• Today is: Thursday, April 18, 2024

CNO/CNDF ထံ စစ်ကောင်စီတပ်သားများ အလင်းဝင်လာပါက ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မည်

ဓါတ်ပုံ-ချင်းအမျိူးသားအဖွဲ့ချူပ်

ဖက်ဒရယ်ဂျာနယ်မြန်မာ (ဖေဖော်ဝါရီလ – ၁၃)

 

စစ်ကောင်စီတပ်သားတွေအနေနဲ့ စစ်ကောင်စီတပ်တွင်း တာဝန်ထမ်းဆောင်လိုခြင်းမရှိဘဲ CNO/CNDF ထံသို့ အလင်းဝင်လာပါက ငွေကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မည်ဟု ချင်းအမျိူးသားအဖွဲ့ချူပ်က ထုတ်ပြန်ထားပါတယ်။

 

ယခင်က စစ်ကောင်စီထံမှလက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်သားနှင့် ရဲ များကို ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် သိန်း (၅၀) ဆုချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ယခုအခါတွင် CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်သူအားလုံးကို ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားပါတယ်။

ဓါတ်ပုံ-ချင်းအမျိူးသားအဖွဲ့ချူပ်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ – ၂၀၂၂ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေပြု ခလရ(၂၆၈) တပ်မှ ကိုယ်ပိုင်အမှတ် တတ-၁၂၈၃၂၄ ကောင်းမိုး ဆိုသူက အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ဘဲ ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံ လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့တာကြောင့် ဆုကြေးငွေ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။