• Today is: Thursday, May 30, 2024

ဒီးမော့ဆိုမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၆ ဦး ကျဆုံး 

ဓါတ်ပုံ – Karenni Revolution Union (KRU)

ဖက်ဒရယ်ဂျာနယ် မြန်မာ မြန်မာ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက၊ ကုန်းသာ ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီက ကင်းလှည့် ထွက်‌ခွာလာစဉ် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) တပ်ဖွဲ့ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှုဟာ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)၏ လှုပ်ရှားစစ်နယ်မြေ ဖြစ်တဲ့ ကုန်းသာ ကျေးရွာအတွင်း ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ညနေ  ၅နာရီ ၂၅မိနစ် မှ ညနေ ၆နာရီခန့်ထိ နှစ်ဖက်တိုက်ပွဲ  ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီ တပ်သား ၆ ဦးခန့် ကျဆုံးခဲ့ပြီး အဆိုပါ စစ်ကောင်စီ တပ်တို့၏ MA-1 သေနတ် တစ်လတ်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည် ၂၂၅ တောင့်ကို ရယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတို့ဟာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကယား(ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု(KRU) တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)၏ လှုပ်ရှားစစ်နယ်မြေများအတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ယခုအတွင်း နှစ်ဖက်တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာနေတယ်လို့ သိရပါတယ်။