• Today is: Saturday, April 20, 2024

ရဲတပ်ကြပ်တစ်ဦး CDF-ဟားခါးထံ CDM ပြုလုပ် 

ဓာတ်ပုံ- Chinland Defense Force-Hakha
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၃
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် ရဲစခန်းက တပ်ကြပ်အဆင့်ရှိ ရဲတပ်သားတဦး လက်နက်နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့( CDF-Hakha )ထံသို့ ယမန်နေ့က CDM ပြုလုပ်လာခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်ပါတယ်။
အဆိုပါ ရဲတပ်ကြပ်ဟာ G3 သေနတ်တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်ဆန်အနည်းငယ်တို့နှင့်အတူ CDM ပြုလုပ်လာတဲ့အတွက် CDF-Hakha တပ်ဖွဲ့က ကျပ်ငွေ သိန်း ၃၀ ဆုချီးမြှင့်ပြီးနောက် လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယခုလအတွင်း ထန်တလန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ စစ်ကောင်စီတပ်သားနှစ်ဦးသည်လည်း ၎င်းတို့ကိုင်ဆောင်သော လက်နက်များနှင့်အတူ CDM ပြုလုပ်ခဲ့တာပါ။
စစ်အာဏာသိမ်းမှုအလွန် ၂ နှစ်ကျော်အတွင်း CDF – Hakah ထံသို့ CDM ပြုလုပ်လာသည့် ရဲတပ် ဖွဲ့ဝင်နှင့် စစ်ကောင်စီတပ်သား စုစုပေါင်း ၄၀ဦး ဝန်းကျင်အထိ ရှိလာနေပြီလို့ သိရပါတယ်။