• Today is: Thursday, March 28, 2024

တိုင်းရင်းသား တော်လှန်လူငယ် အတွေးအသံ

ကိုသက်မှူးလွင်

ခြောက် ကျောင်းသားသမဂ္ဂ (ဥက္ကဌဟောင်း)

ဗမာလူမျိုး၊ မကွေးတိုင်း။

(၁) မေး။ ။ လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ လူငယ်တွေကြောင့် တော်လှန်ရေးက ဒီလောက်အထိ ရှေ့ရောက်လာတယ် လို့ဖြေရမှာ ဘာလို့ဆိုတော့ သိတဲ့အတိုင်းပဲ လူငယ်တွေရဲ့စိတ်ပိုင်းဖြတ်မှုက ဘယ်လောက်ထိတောင်တာသွားလဲဆိုရင် ၂၀၂၃ ဒီ ၂၁ရာစုမှာ စစ်အာဏာရှင် အမြစ်ပြတ်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ အတူလုပ်ဆောင်နေတဲ့ အတွက် လူငယ်တွေကြောင့် ဒီလေုက်ထိရောက်လာတယ် နောက်တစ်ခု မျိုးဆက်အလိုက် လူကြီး လူငယ်ပေါင်းစည်းမှုကနေပြီးတော့ နွေဦးတော်လှန်ရေးအပေါ်မှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကလည်း ဒိလောက်အထိ ဖြစ်လာတာပေါ့နော် မျိုးဆက်အလိုက်တာဝန်ခွဲဝေတယ် မျိုးဆက်အလိုက် လူငယ် နိုင်ငံရေး သမားတွေပေါင်းစုထားတဲ့ ထုနဲ့ထည်နဲ့ ခုခံတွန်းလှန်နေကြတဲ့ အတွက် တော်လှန်ရေးက ဒီလေညက်အထိ ရှေ့ရောက်လာတာပါပဲ။

(၂) မေး။ ။လူငယ်အများစုကတော့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် သွားမယ် လို့ ယုံကြည်ထားကြတယ်၊ ဒီအပေါ်လူငယ်တဦးအနေနဲ့ ဘယ်လို မြင်လဲ။

ဖြေ။ ။ နွေဦးတော်လှန်ရေးက သေချာတာတော့ ကျနော်တို့ ဒီ၂၁ ရာစုမှာ မြန်မာနိုင်ငံရဲ့ စစ် အာဏာရှင် သမိုင်းက နောက်ဆုံးဖြစ်ရမယ်လို့ အားလုံးလည်း ကြွေကြော်ထားတယ်လေ ဒါကြောင့်မို့လို့ ထုနဲ့ထည်နဲ့ လုပ်လာတဲ့ cdm တွေရှိတယ် ထုနဲ့ထည်နဲ့ ဒါကို ဆန့်ကျင်နေတဲ့ လူငယ်အများစုရှိတယိ  ပြည်သူလူထုကလည်း ဒီ အပေါ်မှာ လက်မလျော့ဘူး ဇွဲသတ္တိနဲ့ ဒီလောက် ရှေ့ဆက်တိုးတယ်။

နောက်တစ်ခုက စစ်အာဏာရှင်ရဲ့ ယုတ်မာမှုက ဘယ်လောက်အထိလဲဆိုရင် ဒုက္ခသည် စခန်းကို ဗုံးကြဲတာမျိုး church ကျောင်းတွေကို ဖျက်စီးတာမျိုး ဘုရားကျောင်း တွေ ဘာမှမဆိုင်တဲ့ ဆေးရုံတွေကိုသွားပြီး လုပ်တာမျိုး ဒါတွေ ဂျီနိဗာကိုအတိအကျ ချိုးဖောက်မှုတွေ ဒီအပေါ်မှာ ပြည်သူလူထုနဲ့ လူငယ်အများစုက ကောင်းကောင်း handle လုပ်သွားနိုင်ပြီးတော့ သူတို့ရဲ့ နှိပ်စက်မှုတွေကို ဖိနှိပ်မှုတွေကို ကြောက်ရွံအောင်လုပ်တဲ့ အရာတွေအပေါ်မှာ ဘယ်သူမှ ဂရုမစိုက်ပဲ အခုချိန်ထိ အန်တုနေဆဲပေါ့နော်။

