• Today is: Wednesday, May 29, 2024

တိုင်းရင်းသား တော်လှန်လူငယ် အတွေးအသံ | မွန်ပြည်နယ်

မွန်လူငယ် တဦး | မွန်ပြည်နယ်။

(၁) မေး။ ။ လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ အချက်က နွေဦးတော်လှန်ရေးမှာ လူငယ်တွေ ပါဝင်တာက အရမ်းကောင်းတယ်လို့ ကျွန်တော် မြင်တယ်၊၊

(၂) မေး။ ။ လူငယ်အများစုကတော့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် တွန်းလှန် သွားမယ် လို့ ယုံကြည်ထားကြတယ်၊ ဒီအပေါ်လူငယ်တဦးအနေနဲ့ ဘယ်လို မြင်လဲ။

ဖြေ။ ။ အချက်က အဓိက စစ်အာဏာရှင်စနစ်ပျက်သုဉ်းသွားမယ်လို့ ယုံကြည်ထားကြတဲ့အပေါ်မှာ သူတို့ရည်ရွယ်ချက် ကောင်းတယ်၊၊ ဘယ်လိုပြောရမလဲဆိုတော့ သူတို့က လုပ်လည်းလုပ်နေတယ်၊၊

သူတို့အလုပ်က သူတို့ဆုံးဖြတ်ချက်ချတဲ့အတိုင်း သူတို့လုပ်နေတယ်ဆိုတော့ ဒီဆုံးဖြတ်ချက်အတိုင်း အမှန်တကယ် လုပ်သွားဖို့ ပြီးရင် တိုင်းရင်းသားလူငယ်များအားလုံးစည်းလုံးအောင် ဒီထက်ကောင်း အောင် လုပ်သွားရင် ပိုပြီးတော့ကောင်းမယ်လို့ ကျွန်တော်မြင်ပါတယ်၊၊

(၃) မေး။ ။ အထက်က မွေးခွန်းနှင့်ဆက်စပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်း အရင်း တွေက ဘာ တွေ ဖြစ်မလဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိက ကျမယ်လို့ မြင်လဲ။

ဖြေ။ ။ အချက်ကတော့ ကျွန်တော်ထင်တာ စစ်အာဏာရှင်စနစ်အပေါ် ကျွန်တော်ပြောချင်တာက ဒီမဟာဝါဒ ကြောင့် ဒီအာဏာရှင်စနစ်က ရှည်နေတာ ပြီးရင် စိတ်ဓါတ်ယုတ်မာလည်းပါတယ်လို့ အကျဉ်း ချုပ် အနေနှင့် ပြောချင်တယ်၊၊ ဒီအာဏာရှင်စနစ်ကို ပျက်သုဉ်းနိုင်အောင် လုပ်ဖို့ဆိုတာက အဓိကကတော့ တိုက်ပွဲဝင်ရမယ်၊၊ တိုက်ပွဲမှာ ကိုယ်မနိုင်ရင်တောင်မှ သူတို့ယန္တရားလည်ပတ်မှုကိုရနိုင်အောင် ဥပမာ လူငယ်တွေ အခု စစ်တပ်တွေကို ဆန့်ကျင်နေတဲ့ ပုံစံမျိုးက ခရီးရောက်နေတယ်၊၊ ဒါကြောင့် ဒီလိုလုပ်လို့ရတယ်လို့ ကျွန်တော်မြင်ပါတယ်၊၊ တစ်ဆက်တည်း (၃)အချက်မှာပဲ အဓိက နည်းလမ်းက ကျွန်တော်ထောက်ခံတယ်၊၊ ခုလုပ်နေတာက ပစ်သတ်တာ ဒလံလို့ပြောတာက ခရီးရောက်မှာမဟုတ်ဘူး၊၊

