• Today is: Friday, March 29, 2024

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကျုံဒိုးမြို့နယ်က သက်ကြီးရွယ်အို အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံး 

ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃
ကျုံဒိုးမြို့နယ်အခြေစိုက် ခမရ ၅၄၅ မှ ကျုံဒိုးမြို့နယ်အတွင်းသို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ရက်နေ့က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သက်ကြီးရွယ်အို အမျိုးသမီးမှာ ကျုံဒိုးမြို့နယ် ကျောက်ဖျာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ထိုနေ့တွင် စစ်ကောင်စီတပ်မှ ကျောက်ဖျာကျေးရွာ အတွင်းသို့ လက်နက်ကြီး ၄ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး အမျိုးအစားမှာ ၁၂၀မမ အမျိုးအစားဖြစ်ပြီး ကျေးရွာ အတွင်းရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၇ရက်နေ့မှာလည်း ကော့ကရိတ်မြို့နယ်၊ ကျိုက်သလိုက်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်၏ နေပြည်တော်လေတပ်ဌာနချုပ်မှ SU 30 ဂျက်ဖိုက်တာလေအမျိုးအစားကို အသုံး ပြု ၍ ဗုံးသီး ၁၂လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိပါတယ်။
ကရင်ပြည်နယ် တပ်မဟာ၆နယ်မြေအတွင်း စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို နေ့စဥ်နှင့်အမျှ ရင်ဆိုင်နေရကြောင်း မြေပြင် သတင်း အချက် အလက်များအရ သိရပါတယ်။