ဘာကြောင့်လဲဆိုတော့ cdm အများစု သွားကြည့်လို့ရှိရင် လူငယ် cdm အများစုကိုတွေ့ရတယ်ပေါ့နော် လူကြီးပိုင်းထဲက cdm ဆိုတာ အချိုးအစားရ နည်းတယ်ပေါ့ နောက်တစ်ခုက နွေဦးတော်လှန်ရေးထဲမှာ အဖိနှိပ်ခံ အဖမ်းဆီးခံ နောက်ဆုံး အသက်တွေ စတေးသွားသည်အထိ သွားကြည့်ရင် လူငယ်အများစု လူလတ်ပိုင်း အများအစား စုကို သွားတွေ့ရတယ်။

ကျနော်တို့ရဲ့ ဒီလောက်ထိတောင် သူ့ရဲ့ နှိပ်စက်မှု မတရားအဓမ္မ ကျင့်မှုတွေ အတွက် အခုချိန်ထိ ကြံကြံခိုင်တော်လှန်ပြီးတော့ ရင်ဆိုင်ပြီးတော့ နောက်ဆုံး လက်နက်ကိုင်တော့်လှန်ရေူအဆင့် ကူးပြောင်းသွားတဲ့ နွေဦးတော်လှန်ရေး အပေါ်မှည အားရတယ် ထောက်ခံတယ် သို့ပေမယ့် ဒီထက်ပိုပြီး စည်းလုံးဖို့လိုတယ် လူငယ်ထု အနေနဲ့ စည်းလုံးဖို့လိုတယ် ဒါကို ဦးဆောင်နေတဲ့ လူငယ်ပိုင်းနဲ့ လူကြီးပိုင်းခြားမှာ သဘောတရားရေးရာ မျှတစွာ နားလည်မှုတွေ အပေးအယူတွေလည်း လိုသေးတယ်။

နောက်တစ်ခုအနေနဲ့က ရှိပြီးသားတိုင်းရင်းသား လ့်နက်ကိုင်တွေအနေနဲ့ လည်း ဒီထက်ပိုပြီး ပံ့ပိုးကူညိအားပေးမှုတွေလိုတယ် အားလုံး တစ်သံတည်းထွက်သွားပြိး ဆုံးဖြတ်တစ်ခု တည်းကျသွားတဲ့ တစ်ချိန်မှာ အောင်မြင်မှု ပန်းတိုင်က နီးသထကိ နီးလာတယ်လို့ မြင်ပါတယ်။

(၃) မေး။ ။ အထက်က မွေးခွန်းနှင့်ဆက်စပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့အကြောင်းအရင်းတွေက ဘာ တွေ ဖြစ်မလဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိကကျမယ်လို့ မြင်လဲ။

ဖြေ။ ။ အာဏာရှင် သက်ဆိုးရှည်ရတဲ့ အကြောင်းက ဘယ်အပေါ်မှာ အခြေခံလဲဆိုရင် သွေးခွဲ အုပ်ချုပ်တဲ့ အပေါ်မှာ အခြေခံပါတယ် ဘယ်နေရာမှာသွေးခွဲလဲဆိုရင် လူမျိုးရေးအရသွေးခွဲတယ် ကျနော်တို့ နိင်ငံမှာ ဌာနေတိုင်းရင်းသား လူမျိုးစုတွေ အများကြီးရှိပါတယ် ဌာနေတိုင်းရင်းသား လူမျိုးတို့သည်  ဘာသာစကားမတူဘူး ကိုးကွယ်တဲ့ ဓလေ့မတူဘူး ဘာသာတရားမတူဘူး ဒီလိုမတူညိတဲ့ အပေါ်မှာ အကျိုးစီးပွားပေါ် အခြေခံပြီး သွေးခွဲတယ် ဘာသားရေးအရ သွေးခွဲတယ်။