စက်ယန္တရား ထွေးအုပ်တို့ လည်ပတ်မနိုင်အောင် ထွေးအုပ်ဌာနကတစ်ခု၊ ပြည်ထဲရေးအောက်မှာ ဌာနတွေအားလုံး စက်ယန္တရားမလည်ပတ်နိုင်အောင် လုပ်နိုင်ရင် စစ်တပ်တွေရဲ့သက်တမ်းသွားလို့ရမှာ မဟုတ်ဘူး ခက်ခဲမှူတွေ ရှိလာနိုင်တယ်၊၊ ဒါက နည်းလမ်းကောင်းတစ်ခုဖြစ်တယ်၊၊ သူတို့ ထွေးအုပ်ဌာန တွေကို ဦးတည်ထားပြီး ပျက်စီးအောင် လုပ်နိုင်အောင် အင်အားတွေ ပိုပြီးမြင့်တင် စေချင်တယ်၊၊

(၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ပုံစနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။

ဒီအချက်ကတော့  ရှင်းပါတယ်၊၊ ဖက်ဒရယ်စနစ်နှင့် သွားရမယ်၊၊ ပြည်ထောင်စုနဲ့သွားရမှာပဲ ဒါကတော့ ကိုယ့်ပြည်နယ်နဲ့ကိုယ်အုပ်ချုပ် အဲထဲမှာဆို ဗမာပြည်နယ်ပြောပြော တိုင်းရင်းသားကြီးပြည်နယ်ပြောပြော ရှိရမယ်၊၊ ဒါက သူတို့ စေတနာ ကျယ်ပြန့်ရမယ်၊၊  နိုင်ငံရေးစနစ်က ဖက်ဒရယ်စနစ်နဲ့ပဲ သွားရမယ်၊၊ ခုခေတ်လူငယ်တွေ လှုပ်ရှားနေတဲ့အတိုင်း အကောင်အထည်ဖော်ရမယ်၊၊

(၅) မေး။ ။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေးကြော်နေကြပြီ အောင်မြင်မှုဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို့ မြင်လဲ။

ဖြေ။ ။ အချက်ကတော့ တစ်ယောက်ထဲလည်း အလုပ်လုပ်လို့မရဘူးလေ၊၊ ကျွန်တော်တို့ပြောနေတာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မယ် ဖြစ်ဖို့ဆိုတာက သူသူ၊ကိုကို ပါဝင်လုပ်ဆောင်ရမယ်၊၊ နိုင်ငံရေး အခင်းအကျင်း လူငယ်တွေမှမဟုတ် အလွှာပေါင်းစုံ ပါဝင်လာဖို့က တော်လှန်ရေးသမားတွေ (NUG) ပြောပြော၊ တိုင်းရင်းသားအင်အားစုပြောပြော အင်အားတွေ စုဆောင်းရမယ် အားလုံးအတူတကွ ပါဝင် လာဖို့ လိုတယ်၊၊

(၆) မေး။ ။ စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘော ထားမျိုးရှိလဲ။

ရွေးကောက်ပွဲက သူတို့ စေတနာရှိပြီး သူတို့လုပ်တာ မဟုတ်ဘူး၊၊ ပုံစံတစ်ခုပဲ သူတို့ပြောထားတယ် အာဏာသိမ်းတုန်းက သူတို့ပြောထားတာရှိတယ်ဆိုတော့ အဓိက စေတနာနဲ့ သူတို့လုပ်ချင်တာ မဟုတ်ဘူး၊၊

အခုလက်ရှိက အာဏာထိန်းထားတာ ဒီအာဏာထိန်းနေတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်ပေးဖို့ ၊ ရွေးကောက်ပွဲလုပ်လို့မရရင်လည်း သူတို့အာဏာပြန်သိမ်း အနည်းဆုံ(၁၀)နှစ် (သို့) (၅)နှစ် သွားဦးမှာပဲ သူတို့က စစ်သက်တမ်းရှည်လေ ပိုပျော်လေပဲ၊၊ ကျွန်တော်အနေနှင့် ရွေးကောက်ပွဲအပေါ်မှာ ယုံကြည်မှု လုံးဝမရှိဘူး၊၊