• Today is: Thursday, March 30, 2023

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီနဲ့ BGF ပူးတွဲနေထိုင်တဲ့ စခန်းတစ်ခု၊ စီးနင်းတိုက်ခိုက်ခံရ

ဓါတ်ပုံ – BPLA
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ နယ်မြေထဲမှာ တပ်စခန်း ချထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် (BGF) ပူးတွဲနေထိုင်တဲ့ တပ်စခန်းတစ်ခုကို ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်း (၆) နာရီခန့်က တိုက်ခိုက်ခံခဲ့ ရတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy (FFD)တို့ပါဝင်တဲ့ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ခဲ့တာလို့ (BPLA) ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကောင်စီနဲ့ ပြည်သူ့စစ်(BGF) ပူးတွဲနေထိုင်တဲ့ စခန်း စီးနှင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ စခန်းစွန့်ခွာ ထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာမှာတော့ စခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး၊ လက်နက်ငယ် (၂)လက်နှင့် ခဲယမ်း စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။