လူမျိုးရေးအရသွေးခွဲတယ် နယ်မြေပိုင်ဆိုင်မှုအရသွေးခွဲတယ် ဥပမာ ရှမ်းဆိုလို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း ၄ တိုင်း သတ်မှတ်ပေးတာမျိုး၊ စစ်တပ်က အားသာတဲ့ လူမျိုးစုအပေါ်ဆက်ဆံတာ တစ်မျိုး အားနည်းတဲ့ သူအပေါ်ဆက်ဆံတာတစ်မျိုး သူတို့ အကျိုးစီးပွား မူတည်တဲ့သူကို ဆက်ဆံတာ တစ်မျိုး သူတို့အကျိုးစီးပွားအပေါ် မမူတည်တဲ့သူကိုဆက်ဆံတာ တစ်မျိုး။

ဒီလို ခွဲခြားအုပ်ချုပ်နေခြင်းက စစ်အာဏာရှင်ရဲ့ သက်ဆိုးရှည်စေရဲ့အကြောင်းပဲ။ စစ်တပ်က မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြု အင်စတီကျူးရှင်းလို့ သူတို့ကိုသူတို့ ခံယူထားတယ် သူတို့ အကျိုးစီးပွားရှိရာ ေဆွမျိုး ကောင်းစားရေး မူဝါဒကို ပဲ ကျင့်သုံးတယ် အဲ့ဒိ အပေါ်မှာ အခြေခံပြီူတော့ သက်လျှိုတယ် သွေးခွဲတယ် propaganda လုပ်တယ် ပညာရေးမပြည့်ဝတဲ့ ဒေသတွေမှာဆို လူမျိုးရေးမှိုင်း ဘာသာရေး မှိုင်းတိုက်တယ်။

အဲ့ဒါတွေကို စနစ်တကျ ကျော်လွှားနိုင်မယ် တော်လှန်ရေး ပေါ်မှာပဲ တစိုက်မက်မက် အာရုံစိုက်မယ် ဆိုတဲ့ အချိန်က စစ်အာဏာရှင် လုံးဝ အမြစ်ပြတ်တဲ့ အချိန်ပါပဲ နောကိတစ်ခုက ဒီထက်ပိုပြီးစည်းလုံးဖို့လိုတယ် ဘုံရန်သူကို သိဖို့လိုတယ် ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ခံစားမှုတူတယ် ချင်းတွေ ရခိုင်တွေလည်း စစ်အာဏာရှင် နှိပ်စက် သမျှခံစားရတယ်။

ဗမာတိုင်းရင်းသားတွေရောပဲ အဲ့ဒါကြောင့် တိုင်းရင်းသားအားလုံး စစ်အာရှင်ကို ဘုံရန်သူအဖြစ် သတ်မှတ်နိုင်ပြီးဆိုတဲ့ အချိန်ရောက်ရင် စစ်အာဏာရှင်ရဲ့ သွေးခွဲမှုကို ကျော်လွှား နိုင်ပြီးဆိုတဲ့ တစိနေ့က နွေဦးတော်လှန်ရေး အောင်မြင်တဲ့နေ့ပဲ။

(၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ပုံ စနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။

