• Today is: Friday, March 29, 2024

ပင်လောင်းမှာ လက်နက်ကြီးကျလို့ အရပ်သားတဦး အသက်ဆုံးရှုံး

ဓါတ်ပုံ – KNDF
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃
ကယား(ကရင်နီ) ပြည်နယ်ထဲက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပင်လောင်မြို့နယ် တောင်စလုံး၊ မြောက်စလုံးနှင့် ကောင်မဲတင်းကျေးရွာများသို့ ယမန်နေ့ ဖေဖော် ဝါရီ (၂၄) ရက်နေ့က ဖယ်ခုံမြို့နယ် အခြေစိုက် အမှတ်(၇) စစ်ကောင် စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားတဦး ထိခိုက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
အဆိုပါ လက်နက်ကြီးထိမှန် အသက်ဆုံးရှုံးသူဟာ တောင်စလုံးကျေးရွာနေ အသက် (၄၆) နှစ် အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
အာဏာသိမ်းမှုအလွန် စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်၊ အရပ်သား ပစ်မှတ် မခွဲခြားဘဲ အရပ်သားများနေထိုင်တဲ့ ကျေးရွာများနှင့် အရပ်သားပြည်သူများကို ရန်သူသဖွယ်သတ်မှတ်ပြီး ပစ်မှတ် ထားတိုက်ခိုက်မှုများကို ကျယ်ပြန့်စွာ ပြုလုပ်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ပြောဆိုထားပါတယ်။
လတ်တလော်မှာတော့ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်ဟာ တို့၏ ရှေ့တန်း စခန်းများနှင့် ကင်းပုန်းစခန်းများ မကြာခဏဆိုသလို တိုက်ခိုက်ခံရလာတာကြောင့် အဆိုပါမြို့နယ်နှစ်ခု၏ နယ်စပ်တို့မှာ စစ်ကောင်စီတပ်များနှင့် PNO ပြည်သူ့စစ်တပ် ပူးပေါင်းအဖွဲ့တို့က တပ်အင် အား ဖြည့်တင်း လျက်ရှိနေတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားပါတယ်။