဖို့များတယ်ခင်ဗျာ။အတုအယောင်ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့နောက်ဆုံးကျည်ဆံလို့ သုံးသပ်မိ ပါတယ် ခင်ဗျာ။ မျက်ခြေမပြတ်ဆက်လက်စောင့်ကြည့်နေရမှာပါခင်ဗျာ။

(၈) မေး။ ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ရေးနဲ့ မဲရလဒ် အသိအမှတ်မပြုရေးအပြင် တပြိုင်နက်ထဲမှာ ဘာတွေကို ဆက်လက်လုပ်ဆောင်သွားသင့်တယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပြည်သူလူထုကလည်း ဓါးမိုးခံရတဲ့တိုင် အတုအယောင် ရွေးကောက်ပွဲ (ခ) လုပ်ပွဲကြီးမကျင်းပနိုင်ရေးအတွက် မတူညီကွဲပြားတဲ့ နည်းလမ်းအဖုံဖုံ၊ စတိုင်အမျိုးမျိုးနဲ့ ဖီဆန်တော်လှန် ချေမှုန်းရမယ့်အပြင်၊ အရင်ကထက် နွေဦးတော်လှန်ရေးကိုပံ့ပိုးပါဝင်ခြင်း၊ ရပ်ရွာကျေးလက် ပြည်သူ အချင်းချင်း ပိုမိုစည်းလုံးစွာရှိခြင်း၊ စစ်ကောင်စီနဲ့ပက်သက်တဲ့နေရာဝန်းကျင်လူပုဂ္ဂိုလ်များနှင့် ပက်သက် ဆက်ယှက် မပြုခြင်း၊ အသွင်ယူသတင်းယူ၍ တော်လှန်ရေးလူမှုကွန်ရက်စာမျက်နှာသို့ သတင်းပေးပို့ခြင်း အစရှိတာ တွေလုပ်ဆောင်ရမှာဖြစ်သလို ယခုထက်ပိုသောနည်းလမ်းသစ်၊ ဗျူဟာသစ်များ ကိုလည်း တွေး တော လုပ်ဆောင်ဖို့လိုအပ်ပါလိမ့်မယ်ခင်ဗျာ။

တစ်သံတည်းညီ တစ်ချီတည်းရုန်းကြပါစို့၊ ပြည်သူ့အရေးတော်ပုံ မုချအောင်မြင်ရမည်။