ဖြေ။ ။ အားလုံးသိတဲ့ အတိုင်းပဲ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုတောင်းတယ် ၁၉၈၈ ကတည်းက တစ်ပါတီ အာဏာရှင်စနစ် ကိုဖြုတ်ချပြီးတော့ ဖက်ဒရယ်ယူနစ်ကိုတောင်းတယ် self-determination ကိုတောင်းတယ် ဒါမှ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်မှာပေါ့နော် ဒီစနစ်ကိုအခြေခံမှ ဒီပြဿနာတွေ ချုပ်ငြိမ်းမှ အသေချာပဲဗျ ဒီစနစ်ကိုသွားဖို့ဆိုရင်တော့ အတ္တကို လျော့ ရမယ် ကျနော်တို့ အားလုံးသည် မတူညီသော်လည်း အားလုံးပူးပေါင်း နေထိုင်တဲ့သူမျိုးတွေဖြစ်တယ်။

ဥပမာ ဒေသအသီးသိးမှာမရှိတဲ့ လူမျိုးဆိုတာ မရှိဘူး  ကမ္ဘာကြီး ကိုက မာတီကာချာပေါ့နော် တစ်ဦးတည်း တစ်ဒေသတည်း တစ်နိုင်ငံတည်း ရပ်တည်လို့ရတဲ့ အခြေခံ မဟုတ် တော့ဘူး ရာစုနှစ်တွေလည်း ပြောင်း မာတီကာချာ စစ်စတန် ကို ကမ္ဘာကြီးကိုယ်၌ မတူကွဲပြားမှု အသွေး ရောင်ကွဲပြားမှုကို လက်ခံ ထားတဲ့ အတွက် သူ့လူမျိုး သီးသန့်ရပ်တည်ရေး အတ္တကိုလျော့ပြီးတော့ အာဏာရှင် ချုပ်ငြိမ်းကြောင်း နှင့် ကိုယ့်ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အပေါ် အတ္တလေးလျော့ပီး စဥ်းစားကြမယ် ပြီးတော့ ဗဟို အစိုးရဖြစ်သွားတဲ့ အစိုးရ အနေနဲ့လည်း decentralized ကို ဘယ်လိုဖြေလျော့မလဲ ဗဟိုရဲ့ ချုပ်ကိုင်မှုကလည်း တိုင်းရင်းသား တွေအပေါ်မှာ တန်းတူညီမျှ ဆက်ဆံမယ်ဆိုရင် မတည်ဆောက်နိုင်စရာ မရှိပါဘူး မအောင်မြင်နိုင် စရာလည်း အကြောင်းမရှိဘူးလို့ ထင်ပါတယ်ဗျ။

(၅) မေး။ ။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစု က ကြွေးကြော်နေကြပြီ အောင်မြင်မှုဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို့ မြင်လဲ။

ဖြေ။ ။ နွေဦးတော်လှန်ရေးကနေ ဖက်ဒရယ်စနစ်ကိုသွားမယ်လို့ တော်လှန်ရေးအပေါ်မှာ ယုံကြည်သက်ဝင်သူ တော်လှန်ရေး အပေါ်မှာ အားထုတ်နေတဲ့သူက စစ်ကောင်စီကို တော်လှန်ရင်း ဖက်ဒရယ်အုတ်မြစ်ကို ချမှတ်ဖို့ လိုပါတယ်။ အဲဒါမှ ဖက်ဒရယ်ပြည်ထောင်စုကို ချီတက်လို့ရမှာပါ။

တချိန်တည်းမှာပဲ ဖက်ဒရယ်စနစ်ကို တကယ်ကျင့်သုံးဖို့ ဆန္ဒရှိတယ်ဆိုရင် အခုစုဖွဲ့ထားတဲ့ တော်လှန်ရေးအစိုးရရဲ့ စုဖွဲ့မှုတွေမှာ ဖက်ဒရယ် ယူနစ် အယူအဆတွေကို အခြေခံပြီး ပြည်နယ်အဆင့် လုပ်ပိုင်ခွင့်၊ ငွေကြေး စီမံခန့်ခွဲခွင့်တွေကို တရားဝင် သတ်မှတ်ပြဌာန်းပြီး ပြည်ထောင်စုက ပြည်နယ်အဆင့်မှာ ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပဲ ကျင့်သုံးပြဖို့ လိုပါတယ်။ အဲဒီလိုအခင်းအကျင်းတွေကို တည်ဆောက်ကြမယ်ဆိုရင် အမှန်တကယ် ဖက်ဒရယ် ပြည်ထောင်စု အနှစ်သာရကို ရလာမှာပါ။

(၆) မေး။ ။ စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘော ထားမျိုးရှိလဲ။

ဖြေ။ ။ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ က အသိသာကြီးပါ နိုင်ငံတကကလည်း လက်ခံစရာ အကြောင်း မရှိပါဘူး မြန်မာပြည်သူတစ်ခုလုံးကလည်း လက်ခံစရာ မရှိဘူး စောနက ပြောတဲ့ နိုင်ငံရေစအနေနဲ့ အင်မတန် သိက္ခာမဲ့ တယိ အာဏာကို ဒီလိုပုံစံမျိုးနဲ့ ဆက်ကိုင်မယ်ဆိုတာမျိုး တော်လှန်ရေးကို စိတ်ပိုင်းဖြတ်ထားတဲ့ လူငယ်တစ်ယောက်အနေနဲ့က လုံးဝ လက်သင့်ခံလို့ မရဘူး စစ်ခေါင်းဆောင်ပြောတဲ့ သြဂုတ်လမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ ဖြစ်လာပါ့မလားပေါ့။

မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ရှိတာ သူတို့ထိန်းထားတာ ၇၀လောက်ပဲ ရှိတော့တာ သူတို့ထိန်းချုပ်နိုင်တဲ့ နယ်မြေတစ်မျိုး သူတို့ မထိန်းချုပ်နိုင်တဲ့ နယ်မြေမှာတစ်မျိုး ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ သူတို့ ကိုယ်တိုင် ကိုင်ဆွဲထားတဲ့ ဖွဲ့စည်းပုံ နဲ့လည်း ဒိရွေးကောက်ပွဲ စနစ် ကလည်း မသင့်တော်ဘူး သူတို့ လုပ်မယ့် အရာ သူတို့ အာဏာကို တစ်နည်းနည်းနဲ့ ယူမယ့် အခင်းအကျင်း ပါပဲ။

ဒီအပေါ်မှာ ဘာပြောရာရှိလဲဆိုတော့ ဘာမှပြောစရာမရှိဘူး သူတို့လုပ်တာနဲ့ ထိုင်ပြီးတော့ ရယ်နေရုံပဲ အောင်မြင်မှာလည်းမဟုတ်ဘူး သူတို့ရဲ့ ဝါဒ ဖြန့်ချီရေး ယန္တရား ကလည်း ကျရှုံးသွားပြီး အဲ့ဒါ ဘာလဲဆိုတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ အာဏာစသိမ်းကတည်းက သူတို့ ဘယ်လိုပဲ ဝါဒ ဖြန့်ဖြန့် မယုံကြည်ကြဘူး ကျနော်တို့ ပြည်သူက အာ့လောက်ကြီးလည်း မအ ဘူး အဓိက က ဘာလဲဆိုတော့ သူသွားမယ့် အခင်းအကျင်း က ပြည်သူကို အထင်သေးစော်ကားရာရောက်တဲ့ အခင်းအကျဥ်းပေါ့ တော်လှန်ရေးကို လှည့်ပြားပြီးတော့ နိုင်ငံရေး သက်လျှို သွေးခွဲမှုမျိုး ပြုလုပ်တဲ့ အခင်းအကျင်း ပဲ ဒီအပေါ်မှာ ကျနော်တို့က အာရုံစိုက်စရာလည်းမလိုဘူး ပူးပေါင်း ဆောင်ရွက်စရာလည်း မလိုဘူး နောက်တစ်ခုက ဘာလဲဆိုတော့ သူတို့ လုပ်နိုင်မှာလည်း မဟုတ်ဘူးဗျ။